Friday, April 3, 2009

နှောင်ထုံး ..။

ဘ၀က ..
အထိအရှတွေ .. ပရပွနဲ့ဆိုပေမယ့် ..
တောင့်တမိခဲ့ဖူးတဲ့ ..
နူးညံ့ခြင်းလေးတခု ..
မနေ့တနေ့ကအထိ .. ရှိနေခဲ့တယ် ..
ရစ်ပတ် .. ချည်နှောင်ဖို့ ..
တွန့်ဆုတ် .. တွေဝေခြင်းတွေနဲ့ ..။

အချစ်က ..
သိမ်မွေ့ .. နက်ရှိုင်းလွန်းတဲ့ ..
အိပ်မက်ရာသီတခု ..
တမ်းတမ်းမက်မက် .. ပွေ့ဖက်လိုက်ရင် ..
လှိုက်မောပြိုကွဲ .. အလွမ်းရာသီတွေကြားမှာ
အဆုံးသတ် မဲ့နေတော့မယ် ..
အိပ်မက်လေးရေ ..
သူ့အတိုင်းတိုင်းသာ .. ဖြစ်တည်နေပါစေရော့ ..။
..
.
နောက်ဆုံးတော့လည်း ..
ဘ၀က ..
အချစ်ကို ..
နှောင်ထုံး .. ဖြေလျော့လိုက်ပါတယ် ..။

... 99 ...
၃ ဧပရယ်လ် ၂၀၀၉။

4 comments:

  1. ကဗျာလေးကို ခံစားသွားတယ် ကောင်းလှချည်လား အစ်မရေ...စကားလုံးတွေ ဖွဲ့ပုံက

    ReplyDelete
  2. အချစ်က အိမ်မက်ရာသီတစ်ခုတဲ့လား
    စကားလုံးလေး ကောင်းတယ်။

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. နောက်ဆုံးတော့လည်း
    ဘ၀က အချစ်ကိ နှောင်ထုံးဖြေလျော့
    ငှက်ပျောတုံး ဖက်တော့။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...