Tuesday, February 19, 2008

ဒိုင်အိုဂျီးနီးစ် မီးအိမ်။

ဒိုင်အိုဂျီးနီးစ် မီးအိမ်

မေတ္တာတရားဟာ .. ကြောင်တောင်ကန်းပဲ
မြို့ခေါင်ခေါင်မှာ ရွာကျနေတာက .. အက်ဆစ်မိုး
ဘယ်သူ့ကို အဆိုးဆိုမလဲ ..
အကောင်းစားတွေကို လှည့်မငေးတာ ..
အကောင်းမကြိုက်လို့ မဟုတ်ဘူး ..
ဒီလိုပဲ ရူးချင်ယောင်ဆောင်ရမယ် ..။

ငါးမရရင် ..
ရေမချိုးဘူး ..
ရွှံ့မတူးဘူး ..။
အမေရေ ..
နွေခေါင်ခေါင်မှာ ..
နေရောင်ဟာ .. ဒိုင်အိုဂျီးနီးစ် ဆိုပါတော့
ကျနော်ကတော့ ..
အစွမ်းကုန် လောင်ကျွမ်းနေတဲ့ ..
မီးအိမ်တလုံး ...။
(ယဉ်သစ်)

No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...