Wednesday, June 25, 2008

မျှော်လင့်ရပ်ဝန်း ..။

ရာသီ အပြောင်းအလဲတွေ ကြားမှာ
မပြောင်းမလဲ ကျန်ရစ်တာ ..
ကိုယ့်မြတ်နိုးခြင်းတွေပါ ကလေးရယ် ..။

ကိုယ့်လက်ဖ၀ါး ကြမ်းကြမ်းတွေနဲ့
မိုးပေးခဲ့တဲ့ အရိပ်အောက်မှာ ခိုလှုံရတာ ..
နွေလည်နေ့ခင်းရဲ့ ရင်ခုန်ခြင်းတွေကို
အေးမြ ပြည့်စုံစေတယ်လို့ ပြောခဲ့ဖူးသူ ..
ခုဆို .. ကိုယ့်ထက်ပြည့်စုံတဲ့ အရိပ်တခုအောက်မှာ
ဆက်ပြီး ရင်ခုန် ရပ်တည်နေလောက်ရောပေါ့ ..။

ကိုယ့်မိုးကာအကျီ င်္ နွမ်းနွမ်းလေးနဲ့မှ
အေးစက်စက် မိုးစက်တွေကို ..
အန်တု နွေးသက်စေနိုင်လို့ ..
မိုးရာသီ စက်ဝန်းကိုတောင် ..
မရပ်တန့်ချင်ဘူးလို့ ဆိုခဲ့ဖူးသူ ..
ခုလောက်ဆို .. ရေရာတဲ့ နွေးထွေးခြင်းတွေဆီမှာ
နားခိုနေရောပေါ့ ..။

ကိုယ့်ဖလမ်ထည် ရှပ်အကျီ င်္ပါးပါးလေးနဲ့ဆိုရင်
အေးခဲသွေ့ခြောက်နေတဲ့ ၀င်ရိုးစွန်းတွေမှာတောင်
ရှင်သန် ပျော်မွေ့နေနိုင်တယ်လို့ သေချာစေခဲ့ဖူးသူ ..
ခုတော့ ..၀င်ရိုးစွန်း ရပ်ဝန်းလို
ကိုယ့်ရင်ကို ကြွင်းကျန်ရစ်စေတယ်ပေါ့ ..။

ဒါပေမယ့် ..
အရာရာအတွက် ကျေးဇူးပါ ကလေး ..။
ရာသီတိုင်းအတွက် အမှတ်ရစရာတွေ
ဆောင်ကြဉ်း ပေးခဲ့လို့ပါ ..
ကိုယ်ကတော့ ..
သွေ့ခြောက်နေတဲ့ ဒီရပ်ဝန်းလေး
တဖန်ပြန်ပြီး ..
နွေးထွေး ပြည့်စုံလာမယ့် နေ့ရက်တွေကို
နွေလည် အိပ်မက်တွေလိုပဲ ..
အတိုင်းအဆမဲ့တဲ့ မြတ်နိုးခြင်းတွေနဲ့
အဆုံးအစမဲ့ ..
မျှော်လင့်ဆဲ .. မျှော်လင့်မြဲပေါ့ ..
ကလေးတော့ သိမယ် မထင်ပါဘူးလေ ..။
... 99 ...
၂၆ ဇွန် ၂၀၀၈။

4 comments:

  1. နွေးထွေးပြည့် စုံလာမယ့်နေ့ရက်ကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေအကို....

    ReplyDelete
  2. တောက်ကျိုးနဲ ကောင်းတယ်။

    ReplyDelete
  3. aဖတ်ရင်းနဲ့တင်လွမ်းလွမ်း
    လာတယ်......သိစေချင်သူ
    မြန်မြန်သိပါစေ။

    ReplyDelete
  4. ၉၉ရေ .. ဖတ်ရင်း လွမ်းသွားတယ် ။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...