Friday, January 18, 2008

လွမ်းတယ် ... ။

လွမ်းတယ် ..။
သစ်ပင် ခပ်အုပ်အုပ်တွေအောက်က

အမိုးစုတ်စုတ်နဲ့ အိမ်အိုလေးကို လွမ်းတယ် ..။


လွမ်းတယ် ..။

ပင်ပျိုပင်အိုတွေ တဘက်တချက်နဲ့
လေတိုက်တိုင်းယိမ်း မြက်စိမ်းစိမ်းတွေတိမ်းနွဲ့နေတတ်တဲ့ ..

မြေနီရောင်ခြယ် ဖုန်ထူထူ လမ်းလေးကို လွမ်းတယ် ..။


လွမ်းတယ် ..။

တစုံတယောက် စောင့်မျှော်နေတတ်လို့

နွေးထွေးခြင်းအဓိပ္ပါယ်ဆောင်ဖူးခဲ့တဲ့ မနက်ခင်းတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

ခပ်မွမွဖုန်လမ်းလေးပေါ်က ခပ်ကြွကြွဖြတ်သန်းခဲ့ဖူးတဲ့

ခြေရာစုံတွဲလေးတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

လေပြေအနော့မှာ ခပ်သော့သော့ပြန့်ဝဲခဲ့ဖူးတဲ့

သောကမဲ့ ရယ်သံတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

မရေမရာ အိပ်မက်တွေနဲ့ မသေချာတဲ့ အနာဂတ်တွေအတွက်

အငြင်းပွားခဲ့ချိန်တွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

မျှော်လင့်ခြင်း မနက်ဖြန်တွေ ရှေ့ဆက်နိုင်ဖို့

လမ်းခွဲခဲ့ကြတဲ့ ယုံကြည်ခြင်း ညနေခင်းတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

တစုံတရာကို လွမ်းခြင်းညည်းခဲ့တဲ့

ကာလမဲ့ညတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

“ယုံကြည်ထားပါ” ဆိုတာကိုလွမ်းတယ် ..။

“ပြန်ဆုံကြမယ်”လို့ ပြောတာကို လွမ်းတယ် ..။

“သိပ်မကြာခင် ..” တဲ့ .. လွမ်းတယ် ..။


ပြန်ပိုင်ဆိုင်ကြမယ့် အချိန်တွေကို ..

ဘာမဆိုင်ညာမဆိုင် ကြိုလွမ်းတယ် ..။


သစ်ပင်အုပ်အုပ် အမိုးစုတ်စုတ်နဲ့

အိမ်အိုလေးမှာ ပြန်လွမ်းမယ် ..။
.. လွမ်းတယ် ..။

5 comments:

  1. ငါကတော့ ဟိုအရင်ကတည်း အကုန်လုံးကို ဘာမဆိုင်ညာမဆိုင် လွမ်းနေတယ်။ အခု ပိုပြီးလွမ်းနေတယ်…

    ReplyDelete
  2. ကဗှာလေး ဖတ်ပြီး လွမ်းသွားတယ်ဗျာ။

    ReplyDelete
  3. စာရေးသူနဲ့ အပြိုင်လွမ်းမယ်...ဖြစ်လား? :D

    ReplyDelete
  4. Fantastic!! Fighting!!

    ReplyDelete
  5. ကဗျာလေးက လွမ်းစရာကောင်းလိုက်တာ...

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...