Monday, August 3, 2015

"အကွာအဝေး ..။"

ကောင်းကင်ကြီးကို ..
သတိတရနဲ့ မော့ကြည့်မိတော့ .. 
ကိုယ်ဟာ .. ဖြတ်သွားဖြတ်လာ ..
တိမ်မျှင်တစ်စသာသာ ..။ 

မိုးကုပ်စက်ဝိုင်းရဲ့ အဝေး .. 
ဟိုးးးး .. ကောင်းကင် ရှိရာအရပ်ဆီ .. 
ခရီးဆန့် .. ဖြန့်ထွက်ခဲ့ပေမယ့်လည်း ..
ကောင်းကင်ဟာ .. 

နေမြဲ .. .. .. ။ 

တိမ်တစ်စရဲ့ ..
ရွေ့လျား လွင့်မြောခြင်းမှာတော့ ..

ခြားနားခြင်း အလွှာတွေက ..
ကုဋေကဋါလည်း မကနိုင်တယ် ..။  

--99--
၎ သြဂုတ် ၂၀၁၅။