Thursday, March 6, 2008

မိုးတိမ်ရဲ့ မှို ..။

နက်ရှိုင်းမှုတွေနဲ့ မျက်ဝန်းလေးတွေက ညိုတယ် ..
မထူမပါး ပညာသားပါတဲ့ နှုတ်ခမ်းတွေက စိုတယ် ..
ပြေပြစ်မှုတွေနဲ့ အပြုံးတွေကလည်း ချိုတယ် ..
အလုံးစုံသောသဏ္ဍာန်တွေ ပေါင်းစုလို့ ..
ငါ့ရင်ထဲ ဒေါင့်တနေရာမှာ ခိုဝင်တယ် ..
အပိုစကား မဆိုဘူး ..
ဒီအချိန်မှာတော့ ..
မျှော်လင့်ချက်တွေက မှိုပဲ ..။
.
..
(အာ .. ဒီ ဆက်ရက်တကောင်
ငါ့ရှေ့ ဘာလာလုပ်နေပါလိမ့် ..
အံမယ် .. လူတယောက်လုံး အနားတိုးသွားတာတောင်
ဒင်းက ခပ်တည်တည်ပဲ ..)
..
.
မျှော်လင့်ချက်တွေ မပြိုချင်ဘူးကွယ် ..
မှိုပွင့်ကလေး .. ဒီအတိုင်းပဲ ရှိပါစေ ..
ခပ်ဝေးဝေးမှာ ..
မိုးတိမ်တအုပ် ငိုချင် ငိုနေပါ့စေတော့ ..။
..
..
[မင်းအကြောင်း စဉ်းစားတုန်း ..
ရောက်လာတဲ့ ဆက်ရက်ကလေး ..
နှစ်ကောင်သာ ဖြစ်ခဲ့ရင်တော့ ..
မှိုပွင့်လေးရေ ..
မိုးတိမ်ဆီက ပျော်ရွှင်ခြင်း မိုးရေစက်တွေ
မင်းကိုထွေးပွေ့ဖို့ အပြေးရောက်လာမှာပေါ့ ..]
.
..
ခုတော့ .. ... .... ။

... 99 ...

2 comments:

  1. ကဗျာလေးကြိုက်တယ်ဗျို့....
    အတွေးလေးတွေက မြင့်တယ်ဗျာ..

    အမြဲအားပေးလျှက်ပါ... 99 ရေ..

    နေ့သစ်တွေလှပနေအုံးမှာပါ....

    ReplyDelete
  2. နက်ရှိုင်းမှုတွေနဲ့ မျက်ဝန်းလေးတွေက ညိုတယ် ..
    မထူမပါး ပညာသားပါတဲ့ နှုတ်ခမ်းတွေက စိုတယ် ..
    ပြေပြစ်မှုတွေနဲ့ အပြုံးတွေကလည်း ချိုတယ် ..
    အလုံးစုံသောသဏ္ဍာန်တွေ ပေါင်းစုလို့ ..
    ငါ့ရင်ထဲ ဒေါင့်တနေရာမှာ ခိုဝင်တယ် ..
    အပိုစကား မဆိုဘူး ..
    ဒီအချိန်မှာတော့ ..
    မျှော်လင့်ချက်တွေက မှိုပဲ ..။

    ........................ ဒီအပိုဒ့်လေးကို ပိုခိုက်တယ်။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...