Monday, October 13, 2008

လရောင် ..။

ပြည့်သွားပြန်တဲ့ .. လ ..
ဒီနေ့ည .. တွေ့ကို တွေ့ရအုံးမယ် ..

အင်းး .. မှုန်ဝေရီဝါးနဲ့ ..
အရင်လို မပီပြင်တုန်းပဲနေမှာပါ ..

ညတုန်းကတော့ ..
ပြူလက်စ လရေးရေး ..
တိမ်ထွေးထွေးတွေကြား ..
ခပ်မှေးမှေး အိပ်မောကျနေပုံများ ..
တကယ့်ကို .. အကျအနပါလား ..
...
..
.
တလောကလုံး ..
ငံ့လင့်လို့ .. ကောင်းနေကြတုန်း ..
မပီပြင်တဲ့ .. စုတ်ချက်တွေနဲ့တော့ ..
ကမ္ဘာမြေရဲ့ အနာတရတွေကို .. မနိုးကြွစေနဲ့ပေါ့ ..
ကြည်လင်တဲ့ .. ရောင်ခြည်မျှင်တွေနဲ့ပဲ ..
သာယာစေမယ့် .. ယုံကြည်ခြင်းတွေ ..
ခင်းဖြန့် .. ရုန်းထပါစေကွယ် ..။

... 99 ...
သီတင်းကျွတ် လပြည့်နေ့။

3 comments:

  1. တလောကလုံး ..
    ငံ့လင့်လို့ .. ကောင်းနေကြတုန်း ..
    မပီပြင်တဲ့ .. စုတ်ချက်တွေနဲ့တော့ ..
    ကမ္ဘာမြေရဲ့ အနာတရတွေကို .. မနိုးကြွစေနဲ့ပေါ့ ..
    ကြည်လင်တဲ့ .. ရောင်ခြည်မျှင်တွေနဲ့ပဲ ..
    သာယာစေမယ့် .. ယုံကြည်ခြင်းတွေ ..
    ခင်းဖြန့် .. ရုန်းထပါစေကွယ် ..။

    ကဗျာဆရာရေ---
    ကဗျာတပုဒ်ရဲ့ စာကြောင်းရေ----ခုနှစ်ကြောင်းနဲ့တင်---
    ဝတ္ထုတပုဒ်ဖတ်ရသလို အနုပညာမြောက်ပါတယ်---
    အတွေးကောင်းသလို--အရေးကောင်းတယ်---
    အခြားကဗျာတွေလည်း ဖတ်ပါတယ်---
    ထားခဲ့တဲ့ လင့်က ဖွင့်မရဘူး---နဂိုရှိပြီးသားလင့်ကနေ
    ဖွင့်ရတယ်----

    ReplyDelete
  2. လှလိုက်တဲ့ ကဗျာလေး...။
    လပြည့်ညတွေ အမြဲ စောင့်ကြည့် နှစ်သက်သူမို့
    တစ်ကယ် ကြိုက်ပါတယ်....။

    ReplyDelete
  3. အကျအနအိပ်နေတဲ့ လမင်း ကြီးကိုမြင်ယောင်ပြီး ကျနော် ပြုံးသွားပါသည်..
    kz

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...