ဘယ်ဆိုးလို့လဲ…။
ဘလော့ခ်လေးတခု လုပ်ထားတာ အချိန်တွေ ကုန်မှန်းမသိပဲ ကုန်သွားတယ်…။
အရင်က နေလို့မပျော်တဲ့ ရုံးမှာ…
အခုဆို အတော်လေး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေပြီ…။
ကိုယ့်ဘလော့ခ်လေးအတွက် လိုအပ်တာတွေ ဖတ်…
ပြင်လို့ရသလောက် ပြင်ရင်းနဲ့…
ရုံးချိန်လေးကို အကျိုးအရှိဆုံးဖြစ်အောင် အသုံးချတတ်နေပြီ…။
သူများဘလော့ခ်တွေလို ဘာမှလည်း များများစားစား ရှိသေးတာ မဟုတ်ပေမယ့်…
ဘလော့ခ်လေးက ကိုယ့်အတွက်တော့ မှန်တချပ်လို ဖြစ်နေပြီနဲ့ တူတယ်…။
ရုံးရောက်တာနဲ့ အပြေးအလွှား ကွန်ပြူတာဖွင့်…
ပြီးတာနဲ့ ကိုယ့်ဘလော့ခ်လေးကို အရင်ဆုံးကြည့်…
(မဖြစ်စလောက် တင်ထားတာလေးတွေကို အစအဆုံး တလုံးမကျန်ပြန်ဖတ်..)
ထမင်းစားမဆင်းခင် .. တခါပြန်ကြည့် …
နေ့လည် … အလုပ်နဲနဲပြီးတာနဲ့ နောက်တခါ ပြန်ဖွင့်ကြည့် …
ညနေ … ရုံးမဆင်းခင် …
ဘာတွေများ ရေးလို့ရနိုင်မလဲလို့ စဉ်းစားရင်းနဲ့ …
ခပ်ကြာကြာကြည့် …
ဘယ်အချိန်ကြည့်ကြည့်ကို ကျေနပ်နေမိတော့တာပဲ …
ပင်ပန်းတာတွေ အားလုံးကို တကယ် ပြေပျောက်စေနိုင်တာပဲ..။
ဒီခံစားချက်မျိုး ဘလော့ခ်ဂါအသစ်တိုင်း ကြုံဖူးမှာပါ…
ဘာပဲဖြစ်ဖြစ်..
အခုမှစတာ မကြာသေးဖူးဆိုတော့ …
ကိုယ့်ဘလော့ခ်အတွက် ဆန်းသစ်နေသေးတဲ့ ခံစားချက်လေး …
ရင်ထဲမှာ အပျော်တွေအပြည့်နဲ့ ကိန်းအောင်းနေတယ်ဗျာ… ။
ဟုတ်တယ် နိုင်းနိုင်း…blog ရေးတာ စိတ်ရဲ့ထွက်ပေါက်တခုပဲ… ရေးတာတွေ ဖတ်လို့ကောင်းတယ်။ များများရေးပါ။
ReplyDeleteသိပ်မှန်တယ်ဗျာ.
ReplyDeleteကျွန်တော်လည်း အဲလိုမျိုး ခုထိခံစားနေရတုန်းပဲ.
ပို့စ်တစ်ခုတင်ပြီးရင် ပြန်ဖတ်နေတာ မ၀တော့ဘူး.
အောင်မြင်ပါစေဗျာ.