Wednesday, December 10, 2008

အရေး ..။

ဘာတဲ့ ..
လူ့ .. အခွင့် .. အရေး ..
..
.
နားထဲကိုလား ..
မ၀င်ပါဘူးဗျာ ..
နားဝမှာတင် .. ကန့်လန့်ကြီး .. ။

ရင်ထဲနက်နက် .. ၀င်ဖို့လား ..
ပိုခက်နေသပေါ့ ..
နှလုံးသားက .. လက်ခံဖို့ဆိုတာ ..
လက်တွေ့ကျကျ .. လိုသကိုးဗျ .. ။

ခုတော့ ..
ကြားမိတိုင်း ..
နှလုံးသားတွေ .. ဒဏ်သင့် ..
ကမ်းမိသမျှ ..
အဆိပ်တွေပဲ .. ဖြစ်ခဲ့သမို့ ..
နေပါတော့ဗျာ .. (ခပ်ဝေးဝေးမှာ) .. ။

တချို့ရဲ့ .. အခွင့်တွေ ..
အားလုံးရဲ့ .. အရေးအတွက် ..
ရည်ရွယ်မယ့် .. တနေ့တော့ ..
ဒဏ်တွေ ကွယ် .. အဆိပ်တွေ ပြယ်
လူစင်စစ် အဖြစ် .. ရပ်တည်နိုင်လိမ့်မယ် .. ။

... 99 ...
၁၀ ဒီဇင်ဘာ ၂၀၀၈။

No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...