Thursday, October 30, 2008

ကြယ်စင် ည ..။

.. ည ..
အရာရာ အတွက်
ဆိတ်ငြိမ်လွန်းတဲ့ .. ကာလ
အနက်ရောင် .. အနုအရင့်တွေ
ခင်းကျင်းထားတဲ့
ဒီ ညလွှာရုံထဲ ..
င့ါ .. နှလုံးသားတခုလုံး
အသုံး မပြုနိုင်အောင်ကို ..
.. ပြုတ် ..
..
.
ကျ
..
.

တကယ့်ကို ..
သာသာ မွမွလေးပါပဲ ..
အပြစ် မဆိုသာပေမယ့်..
ဒီရင်ထဲ ကျန်ရစ်သမျှက ..
ဟာတာတာ .. ဖြေစရာမရှိတဲ့ ..
နေလောင်လိုက် .. မိုးမှောင်မိုက် ..
အူကြောင်ကြောင်
ကမ္ဘာကြီး လိုပေါ့ ..
.
..
.
.. ဟိုမှာ ..
ကြယ်စင်တွေ .. ခင်းထားတဲ့လမ်း
[ကမ္ဘာပတ် လမ်းထဲတော့ ရောက်နေပြီ ..]
အေးချမ်းမှုတွေနဲ့ ..
စောင့်ကြိုနေလိမ့်မယ် (ထင်ရဲ့ ..)
ငါ့ .. ကြယ်တံခွန်လေးရေ
အစောဆုံး .. ပြန်ဆုံခွင့်
ရပါရစေ .. ။

... 99 ...
၃၁ အောက်တိုဘာ ၂၀၀၈။

3 comments:

  1. င့ါ .. နှလုံးသားတခုလုံး
    အသုံး မပြုနိုင်အောင်ကို ..
    .. ပြုတ် ..
    ..
    .
    ကျ
    ..
    .
    အဲဒါလေး အသက်ဝင်တယ် ။ ကဗျာလေး ကောင်းပါတယ် ။ ကြယ်တံခွန်လေးနဲ့  အမြန်ဆုံစည်းနိုင်ပါစေ ။ :)

    ReplyDelete
  2. ကဗျာ ဖတ်သွားပါတယ်။ "ပြုတ်ကျ" ဆိုတာကို စကားလုံးနဲ့ လိုက်အောင် ပုံဖော်ရေးထားတာ မိုက်တယ်။

    ReplyDelete
  3. ကိုကောင်းကင်ကို ပြောသွားသလိုပါပဲ “ပြုတ်...ကျ..” ဆိုတာလေးပုံဖေါ်သွားတာနှစ်သက်မိတယ်။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...