Wednesday, August 6, 2008

အနီရောင် ရက်စွဲ ..။

တချိန်တုန်းက ..
.
..
သြဂုတ် ...

နက္ခတ်လီယို ဦးဆောင်မှုမှာ ..
ရဲရင့်ခြင်းတွေနဲ့ ..
လျှပ်လျှပ်တောက်နေခဲ့ ..။
.
..
စက်တင်ဘာ ...
သန့်စင် ပျိုမြစ်တဲ့ .. အသိတရားတွေနဲ့ ..
ရိုးသားခြင်း နက္ခတ်တွေကို .. နိုးကြား ရုန်းထစေခဲ့ ..။
..
.
ငြိမ်းအေးခြင်း မေတ္တာတွေ ..
ပြန့်ပြူး ပွားများနေတဲ့ ..
ဒီလို .. တခါတုန်းက .. ၀ါတွင်းကာလမျိုး ..
အပူတွေ သယ်ဆောင်လာတဲ့ ..
အနီရောင် မိုးတွေ .. အထပ်ထပ် အပြန်ပြန် ..

ပွက်ပွက် ဆူနေအောင်ကို ရွာချနေခဲ့ ..။

.
..
ခပ်ဝေးဝေးမှာတော့ ..
..
.
တိုးသွားလိုက် .. ကျယ်လာလိုက်နဲ့ ..
အဆက်မပြတ် ပျံ့နှံ့နေဆဲ .. ရှိုက်သံတွေ ..
အာရုံရဲ့ သတိ ထားမိသမျှတော့ ..
ပြက္ခဒိန် နေ့ရက်တွေရေ ..
အကျည်းတန် ရက်စွဲတွေနဲ့ ..
ပြည့်နှက် နေပါရော့လား ..။

... 99 ...
၆ သြဂုတ် ၂၀၀၈။

1 comment:

  1. အနီရောင်ရက်စွဲ ကဗျာလေးကို တစိမ့်စိမ့်ခံစားပြီး
    ဖတ်ပါတယ်။ ရင်ထဲမှာနာကျဉ်လာတယ်။ကိုယ်
    တင်ပြချင်တဲ့အကြောင်းအရာတခုကို ထိမိတဲ့
    စကားလုံးတွေနဲ့ တင်ပြထားတာ လှပတယ်။

    ဆက်ရေးပါ။
    ချမ်းမြေ့ပါစေ။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...