Wednesday, December 3, 2008

အတိတ်ချို တခွက် ..။

ခပ်အေးအေးပဲ .. ရောက်လာတဲ့ ..
ဒီဇင်ဘာရေ ..
ခပ်ဆွေးဆွေးတွေခမြာ.. မင်းကြောင့်
ပိုငိုင်ငေး နေရပါရောလား ..
..

မှုန်မှိုင်းမှိုင်း .. ဒီဇင်ဘာထဲ ..
(ကျနော်ကတော့ ..)
ထုံထိုင်းထိုင်း .. အတွေးတွေ ..
ဆွဲလွဲ ပွေ့ပိုက်လို့ ..
အတိတ်ထဲမှာ .. ဒီဇင်ဘာကို
ပြန်တူးဆွ ..
ဖြူလွလွ .. မနက်ခင်းတချို့ရယ်
နွေးထွေးဆဲ .. တွဲလက်ကလေးတွေရယ်
လေပြေထဲက .. ညင်းဖွဖွ ဂီတသံစဉ်လေးရယ်
မြတ်နိုးဆဲ ..
ချိုပေါ့ကျတခွက်ရယ်
သြော် .. ဖွဲ့တည်နေဆဲ
ဒီဇင်ဘာရဲ့ .. အတိတ်တွေပါကွယ်

...
..
.
ချိုမြိန်ခဲ့ဖူးတယ် ..
(
သို့သော် ..)
ပေါ့ဆခဲ့မိလို့ .. ကျပျောက်သွားခဲ့ရတဲ့
ချိုပေါ့ကျ .. အတိတ်တခွက်
ခုလို ..
ဒီဇင်ဘာ .. မနက်ခင်းတခုမှာ
မက်မက်စက်စက် ..
ပြန်သောက်ချင်နေမိတော့တယ် ..။

... 99 ...
၎ ဒီဇင်ဘာ ၂၀၀၈။

4 comments:

  1. ချိုမြိန်ခဲ့ဖူးတယ် သို့သော် ပေါ့ဆခဲ့မှုအတွက် ကျပျောက်သွားခဲ့ရတဲ့ ချိုပေါ့ကျ အတိတ်တခွက်..

    အတွေးလေးကောင်းလိုက်တာ

    ReplyDelete
  2. ဘာမှ မပြောချင်ဘူးဗျာ။ ဒီကဗျာလေးအတိုင်း

    ချိုမြိန်ခဲ့ဖူးတယ် ..
    (သို့သော် ..)
    ပေါ့ဆခဲ့မိလို့ .. ကျပျောက်သွားခဲ့ရတဲ့
    ချိုပေါ့ကျ .. အတိတ်တခွက်
    ခုလို ..
    ဒီဇင်ဘာ .. မနက်ခင်းတခုမှာ
    မက်မက်စက်စက် ..
    ပြန်သောက်ချင်နေမိတော့တယ် ..။

    ကျွန်တော်လည်း သောက်ချင်တာပေါ့ဗျာ။

    ReplyDelete
  3. ဒါများ စိတ်တိုင်းကျမှာ သွားဖျော်ခိုင်းလိုက်ရင် ပြီးရော။ :D

    ReplyDelete
  4. မနိုင်းကဗျာဖတ်မှဘဲ တခါမှမ သောက်ခဲ့ ဖူးတဲ ချို ပေါ့ကျ တခွက်ကို လွမ်းသလိုလို...
    kz

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...