Sunday, October 31, 2010

လမ်း ..။

လမ်းလျှောက်နေရင်း ..
လမ်းပျောက်သွားဖူးတယ် မဟုတ်လား ..
လျှောက်လက်စ လမ်းတွေက ..
စက္ကန့်တိုင်းမှာ တိုတောင်းလာလိုက်ပုံများ ..

အချိတ်အဆက် လွဲချော်နေခဲ့တဲ့ ..
လမ်းပေါင်း များစွာအတွက် ..

ကောင်းကင်ကြီး ပြိုကျလာဖို့ပဲ
ဆုတောင်းလိုက်ရမှာလား ..

တကယ်တော့ ..
မျှော်လင့် အိပ်မက်တွေက ..
ဟို့ လက်တကမ်းလေးတင်ရယ် ..
ရေတိမ်ချောင်းလေး ခြားနေခဲ့တာက လွဲလို့ပေါ့ ..။

... 99 ...
၁ နိုဝင်ဘာ ၂၀၁၀။

Monday, March 8, 2010

... ။

ထုပ်သိမ်း မထားနိုင်တဲ့ .. အနတ္တတွေကို ..
အတ္တ ပုံဆောင်ခဲတွေ အဖြစ် ..
အတင်းကာရော .. ထစ်ပိုင်း ပုံသွင်းနေတဲ့ ..
ဟောဒီ .. ဗင်ပိုင်ယာ ခေတ်ကြီးထဲ ..
မင်းကိုယ်ပိုင် အတ္တတွေကို ..
အနတ္တတွေပါလား ဆိုပြီး ..
နားလည် ပေးဆပ်ရဲတဲ့ .. အသိနဲ့ ..
ညီလေးရေ ..
မင်းအတွက် .. ဂုဏ်ယူမိတယ် .. ။

အတ္တတွေ .. တောင်လို ပုံလာတာကိုမှ ..
ဘ၀ရဲ့ အောင်မြင်မှုလို့ .. သတ်မှတ်နေကြချိန် ..
ပေးဆပ်ရဲတာကမှ ..
ရယူ အောင်နိုင်နေတာမှန်း .. မသိသူတွေကို ..
ခပ်ဆိပ်ဆိပ်ပဲ .. (ဘီယာသောက်ရင်း ..)
ပြုံးကြည့်နေလိုက်ပါကွယ် ..
ခမြာများ .. တကယ် သနားစရာပါ .. ။

... 99 ...
၈ မတ် ၂၀၁၀။