Sunday, March 16, 2008

သံစဉ်အို ..။

ညကတော့ မအေးပါ ..
လက ဖွေးနေတယ် ..
ဂစ်တာအိုလေး ဆွဲလို့ ..
သံစဉ်တွေ ကြဲခဲ့တယ် ..
(ချစ်သူလေး အိမ်ရှေ့နားဆီ ..)
ဟိုးးး ... ခပ်ဝေးဝေး .. ရာစုနှစ်တွေတုန်းကပေါ့ ..။

လေတိုးသံ တရှဲရှဲနဲ့ ..
အော်နှိုးလို့ ဟဲကြရင်တော့ ..
သံစဉ်တွေ .. ၀ဲထ ကခုန်လာတတ်သတဲ့ ..
ပြတင်းလွှာ ဇာပုဝါကို ..
လေပြေနု ဖြတ်စဉ်က ..
ချစ်သူရေ .. မင်း .. ကြားမိပါစ ..။

ထိုင်သူမဲ့ .. ဒီအုတ်ခုံအိုလေးထက်က ..
ကိုင်သူမဲ့ .. ဒီဂစ်တာအိုလေးတလက်မှာ ..
ရည်ရွယ်သူအတွက် ..
ဒီသံစဉ်ချိုလေး တခက်တော့ ..
(မပျိုရွယ်တော့သည့်တိုင် ..)
မရိုးဟောင်းနိုင်အောင် ကျန်ရှိလှုပ်နိုးနေမှာပါ ..
ကာလတရားဆိုတာတွေ ..
ဆိတ်သုဉ်းသွားသည့်တိုင်လေ ..။

... 99 ...
၁၇ မတ် ၂၀၀၈။

3 comments:

  1. လွမ်းစရာကောင်းတယ်ဗျို့

    ReplyDelete
  2. သံစဉ်အိုကို ဖတ်သွားတယ် တော်တော်လေးကို heart ထိသွားတယ်

    ReplyDelete
  3. သံစဉ်အိုလေးကို ဖတ်သွားပါတယ်ဝေးးး

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...