Monday, April 7, 2008

ခက်တဲ့ မင်း ..။

မင်း ..
ငါ့ကို အနှောင့်အယှက် ပေးလွန်းနေပြီ ..

မင်းကြောင့် ..
ငါ .. အိပ်ရေးတွေ ပျက် ..
မင်းကြောင့် ..
ငါ .. အစားအသောက်တွေ ပျက် ..
မင်းကြောင့် ..
ငါ .. တနေ့တာ လှုပ်ရှားမှုတွေ ပျက် ..
မင်းကြောင့် ..
ငါ .. လူမှုရေးတွေ ပျက် ..
မင်းကြောင့် ..
ငါ .. ပတ်ဝန်းကျင် အလှအပတွေ မငဲ့ကွက် ..
မင်းကြောင့် ..
ငါ .. အပေါင်းအသင်း အသိုင်းအ၀ိုင်းထဲက ထွက် ..
မင်းကြောင့် ..
ငါ .. စာမေးပွဲမှာ ခက် ..

မင်းကြောင့် ..
ငါ့ နေ့တွေ .. ညတွေလည်း ပျက် ..
မင်းကြောင့် ..
ငါ့ နှလုံးသားတွေ .. အေးစက် ..
မင်းကြောင့် ..
ငါ့ အသက်ရှုသံတွေ .. မသွက်လက် ..
မင်းကြောင့် ..
ငါ့ ဦးနှောက်တွေ .. ပေါက်ထွက် ..

မင်းကြောင့် ..

မင်းကြောင့် ..

မင်းကြောင့် ..
..
.
မင်းဆိုတဲ့ .. အင်တာနက်ကြီးရေ ..
ငါ့ ခေါင်းထဲက ထုတ်ပစ်ရလိမ့်မယ် ..
ခဏတဖြုတ် ဖြစ်ဖြစ်ပေါ့ကွာ ..
..

.

မင်း ..
ငါ့ကို အနှောင့်အယှက် ပေးလွန်းနေလို့ပါ ..

... 99 ...
၇ ဧပရယ် ၂၀၀၈။
[
စာမေးပွဲအတွက် စာကျက်နေတုန်းလေး ကြိုးစားထားတာ ..]

5 comments:

  1. မင်းကြောင့် မင်းကြောင့်ပါနော်.......
    အ၇မ်းပဲ ချစ်တတ်ပီ...အရမ်းပဲလွမ်းတတ်ပီ...ဟိဟိ ..အဲဒါတီချင်းနော် တီချင်း ...စာမေးပွဲတွက်စာတွေနဲ့လုံးချာလိုက်နေတာ
    ဆိုတော့ ဆိုပြကြည့်တာပါ...း)
    ဟုတ်တယ် ခဏ ထုတ်ထားလိုက်နော် အကိုနိုင်းနိုင်း ဒါမှ ကေမှာဗျ...း)

    ReplyDelete
  2. မင်းကြောင့်... မင်းကြောင့်နဲ့ စွပ်စွဲချက်တွေ မိုးမွှန်နေတာပဲ.. ဟီးဟီး.. အိမ်လေးဆိုတဲ့ သီချင်းလို ပေါ့ဗျာ.. “မင်းကြောင့်.. မင်းကြောင့်..ပါနော်.. အရမ်းလည်း Chat တတ်ပြီ”... စာမေးပွဲတိုင်း အမှတ်များများနဲ့ အောင်ပါစေဗျာ..

    ReplyDelete
  3. အော်...တော်တော်ခက်တဲ့
    “မင်း”ပါလားနော်...............

    ReplyDelete
  4. ညီရေ
    ကိုထီးသီချင်းလို " အနှာက်အယှက်က ဦးနှောက်ထဲမှာ
    ဖြတ်ပြေးလည်း လွတ်ကိုမလွတ်ပါ ဒါကြောင့်သာ . . . " ခဏလောက် ဝေးဝေး နေမယ် Internet လေးရယ် ပဲလုပ်ပါ ။ စိတ်လည်းမကုန်နိုင်ပဲနဲ့ စိတ်နာသံကြီးနဲ့ ။ :)
    စာမေးပွဲ အဆင်ပြေပါစေဗျာ ။

    ReplyDelete
  5. ဟာဗျာ..... အတော်နောက်.....
    ဒီက ဇယ်ကြူနေတာမှတ်လို့ Feeling
    အပြည့်နဲ့ ဖတ်နေတာ....D;
    ပြီးခါနီးမှာ ကိုယ်တော်က Internet
    ဆိုပြီးလျှောချသွားတယ်...D;
    လျှော့ Chat ဟေ့....ဟီး....ဟီး

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...