Monday, October 23, 2017

"လိုအပ်သမျှ ..။"


"လိုအပ်သမျှ .." by 99

ဘ၀မှာ ..
များများစားစား ..
မလိုအပ်ပါ ..။



ရိုးရိုးသားသား(နဲ့) ..
ပန်းလေးတပွင့် ..
ပျိုးထောင်တတ်ရုံသာ ..။

-- 99 --

19/ Oct/ 2017

"အသက်ဓာတ် ..။"

"အသက်ဓာတ်" by 99 
ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ 
တနင်္ဂနွေရဲ့  ညနေခင်းဟာ ..
ကားတွေ ပိတ်လို့ ကောင်းနေတုန်း ..။

လျှပ်စီးပန်းခက်တွေ ..
တလင်းလင်း တလက်လက် ..
ဟန်ရေးပြကောင်းနေတဲ့ ..
ဒီလို ညနေခင်းထဲ ..
မိုင်ထောင်ချီ အဝေးက ..
ရေခိုးရေငွေ့လေးရယ် ..
ငါ ..
သတိတရ ရှိနေပါတယ် ..။

-- 99 --
22/ Oct/ 2017

Monday, October 16, 2017

"ပျော်ကျခြင်း ..။"

နှင်းဆီ .. by 99
အတိတ်တချို့  ..
အရည်ပျော်ကျတဲ့ အခါ ..

ချစ်ခဲ့သူလည်း အနားမှာ မရှိ ..
မုန်းခဲ့သူလည်း အနားမှာ မရှိ ..
ကောင်းခဲ့သူလည်း အနားမှာ မရှိ ..
ဆိုးခဲ့သူလည်း အနားမှာ မရှိ ..

မရှိခြင်းတွေဟာ ..
အခါမလပ်သော ..
ရှိခြင်း အဖြစ်သာ ..။

-- 99 --
16/ Oct/ 2017