Tuesday, February 26, 2008
ဘ၀အတွက် ပြည့်စုံမှုတခုမျှသာ ..။
သူငယ်ချင်းနဲ့ အချစ်အကြောင်း ဆွေးနွေးတယ် ..။
အချစ်ဆိုတာ …
လုံးသလား .. ပြားသလား
ချိုသလား .. ချဉ်သလား
ခပ်ခါးခါးများလား ..
သူငယ်ချင်းက “သူ”မသိဘူးတဲ့ ..။
ဒီတော့ .. နောက်တယောက်က .. ..
အချစ်ဆိုတာ ..
လေးဒေါင့်ကြီးတဲ့ ..
တချို့လည်း ဒိုင်းမွန်းပုံ ..
တချို့လည်း ခပ်ဝိုင်းဝိုင်းတွေပေါ့တဲ့ ..။
ဒီတော့ .. အရင်တယောက်က ..
အဌဂံပုံလို့ ထင်သတဲ့ ..
ဘာကြောင့် ထင်ရသလဲ ဆိုတော့ … … …
“သူများနဲ့မတူအောင်လို့တဲ့” …
ကဲ .. ရှင်းရော ..။
တကယ်တော့ .. အချစ်ဆိုတာ ..
ပိတ်လှောင်နှောင်ဖွဲ့ထားတဲ့ .. ခပ်လုံးလုံးကြီးလည်း ဖြစ်နိုင်တာပဲ ..။
ပြန့်ပြူး ပွင့်လင်းတဲ့ .. ခပ်ပြားပြားကြီးဆိုလည်း ဟုတ်တာပဲလေ ..။
ကြည်နူးကျေနပ်မှုတွေကို ဖြစ်စေနိုင်တဲ့ .. ခပ်ချိုချိုလေးလည်း မှားမှ မှားတာ ..။
အမြဲတမ်း ဂျစ်ကျနေတတ်လို့ .. ချဉ်တင်တင်ဆိုလည်း လက်ခံရမှာပဲ ..။
ကြေကွဲဆို့နင့်ရတာတွေ မလွဲမသွေဖြစ်တတ်လို့ .. ခါးတယ်ပြောချင်လား ..
ဟုတ်နေတာပဲကို .. မငြင်းပါဘူး ..။
ဘောင်ခတ်ထားတတ်တဲ့ .. လေးဒေါင့်ကျကျဆိုလည်း မှန်တာပဲလေ ..။
ဒိုင်းမွန်းပုံဆိုတဲ့ .. အချွန်အတက် အတ္တ မာန်မာနတွေနဲ့လည်း ..
ဖွဲ့တည်ထားနိုင်တာပဲ ..။
ပြိုင်ပွဲတခုလို စည်းမျဉ်း ခပ်ဝိုင်းဝိုင်းထဲမှာ ..
ခြေချုပ်မိနေတာမျိုးလည်း .. ကြုံနေကြရမှာပဲ ..။
သူငယ်ချင်း တွေးသလို .. အချစ်ကနေ ပုန်းကွယ်လို့ရအောင် ..
ဒေါင့်ချိုးတွေများတဲ့ .. အဌဂံလိုမျိုးလည်း လိုအပ်တာပဲ ..။
ဘယ်လိုပုံစံပဲဖြစ်ဖြစ် …
သေချာတာက .. ရင်ဆိုင်ဖူးခဲ့တဲ့ အချစ်တိုင်းမှာ ..
ပေးအပ်သူနဲ့ လက်ခံသူရဲ့ ..
မြတ်နိုးမှုတွေ ..ကျေနပ်မှုတွေ ..
ဖြည့်ဆည်းပေးလိုမှုတွေ .. စောင့်ကြည့်ကြည်နူးမှုတွေက ..
အဲဒီ “အချစ်” ဆိုတာကို လွှမ်းခြုံလေ့ရှိတယ် ..။
ဒီတော့ ..
အငြင်းမပွားတာ ကောင်းတယ် သယ်ရင်းရေ ..။
အချစ်ဆိုတာ ငါတို့ဘ၀ကို ပြည့်စုံစေမယ့် ခံစားမှုတခုအဖြစ်သာ မှတ်ယူရအောင် ..။
ကြည်နူး .. ကြေကွဲ ဆိုတာတွေကတော့ ..
ငါတို့ ထိုက်သလောက်ပဲပေါ့ .. .. ..။
99
2 comments:
  1. အချစ်အကြောင်းမပြောချင်ပါဘူးဆို မင်းကတမျိုးထပ်ရေးသေးတယ်။ ဟေ့ရောင် ဖတ်လို့တော့ကတော့ ကောင်းတယ်… အချစ်နဲ့ နဲနဲဝေးဝေးနေပါစေဦး.. ဆက်တိုက်ဆိုရင် မခံစားနိုင်လို့ပါ…
    :)
    ReplyDelete
  2. ပီတိက ဝေးဝေးနေပါရစေ ဆိုပဲ..
    တခါတခါတော့ အချစ်ဆိုတာ ဝေးနေရင် ၀င်တိုးမိအောင် ပင်ပန်းတကြီး တမင်လိုက်ရှာလို့
    ReplyDelete
အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...