Wednesday, April 16, 2008

အသစ် ..။

“နှစ်” အသစ်ဟေ့ ..။
..
.
စက္ကန့် အသစ် ..
မိနစ် အသစ် ..
နာရီ အသစ် ..
နေ့ရက် အသစ် .. တွေ .. (မြင်လား ဟိုမှာ ..)
အတွေး အသစ် ..
အမြင် အသစ် ..
စိတ်ကူး အသစ် ..
ခံစားချက် အသစ် ..
ရင်ခုန်သံ အသစ် .. တွေနဲ့ .. (တိုးဝင် ကြည့်ကြရအောင် ..)
ရည်ရွယ်ချက် အသစ် ..
မျှော်လင့်ချက် အသစ် ..
စိန်ခေါ်မှု အသစ် ..
နည်းလမ်း အသစ် ..
ရင်ဆိုင်မှု အသစ် .. တွေအတွက် .. (အဆင်သင့်ပြီလား ..)
.
..
အောင်မြင်မှု အသစ်တွေ ..
(ငါတို့လို ..)
လူသစ် ..စိတ်သစ် .. တွေကို
စောင့်ကြိုနေတယ် ..။

ခြေလှမ်း အသစ်တွေ .. (စ လိုက်ရအောင် ..)
အရောင် အသစ်တွေ .. တလက်လက်နဲ့ ..
လက်တကမ်းက ..
ရွှေရောင် .. အနာဂတ် အသစ်ဆီကို ..။

... 99 ...
၁၇ ဧပရယ် ၂၀၀၈။
(နှစ်ဆန်း ၁ ရက်နေ့)

5 comments:

  1. ဖတ်လို့ လည်းကောင်းတယ် အားမာန်လည်းအပြည့်ပဲ။ ဟေ့ရောင် မင်း ကဗျာဖတ်ပြီး ဖြစ်လာတဲ့ကဗျာလေး နှစ်သစ်လက်ဆောင်ပေးမယ်….

    အသစ် အသစ် နှစ်သစ်မှာ
    စိတ်သစ် လူသစ် စနစ်သစ်နဲ့
    အနာဂတ်အသစ်ကို
    ခြေလှမ်းစဖို့ နောက်ကိုမတွန့်
    ရှေ့သို့ချီကာ ညီညီညာညာ
    သွားကြပါစို့ လာသူငယ်ချင်းတို့။

    ReplyDelete
  2. နှစ်အသစ်ပေါ့ အကိုနိုင်းနိုင်းရေ...း)
    လက်တကမ်းက ..ရွှေရောင် ..
    အနာဂတ် အသစ်ဆီကို ..လျှောက်လှမ်းကြပါဆို့...။

    ReplyDelete
  3. ရင်ခုန်သံ အသစ် so daw umm kaung bar tal :P H`H~.. But anyway, good poem. Hopefully, I'm ready lol.... :)

    ReplyDelete
  4. အားလုံးအသစ်တွေဘဲဆိုရင်
    သစ်လို့မဖြစ်တဲ့အရာတွေအတွက်ရော
    ဥပမာ...အိမ်ထောင်ရှင်တွေဆိုရင်ရော?????????????
    မိန်းမသစ်..ယောကျာ်းသစ်တွေယုရမှာလား
    လို့........မသိလို့မေ.တာနော်.........
    ချိတ်ချိုးနဲ့.........:P

    ReplyDelete
  5. ကဗျာလေးကကောင်းတယ်နော် အားအင်အသစ်တွေနဲ့ ဘ၀ကို လျွောက်လှမ်းကြရအောင်နော်

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...