Friday, November 23, 2007

ဖတ်မိသမျှ ဝေမျှခြင်းပါ။

စိတ်တွေ ညစ်ရင်ပဲဖြစ်ဖြစ် ...
စိတ်အနှောင့်အယှက်တွေ များရင်ပဲဖြစ်ဖြစ် ...
စိတ်ကုန်ရင်ပဲဖြစ်ဖြစ် ...
စိတ်ပိန်ရင်ပဲဖြစ်ဖြစ် ...
ဒီလိုအခြေအနေတွေမှာ ...
ကိုယ့်ကိုကိုယ် အလိုမကျ ... ဒါမှမဟုတ် အရာရာကို အလိုမကျ ... ဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်နေတုန်း .. ဖတ်မိလိုက်တာလေးက ...
“ပိတောက်ပွင့်သစ်” မဂ္ဂဇင်းထဲမှာ ဖော်ပြထားတဲ့ ...
“မင်းထင်ကိုကိုကြီး” ရဲ့ ...
... ခြင်ထောင်ဖြုတ်ခဏ်း ...
ညစ်နေ .. ကုန်နေ .. ပိန်နေတဲ့ .. စိတ်တွေ ..
အခုတော့ .. ပြားနေပါလား ဆိုတာ သိသွားပြီ ..။
ခံစားကြည့်ပါ .. တိုပေမယ့် ရင်ထဲရောက်ပါတယ်။
... ... ... ...
ခြင်ထောင်ဖြုတ်ခဏ်း။

ငါ့စိတ်အောက်မှာ ငါပိနေတာလား ..
ငါ့အောက်မှာ ငါ့စိတ်ပိနေတာလား ..
ငါရော ငါ့စိတ်ရော တခုခုအောက်မှာ ပိနေတာလား ..
ငါ့ကို ဆွဲထုတ်လိုက်တော့ .. အသက်ပါမလာဘူး ..
ငါဟာလည်း မမှတ်မိလောက်အောင် ..
ပြားနေလို့ ..
ငါ့မျက်လုံး အပြား ..
ငါ့ပါးစပ် အပြား ..
ငါ့နား အပြား ..
အဲသည်မှာ ... ငါ့အိပ်မက်ဆုံးပြီး ငါလန့်နိုးတော့တာပဲ ..။
ငါငြိမ်ငြိမ်လေး ဆက်အိပ်နေပေမယ့် ..
ငါ့စိတ်တွေ မငြိမ်ဘူး ..
ငါ့အိပ်နေတုန်း ခြင်ထောင်ပြုတ်ကျလာမှာပဲ .. ကြောက်နေတယ်။
ခြင်ထောင်အောက်မှာ ငါပိနေရင် .. ဘယ်လိုလုပ်မလဲ ..
ခြင်ထောင်ဖြုတ်အိပ်မှ ဖြစ်မယ် ..
ခြင်ထောင်ဖြုတ်ဖို့ ကုတင်ပေါ်ကအဆင်း ..
ငြိမ်ငြိမ်လေးဝပ်နေတဲ့ ကြောင်ကို တက်နင်းတယ် ..
ငြိမ်ငြိမ်လေး ၀ပ်နေတဲ့ကြောင်လည်း .. ကြွက်ချောင်းနေတာထင်ပါရဲ့ ..။
ငြိမ်ငြိမ်လေး ၀ပ်နေတဲ့ကြောင် ...
ပြားများပြားသွားပြီလား ..
ဖယောင်းတိုင်ထွန်းပြီး ကြည့်တော့ ..
ငြိမ်ငြိမ်လေး ၀ပ်နေတဲ့ကြောင်ကို မတွေ့ဘူး ..
စာအုပ်တအုပ်ကိုပဲ တွေ့တယ် ..
ကမ္ဘာကြီးပြားပြီ ဆိုလား .. .. ..
ဘယ်သူ ဖိလိုက်တာလဲ .. .. .. ။

မင်းထင်ကိုကိုကြီး

Thursday, October 25, 2007

အလင်းကွဲချိန်။

ဒီမနက် .. အိပ်ယာက နိုးနိုးချင်းပဲ ..
အခန်းအပြင်ကို ကမန်းကတန်း ထွက်ကြည့်လိုက်မိတယ် ..။
ဘာမှ အကြီးအကျယ် ထူးဆန်းနေလို့ မဟုတ်ပါဘူး ..။
ဒါပေမယ့် .. အရင့် အရင်နေ့တွေနဲ့ မတူပဲ ..
နဲနဲလေးပဲ ကွာခြားနေတယ် ..။
အဲဒါက .. ရာသီဥတု ..။
တလျှောက်လုံး ပူလာခဲ့တဲ့ .. ရာသီဥတုက ..
ဒီမနက်တော့ .. နဲနဲ မျက်နှာသာပေးပုံ ရတယ် ..။
မပူမအေးနဲ့ .. နေရတာ အတော်လေး
သက်တောင့်သက်သာ ဖြစ်နေတယ် ..။
ဒါနဲ့ပဲ .. အပြင်ထွက်လိုက်တော့ ..
မြူလွှာပါးပါးလေးတွေ ပတ်ဝန်းကျင်တခုလုံးကို ရစ်သိုင်းလို့ ..
မှုန်မှုန်မှိုင်းမှိုင်းနဲ့ .. မြင်မြင်သမျှ .. မီးခိုးရောင်ဖျော့ဖျော့ ရေဆေးပန်းချီကားတခုလိုပဲ ..။
အမြဲတမ်းလိုလို .. ပူပူလောင်လောင် .. နှုတ်ခွန်းဆက်တတ်တဲ့ နေမင်းကြီးတောင် ..
ခဲရောင်အလွှာပါးပါးတွေ အောက်မှာ ထူးထူးဆန်းဆန်းကို .. အေးချမ်းးးး..လို့ ..။
သဘာဝ ပန်းချီကားမှာ ငေးမောနေတုန်း .. ခံစားလိုက်ရတာက ..
ခပ်အေးအေး .. ခပ်မြမြ တိုက်ခတ်လာတဲ့ .. လေနုအေး ..
ဒီလေမျိုးက .. အရှေ့မြောက်အရပ်က လာတာမျိုး ..
ဒီလိုအေးပုံမျိုးက ..
ရေခဲတောင်တွေကို ဖြတ်သန်းလာတဲ့ လေကြောင်းမျိုး ..
အခုဖြစ်နေတဲ့ ပတ်ဝန်းကျင်မျိုးနဲ့ ..
ဒီလို လေမျိုး .. တိုက်ခတ် ဖြစ်ပေါ်စေတာ .. ဆောင်းရာသီမှာမှလေ ..။
ဒါဆို ..
ရုတ်ခနဲ သတိဝင်လိုက်တာက ..
အခု .. ဆောင်းဝင်ပြီပေါ့ ..။
ဖွင့်ထားတဲ့ ရေဒီယိုကလည်း .. ဒီနေ့ ..
သီတင်းကျွတ်လပြည့်နေ့လို့ ကြေညာနေတယ် ..။
ပျော်စရာကြီး ..
မိုးကုန်ပြီ .. ဆောင်းရောက်ပြီ ..။
သီတင်းလည်း ကျွတ်ပြီ ..။
... ... ...
ပျော်နေတာလေးက ခဏပါပဲ ..။
သီတင်းကျွတ်တော့ရော ဘာလုပ်နိုင်မှာမို့လို့လဲ ..။
ရန်ကုန်နဲ့အဝေးမှာ .. မြန်မာပြည်နဲ့အဝေးမှာ ..
သီတင်းကျွတ်ဆိုတာလည်း ..
ကိုယ့်အတွက်တော့ အဓိပ္ပါယ် ရှာမတွေ့နိုင် ..။
အရင်ကဆို .. မြန်မာပြည်ထဲမှာ ..
ကိုယ်နေထိုင်တဲ့ .. ရန်ကုန်မြို့ထဲမှာ ..
ကိုယ်တို့ မိသားစုတွေ တစုတစည်းတည်း ရှိတဲ့ ..
ပျဉ်ထောင်အိမ် ကျဉ်းကျဉ်းစုပ်စုပ်ကလေးထဲမှာ ..
စုရုံး စုရုံးနဲ့ .. ကျွက်ကျွက်ကို ညံလို့ ..
သီတင်းကျွတ်ကို ဘယ်လို ဆင်နွှဲကြမလဲဆိုပြီး ကြိုတင် ပြင်ဆင်နေကြရလို့လေ ..။
ကလေးတွေက .. လက်တွန်းမီးပုံးလှည်းလေးတွေ လုပ်ဖို့ ..
ရောင်စုံစက္ကူတွေ .. လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ကြ ..
လူကြီးတွေကို သူတို့အတွက် ကူလုပ်ခိုင်းကြ .. ။
နောက်ဆုံး .. မအောင်မြင်တော့လည်း .. ရောင်းတန်းလေးတွေပဲ ၀ယ်လိုက်ကြရ ..။
လူလတ်ပိုင်းတွေကလည်း ..
အိမ်မှာ ဆီမီးထွန်းဖို့ ..
ရပ်ကွက်က ဆီမီးထွန်းပွဲတွေမှာ ကူညီဖို့ ..
လူကြီးမိဘတွေကို ကန်တော့ဖို့ ..
ဆရာသမားတွေကို ကန်တော့ဖို့ ..
ကိုးကွယ် ဆည်းကပ်ရာ ဘုန်းကြီးတွေကို ကန်တော့ဖို့ ..
ရပ်ကွက်တွေ .. မြို့နယ်တွေက ကျင်းပကြတဲ့ ပွဲလမ်းတွေမှာ ဆင်နွှဲကြဖို့ ..
ယောက်ယက်ခတ် .. ပျော်ပျော်ရွှင်ရွှင်ကြီး အလုပ်တွေရှုပ်ကြလို့ ..။
(အရေးကြီးတာ ကျန်သေးတယ် ..)
လူပျို .. အပျိုတွေကလည်း မအားမလပ်နိုင်ကြရှာဘူး..
ဒီအချိန်က .. မင်္ဂလာအမှုပြုသူတွေများတဲ့ အချိန်မဟုတ်လား ..။
နေရာတိုင်းမှာ .. လင်းလက် ထိန်တောက်လို့ ..
လူတိုင်း မျက်နှာမှာလည်း .. အပြုံးတွေ ဝေဆာလို့ ..
ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲခြင်းတွေနဲ့ .. ကြည်နူးအေးချမ်းလို့ ..။
အုံ့အုံ့မှိုင်းမှိုင်း .. စိုစိုစွတ်စွတ် .. မိုးတွင်းကနေ
လွတ်မြောက်လာလို့လည်း ..
ရာသီဥတုရော .. လူတွေရဲ့ စိတ်ဥတုရော ..
ငွေရောင်အနားသတ်တွေလို ကြည်လင် ရွှင်ပျလို့ ..။
... ... ...
တကယ်တော့ .. သီတင်းကျွတ်ရဲ့ ပျော်ရွှင်မှုတွေထဲက ..
အဓိက .. အနှစ်သာရကတော့ ..
တာဝတိံသာနတ်ပြည်မှာ .. မွေးကျေးဇူးဆပ်တဲ့အနေနဲ့ ..
မယ်တော်မိနတ်သားကို တရားရေအေးတိုက်ကျွေးပြီး ..
လူ့ပြည် ပြန်ကြွလာတဲ့ ..
ဗုဒ္ဓမြတ်စွာဘုရားကို ကြိုဆိုကန်တော့တာပါပဲ ..။
လူသားတွေဖြစ်တဲ့ ကျနော်တို့တွေလည်း ..
မိမိတို့ ရှင်သန်ကြီးပြင်းခွင့်တွေကို .. ကျေးဇူးဆပ်တဲ့ အနေနဲ့တမျိုး ..
စိတ်အလိုမကျတိုင်း .. ဖြစ်ချင်တာတွေ မဖြစ်ခဲ့တိုင်း ..
ပြဿနာရှာခဲ့မိတာတွေ .. ပြစ်မှားခဲ့မိတာတွေ ၀န်ချတောင်းပန်တဲ့ အနေနဲ့တဖုံ ..
ဟောဒီ .. သီတင်းကျွတ်ကာလမှာ ...
မိမိတို့ရဲ့ မွေးမိခင် .. ကျွေးဖခင်တွေကို ..
အတည့်အလင်း ၀န်ချ တောင်းပန် ကန်တော့ကြပါတယ် ..။
ခဏပဲ မကျေမနပ် ဖြစ်ဖြစ် ..
အချိန်အကြာကြီးပဲ ခွင့်မလွှတ်နိုင်ကြဖြစ်ဖြစ် ..
ဒီအခါသမယလေးမှာ .. အရာအားလုံး ပြန်လည် သင့်မြတ်ပျော်ဝင်သွားနိုင်ကြပါတယ် ..။
ဒါလေးကိုက ..

ချစ်စရာ .. တန်ဖိုးထားစရာ .. အားကျ အတုယူစရာ .. ဖြစ်နေလေတော့

လူမျိုးခြားတွေအနေနဲ့ ..
ကျနော်တို့လို ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေရဲ့ သီတင်းကျွတ်မီးထွန်းပွဲနဲ့ ..
ဝပ်တွား မာန်လျော့ ကန်တော့ကြတဲ့ပွဲကို ..
အံ့အားသင့်စရာလို့ ထင်မြင်ယူဆကြတာ ကြုံခဲ့ရဘူးပါတယ် ..။
ဘာပဲပြောပြော ..
အနှစ်သာရပြည့်ဝတဲ့ ပွဲတော်တွေရှိတာ ..
ငွေကြေးဓနတွေ ပြည့်စုံပေါများတဲ့ .. ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မတွေ့နိုင်တဲ့ ရိုးရာဓလေ့တွေ ပိုင်ဆိုင်ထားတာ ..
ခွဲခြမ်းစိတ်ဖြာပြီး .. ဖြန့်ကျက်တွေးခေါ်နိုင်တဲ့ .. အလယ်အလတ်လမ်းစဉ်ကို လေ့လာခွင့် .. ကိုးကွယ်ယုံကြည်ခွင့်ရတာ ..
ကျနော်တို့ရဲ့ မြန်မာနိုင်ငံပေါ့ ..။
ဒီနိုင်ငံမှာ လူဖြစ်ရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ ..။
သို့သော်လည်းတဲ့ .. ပေါ့လေ ...။
... ... ...
“ဒီသီတင်းကျွတ်မှာ ဘာပွဲတော်မှ ပြုလုပ်ခွင့်မရှိဘူး” .. လို့
စစ်အစိုးရ သတင်းထုတ်ထားကြောင်း ..
“ပိုက်ဆံမရှိတော့ .. ကန်တော့တာတွေ ဘာတွေလည်း ..
အရင်လို လုပ်နိုင်တော့မှာ မဟုတ်ပါဘူး” .. လို့
ရန်ကုန်မြို့မှာ နေထိုင်သူတယောက်က ပြောဆိုသွားကြောင်း ..
သတင်းကြေညာသွားသူရဲ့ အသံကို ..
ဖွင့်ထားတဲ့ ရေဒီယိုအိုလေးက ဆက်လက်လွှင့်ထုတ်နေဆဲ ..။
သီတင်းကျွတ်ဆိုတာ ..
မြန်မာပြည်ပြင်ပမှာ ရောက်နေတဲ့ .. ကျနော်တယောက်တည်းအတွက် အဓိပ္ပါယ်မရှိတာမဟုတ်တော့ ..
အကျဉ်းကျနေရှာတဲ့ .. မြန်မာတပြည်လုံးနဲ့လည်း အတိအလင်း မသက်ဆိုင်တော့ပါလား ..။
... ...
မျက်စေ့ရှေ့က .. မှုန်ပျပျ မြင်ကွင်းရေ ..
ခဏတာ မြင်ကွင်းအဖြစ်သာ .. ကောင်းမယ်ထင်ပါရဲ့ ..။
ကျနော်တို့တိုင်းပြည်ကိုတော့ ..
ဒီလို မသဲမကွဲ .. မှုန်မှုန်မှိုင်းမှိုင်းဘ၀ထဲမှာ .. ဆက်ပြီး မမြုပ်နှံ ထားပါရစေနဲ့တော့ ..။
ဓလေ့ ရိုးရာတွေ ဆက်လက်ရှင်သန်ခွင့်ရဖို့အတွက် ..
အလင်းကွဲချိန်ကို အမြန်ရောက်ရှိနိုင်ပါစေ ..။
ဒီဆုတောင်းက ..
ဒီလပြည့်ညမှာများ .. ရှင်တော်မြတ်ဘုရား ဆင်းသက်လာခဲ့လျှင်ဟု” ရည်စူးပါသည် ..။

Thursday, October 11, 2007

ကြယ်တွေ ခြွေတဲ့ အရာ ...။

“တစုံတရာဟာ …

ကြယ်တွေကြွေအောင် …

ပြုလုပ်ပေးနေတယ် …”

ကိုငှက်ကြီးရဲ့ သီချင်းစာသား တပိုင်းတစလေးပါ ..။

ဒီစာသားကို အခုမှ တိုက်တိုက်ဆိုင်ဆိုင်ဘာလို့ လာရွတ်မိနေပါလိမ့် ..။

ရင်ထဲမှာ ပိုပြီးလွမ်းလွမ်းဆွေးဆွေး ခံစားမိလိုက်တယ် ..။

ကြွေသွားတဲ့ ကြယ်တွေအတွက်ပါ ..။

ကျနော့်ကြယ်တွေနဲ့.. ကိုငှက်ကြယ်တွေ..

တူချင်လည်း တူမယ် ..

မတူချင်လည်း မတူဘူး ..

သေချာတာကတော့ ကြယ်တွေတိုင်းမှာ ..

တောက်ပလင်းလက်တဲ့ အလင်းတန်းတွေ ပိုင်ဆိုင်ကြတယ် ..။

ပြီးတော့ ဒီအလင်းတွေကိုလည်း ..

နည်းမျိုးစုံနဲ့ အစွမ်းကုန် ဖြာလင်းတတ်ကြတယ် ..။

တည်ရှိနေတုန်းမှာလည်း လင်းလက်ပေးကြသလို ..

ကြွေလွင့် ပျက်စီးသွားတဲ့အခါလည်း ..

ကျန်ရှိသမျှ အလင်းအားနဲ့ ..

ကျန်ရစ်သူတွေကို နှုတ်ဆက်သွားတတ်စမြဲပဲ မဟုတ်လား..။

ဒါကြောင့် .. ကြယ်တွေကြွေသွားတာကို မြင်သိနိုင်တာပေါ့..။

အခုလည်း ..

အရောင်စုံတဲ့ ကြယ်တွေကို ကျနော် မြင်နေရတယ် ..။

အ၀ါရောင် ..

အဖြူရောင် ..

အစိမ်းရောင် ..

အပြာရောင် ..

.

.

.

အဆုံးသတ်မှာ .. အနီရောင် ..

နီနီရဲရဲ .. အရွယ်စုံတဲ့ .. ကြယ်တွေ ..

လက်တကမ်းလေးမှာတင်ပဲ ..

လင်းကနဲ .. လက်ခနဲ ..

အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီကို ..

အနောက်ဘက် ခပ်အုပ်အုပ်တောတန်းတွေအဆုံးကို ..

အရပ်မျက်နှာအနှံက တိမ်တိုက်မဲမဲတွေအောက်ကို ..

အဆုံးအစမဲ့တဲ့ .. ဟင်းလင်းပြင် အမှောင်တွင်းတွေထဲကို ..

ကြွေလွင့် သက်ဆင်းသွားကြတယ်..။

ကျနော်အပါအ၀င် ရပ်ကြည့်နေသူတွေဆီကို ..

အနီရင့်ရင့် အလင်းတန်းတွေ ..

ပက်ဖြန်းပေးသွားခဲ့တယ် ..။

“ခဏလောက် စောင့်ပေးကြပါအုံး ..”

“မသွားကြပါနဲ့ ..”

… … …

… … …

နှလုံးသားမှာ ဗြောင်းဆန်လို့ ..

ဦးနှောက်မှာလည်း ဆောက်တည်ရာ မရနိုင်တော့ ..။

ကျနော်ဆိုတာ ..

မကြွေခင်ကလည်း စောင့်ကြည့် ကြည်နူးနေရုံ ..

ကြွေလွင့်သွားကြတော့လည်း ..

မျှော်ကြည့် ကြေကွဲနေရုံ ..

ကာကွယ်ထိန်းသိမ်းခွင့်တွေ မတတ်သာခဲ့ .. မတတ်နိုင်ခဲ့ ..။

စာနာ နားလည်ခြင်းတွေနဲ့သာ ..

အံတင်းတင်းကြိတ်လို့ ..။

… … …

… … …

အနက်ရင့်ရင့်ပဲတွေ ကြီးစိုးတဲ့ …

အရိုင်းအစိုင်း အရပ်ဒေသတခုမှာ …

အလင်းတွေ .. အလင်းတွေ ..

ပြန်လည် လင်းရှင်း အသက်ဝင်လာဖို့တဲ့ …

ကျနော့် ကြယ်တွေ … အဲဒီမှာ

တောင်ပုံယာပုံ ပုံလို့ …။


ဒီလိုပဲတော့ ပျောက်ကွယ် မသွားနိုင်ကောင်းပါဘူး ..။

ကျနော့် ကြယ်လေးတွေ ဦးခိုက်သွားတဲ့ ..

ကျနော့် ကြယ်လေးတွေ ယုံကြည်သွားတဲ့ ..

ကျနော့် ကြယ်လေးတွေ တံတားခင်းပေးသွားတဲ့ ..

ကျနော့် ကြယ်လေးတွေကို မကြွေ ကြွေအောင် .. ခြွေနေတဲ့ ..

အဲဒီ … တစုံတရာ ဆိုတာ … … …

“အမှန်တရား” .. တခု။

ဒီအမှန်တရားကို ..

“လွတ်လပ်ခြင်း ..

တရားမျှတခြင်းတွေနဲ့ ..

ထုံမွှန်းထားသတဲ့ဗျာ .. ။

… … …

ကြယ်တွေ ...

အရှိန်ပြင်းပြင်းနဲ့ ..

ကြွေနေကြတုန်း …

ဟိုးးးးးးးးးး … … …

အနက်ရင့်ရင့်တွေပဲ ကြီးစိုးတဲ့ …

အရိုင်းအစိုင်း အရပ်ဒေသတခုမှာလေ …။

Monday, October 8, 2007

တရားမျှတ လွတ်လပ်ပါစေ .. အမိပြည်။

ဓာတ်လှေကားထဲကအထွက် တိုက်နံရံပေါ်က နာရီကြီးကို လှမ်းကြည့်လိုက်တော့ .. မနက် ရ နာရီတောင်ထိုးနေပြီ .. ။
“နောက်ကျတော့မှာပဲ .. မြန်မြန်သွားမှ” ဆိုတဲ့အတွေးက လူကိုတွန်းပို့နေတယ် ..။
ဒီနေ့ စနေနေ့ ..။
ရုံးပိတ်ရက်ဆိုတော့ .. ပတ်ဝန်းကျင်တခုလုံးက ငြိမ်သက်လို့ ..။
အရင်နေ့တွေဆို ဒီအချိန်မှာ ရုံးသွားကျောင်းသွားသူတွေနဲ့ သက်ဝင်လှုပ်ရှားနေပြီ ..။
ကျနော်နေတာက ကားမှတ်တိုင်နဲ့ အတော်ဝေးတဲ့ လမ်းကျိုလမ်းကြားထဲမှာ ..။
ဟိုနားတစု ဒီနားတစုဖြစ်နေတတ်တဲ့ ..
ဆိုင်ကယ်စီးဖို့ စောင့်နေသူတွေလည်းမရှိ ..

ဆိုင်ကယ်မောင်းပို့သူတွေကိုလည်း မတွေ့ရ ..။
ကျနော့်မျက်စေ့တဆုံးမှာ လူသူအသွားအလာ ကင်းရှင်းနေတဲ့ လမ်းသွယ်လေးက .. ငြိမ်သက် အေးချမ်းလို့ ..။
လမ်းဆက်လျှောက်ဖို့ ကွန်ကရစ်ခင်းထားတဲ့ လမ်းလေးပေါ်ကို ခြေချမိတယ်ဆိုရင်ပဲ ..
ခပ်သော့သော့ ပြေးဝင်လာတဲ့လေရူးတချက် ..
ကျနော့် ဆံပင်တိုတိုတွေ ရှုပ်ပွကုန်တဲ့အထိ နှုတ်ခွန်းဆက်သွားခဲ့တယ်။
ကျနော့် ခြေလှမ်းတွေရဲ့ ဦးတည်ရာက ..
ဒီနေ့ပြုလုပ်မယ့် .. အောက်မေ့ သတိရခြင်း ဂုဏ်ပြုပွဲ အထိမ်းအမှတ်တခု ရှိရာကို ..။
အခု ကျနော်နေထိုင်နေတဲ့ .. ထိုင်းနိုင်ငံမှာလည်း
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ရဲ့ ဒီနေ့မျိုးမှာပဲ ..

ဒီမိုကရေစီတိုက်ပွဲတခု ဖြစ်ပွားခဲ့ဖူးတယ်တဲ့ ..။
လက်နက်မဲ့ ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားပေါင်း မြောက်များစွာက ..
အာဏာရှင်စစ်အစိုးရဆီကနေ အမှန်တရားကို ..
အသက်ပေးတောင်းဆို သွားခဲ့တာတဲ့ ..။
credit - ထုံချိုင်း ၀ိနိချကူလ်
အောက်တိုဘာ ၆၊ ၁၉၇၆။

ထမာဆတ် တက္ကသိုလ်ဝင်းအတွင်း၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
အဆက်မပြတ် ပစ်ခတ်လိုက်တဲ့ သေနတ်သံတွေ နားထဲပြန်ကြားမိတယ် ..။
CNN ကပြသွားတဲ့ ရန်ကုန်မြို့လယ်ကောင်မှာ အခုတလောလေးကမှ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေ ..။
အချိန်တိုတိုအတွင်းမှာ .. စစ်မြေပြင်လို ပြောင်းလဲသွားခဲ့ရတဲ့ .. မြို့တော်ရန်ကုန် ..။
အကာအကွယ်အတွက် ဦးတည်ရာမဲ့ အသက်လု ပြေးနေတဲ့ လူအုပ်ကြီး ..။
အင်တာနက်စာမျက်နှာတွေမှာ မြင်ခဲ့ရတဲ့ ဘုန်းကြီးအလောင်းတွေ ..။
ကျည်ဆန်ထိမှန် သေဆုံးသွားတဲ့ ..
ပထမဆုံးသော နိုင်ငံခြားသား ဂျပန်သတင်းထောက်ရဲ့ ဆို့နင့်ဖွယ်ရာ နောက်ဆုံးအချိန်..။
ဖျက်စီး လုယက်ခံလိုက်ရတဲ့ ဘုန်းကြီးကျောင်းတွေ ..။
ပေါ်ပေါ်ထင်ထင်တမျိုး .. တိတ်တဆိတ်တမျိုးနဲ့ ..
အဖမ်းဆီးခံရပြီး .. သေမှန်း ရှင်မှန်း သတင်းမရနိုင်တဲ့ ပြည်လူတွေ .. ဘုန်းကြီးတွေ ..။
မြင်သမျှ .. ကြားသမျှ ..
ကြေကွဲစရာ .. စက်ဆုပ်စရာ ..
ဒေါသဖြစ်စရာ .. ယူကြုံးမရနိုင်စရာ ..
မခံမရပ်နိုင်စရာ .. မယုံနိုင်စရာ .. ။
ရက်စက်ကြပါတယ်ဆိုတဲ့ ကမ္ဘာပေါ်က စစ်အာဏာရှင် အစိုးရအဆက်ဆက်တွေတောင် လိုက်မမှီနိုင်တဲ့ .. ရက်စက်မှုနည်းလမ်းမျိုးစုံ .. ကောက်ကျစ်မှုပုံစံ အဖုံဖုံကို ဖွင့်ချပြသခဲ့တဲ့ ..
မြန်မာပြည်က ကမ်းကုန်အောင် မိုက်တွင်းနက်နေတဲ့ ..
အာဏာရှင်တစုနဲ့ အာဏာရှင်နောက်လိုက်တသိုက် ..
အခုထိလည်း .. အစိုးရအမည်ခံနဲ့
ပြည်သူတွေကို ပေါ်ပေါ်ထင်ထင်ပဲ ဓားပြတိုက်နေလေရဲ့ ..။


ကုလသမဂ္ဂကြီးမှူးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကရော ..
မြန်မာပြည်နဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ..
ဘာတွေများ အရေးတကြီး ထိထိရောက်ရောက် လုပ်ပေးနိုင်ခဲ့သလဲ ..။
အခုထက်ထိတော့ “အသေအချာ .. အနီးကပ် စောင့်ကြည့်နေတယ်” ဆိုတဲ့ စကားကိုပဲ ..တွင်တွင်ပြောနေကြတုန်း ..။
မြန်မာပြည်သူပြည်သားတွေမှာတော့ စက္ကန့်တိုင်း မိနစ်တိုင်းမှာ သူတို့အသက်တွေနဲ့ရင်းပြီး ..
အမှန်တရားနဲ့ လူပီသစွာ လွတ်လပ်နေထိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြတုန်း ..။
၈၈ တုန်းက သတင်းအထောက်အထားတွေ မလုံလောက်လို့ ..
နိုင်ငံတကာက သတင်းတွေမရလို့ ..
အရေးမယူနိုင်ခဲ့ဘူးလို့ ပြောကြတယ် ..။

ဒါဆို အခုကျတော့ရော ..
နည်းပညာနဲ့ တာဝန်သိ နိုင်ငံသား သတင်းထောက်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်
သတင်းဓာတ်ပုံ အထောက်အထားတွေ အများကြီး ..
မြင်တွေ့ .. သက်သေပြနိုင်ခဲ့ပြီပဲ ..။
လူပြောသူပြောတွေကို ပြန်ရေးထားတဲ့သတင်းတွေ ဆိုရင်တောင် ..
သတင်းစစ်မှန်မှုရာနှုန်းမပြည့်လို့ ဆိုပြီး ယုံဖို့ ခက်နေကြအုံးမယ် ..။
အခုတော့ ဖြစ်ပျက်နေတုန်း အမိအရ ယူထားလိုက်နိုင်တဲ့ သတင်းဓာတ်ပုံတွေ ..
လှုပ်ရှားမှု ပုံရိပ်တွေကြောင့် .. အဖြစ်အပျက်ရဲ့ စစ်မှန်မှုရာနှုန်းဟာ ..
ပြည့်ဝတယ်ဆိုတာထက်တောင် ကျော်လွန်နေခဲ့ပါပြီ ..။
ဒါတောင်မှ .. ဘာတွေ စောင့်နေကြသေးတာလဲ ..။
နောက်ထပ် အထောက်အထားတွေ .. ပေးဆပ်မှုတွေ ..
ဘယ်လောက်များအောင် စောင့်ကြည့်နေကြဦးမှာလဲ ..။

ပြောင်ပြောင်တင်းတင်း ပစ်ခတ်လို့ ကျဆုံးသွားသူတွေ ..
ရိုက်သတ်လို့ အသက်ပေးသွားရသူတွေ ..
လူသူမသိ ဖမ်းဆီး နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့သူတွေ ..
အကျဉ်းထောင်တွေထဲမှာ ဆက်လက် နှိပ်စက်ခံနေရသူတွေ ..
သေဆုံးသွားသူတွေနဲ့ အကျဉ်းကျခံသူတွေရဲ့ မိဘအသိုင်းအ၀ိုင်းတွေ တောင်လောင်နေရတဲ့ အပူမီးတွေ ..။
လူလူချင်းတွေရဲ့ အသက်တွေ .. ဘ၀တွေ .. သောကဗျာပါဒတွေ ..
လူလူချင်းတွေကြောင့်.. ဒီထက်ပိုပြီး မပေးဆပ်တန်ရာပါဘူးလေ ..။
... ... ...
အိမ်နီးချင်းတွေတော့ ရှိပါရဲ့ .. အိမ်နီးချင်းကောင်းတွေ မဟုတ် ..။
ပေါ်ပေါ်ထင်ထင် လူသတ်နေတာကို မြင်ကြားနေရက်နဲ့ ..
“ငါနဲ့မဆိုင်” ဆိုပြီး နေ နေသူတွေလည်း ရှိနေလေရဲ့ ..။
ငြိမ်းချမ်းရေးကို မထိခိုက်လို့ ၀င်ပြီး ဟန့်တားစရာမလိုဘူးလို့ ..
ဇွတ်တင်းခံနေသူတွေကိုလည်း အခုမှ ထင်ထင်ရှားရှား မြင်လိုက်ရရဲ့ ..။
မဖြစ်လွန်းလို့သာ ပြောလိုက်ရတယ် ..
အကျိုးစီးပွားတွေကို အထိခိုက်မခံနိုင်တဲ့ အတ္တသမားတွေရဲ့ ရုပ်လုံးတွေလည်း အပီအပြင် ပေါ်လွင်လာလေရဲ့ ..။
“ငြိမ်းချမ်းရေး” လိုလားပါတယ် ..
“လူ့အခွင့်အရေး” ကို အလေးထားပါတယ်လို့ ..
အမောဆို့အောင် ပြောနေသူတွေ ..
ချက်ချင်းလက်ငင်း သက်သေပြရမယ့် အချိန်မှာမှ တွေဝေနေကြတာ ..
အံ့အားသင့်စရာ ..။
ဓမ္မ နဲ့ အဓမ္မ တိုက်ပွဲမှာ ..
အမှန်တရားဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ ၀န်လေးနေကြသူတွေက ..
ဘယ်လို ငြိမ်းချမ်းရေးမျိုးကို အဓွန့်ရှည်စေမှာလဲ ..
ဘယ်လို လူ့အခွင့်အရေးမျိုးကို ကာကွယ်တည်တံ့စေမှာလဲ ..
သူတို့ပြောပြောနေတဲ့ ..
ငြိမ်းချမ်းရေးဆိုတာ ..
လူ့အခွင့်အရေးဆိုတာ ..
စာရွက်တွေပေါ်မှာပဲ ခြေချုပ်မိနေကြရှာတာကိုး ..။
... ... ...
ကုလသမဂ္ဂ .. လူ့အခွင့်အရေးကော်မရှင်ရုံး ..
လုံခြုံရေးကောင်စီ .. ဥရောပနိုင်ငံများ အစည်းအရုံး ..
အာစီယမ် .. အမေရိကန် ..
တရုတ် .. ရုရှ .. အိန္ဒိယ .. ဆိုတဲ့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ..
“ကူညီမယ်” .. “မကူညီဘူး” ..
“၀င်ရောက် စွက်ဖက်ရေး” .. “မစွက်ဖက်ရေး” ..
“စီးပွားရေး ပိတ်ဆို့မယ်” .. “ပိတ်ဆို့ဖို့ သဘောမတူဘူး” ..
“နိုင်ငံတကာ ငြိမ်းချမ်းရေးကို မထိပါးဘူး” .. “လူ့အခွင့်အရေးလေးပဲ ချိုးဖောက်တာ” ..
ကော်ဖီသောက်ရင်း .. ငြင်းခုံနေကြတုန်း ..
သဘောထားတွေ ကွဲလွဲလို့ကောင်းနေတုန်း ..။

မြန်မာပြည်ထဲမှာတော့ ..

ငတ်ပြတ်နေသူတွေ တိုးပွားလာတယ် ..။
အဖမ်းဆီးခံနေရတဲ့ ကိန်းဂဏန်းတွေ .. ပိုများလာတယ် ..။
ဘယ်သူမှ မသိလိုက်ပဲ .. ပြီးဆုံးသွားတဲ့ ဘ၀တွေ .. မရေတွက်နိုင်အောင် ဖြစ်လာတယ် ..။
အလင်းရောင်ထဲမှာတောင် လုံခြုံမှု လုံးလုံးကင်းမဲ့လာတယ် ..။
ဟူးးးးးးးးးးးးးးးးးး ... ... ...
ဘယ်သူ့ကိုများ တိုင်တည်ရပါ့ ..။
... ... ...
အားမလို အားမရစိတ်တွေပဲ ကြီးစိုးနေတယ် ..။
ဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်ကိုလည်း ဒေါသတွေထွက် ..။
မြင်သမျှ ကြားသမျှတွေမှာလည်း .. ကောင်းကွက်တွေ ရှာမတွေ့နိုင် ..။
အားအင်တွေပဲချည့်နဲ့လာသလိုလို ..
ယုံကြည်မှုတွေပဲ အားနည်းလာသလိုလို ..။
ကဲ .. ဘာပဲဖြစ်ဖြစ် ...
အမှန်တရားဆိုတာ တနေ့အောင်မြင်မှာ ကျိန်းသေပဲ ..။
ဒါကိုပဲ ခိုင်ခိုင်မာမာ ယုံကြည်ထားလိုက် ..
အမှန်တရားကို အသက်စွန့်တောင်းဆိုပေးသွားခဲ့တဲ့ ..
ကျောင်းသူကျောင်းသား.. ရဟန်းရှင်လူ ပြည်သူတွေရဲ့ ၀ိညာဉ်တွေ ..
ကျနော်တို့နဲ့အတူ ရှိနေသေးတယ် ..။
ဆက်လက် တိုက်ပွဲဝင်နေသူတွေလည်း .. ၀င်နေကြတုန်း ..။ ဒီတော့ ..
မနီးသေးသော ... (ဒါမှမဟုတ်)
မဝေးတော့သော ... တနေ့ ..။
ဒီအမှန်တရားရဲ့ လင်းလက်မှုတွေ ..
အသေအချာ ဖြန့်ကျဲချလိုက်မှာပါ ..။
တာဝန်ကျေတဲ့ .. တာဝန်သိတဲ့ ..
မြင့်မြတ်တဲ့ .. နောင်လာနောက်သားတွေအပေါ် အမြော်အမြင်ကြီးတဲ့ ..
ကျနော်တို့နိုင်ငံနဲ့ .. ကျနော်တို့ နိုင်ငံသားတိုင်းပေါ်ကိုလေ ..။
... ... ...
အင်း .. အောက်မေ့ဂုဏ်ပြုပွဲကျရင်တော့ ..
“မတရားခြင်းတွေ ဆုံးခန်းတိုင်ပြီး ..
တရားမျှတခြင်းတွေ လွှမ်းမိုးလို့ ..
အမြန်ဆုံး လွတ်လပ်ပါစေ .. အမိပြည်” လို့ နှစ်နှစ်ကာကာ ဆုတောင်းလိုက်အုံးမယ် ..။
[ဓာတ်ပုံများကို ကိုထိုက်ဘလော့မှ ကူးယူဖော်ပြထားပါသည်။]

Sunday, September 16, 2007

ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ။

အီးမေးလ်တခုကနေရထားတဲ့ အကြောင်းအရာလေးပါ။
ကျနော်ကိုယ်တိုင်တောင် ဒီစာဖတ်ပြီးမှ ဘုန်းကြီးတွေ သပိတ်မှောက်ရတဲ့ အဓိပ္ပါယ်ကို နားလည်သွားပါတယ်။
အလည်လာကြတဲ့ သူငယ်ချင်းတွေအတွက်လည်း ဗဟုသုတတိုးစေချင်တဲ့ စေတနာနဲ့ပါ ..။
ဖော်ပြမယ့်အကြောင်းအရာကတော့ ...
“ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ” ပဲ ဖြစ်ပါတယ်။
... ... ... ... ... ...
အကျယ်သို့ ...


“ပတ္တနိက္ကုဇ္ဇနကံ” အကြောင်းသိကောင်းစရာ။

“စက်တင်ဘာလ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး ပခုက္ကူမြို့က မတရားဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်ခံကြရတဲ့ ကိုယ်တော်လေးတွေ ကျေနပ်သည်ထိ တောင်းပန်ရမယ်။

ဒီလိုမှမဟုတ်ရင် သံဃာတော်တွေက စစ်အစိုးရနဲ့အပေါင်းပါတွေကို သပိတ်မှောက်ကြမှာတဲ့” ဆိုတဲ့ သတင်းဟာ ပြည်တွင်းရော၊ ပြည်ပမှာပါ ဟိုးလေးတကျော် ဖြစ်နေပါတယ်။ ဒီနေရာမှာ သပိတ်မှောက်တာနဲ့ စပ်လျဉ်းလို့ သိချင်သူတွေလဲ ကမ္ဘာအနှံ့-ဟုဆိုလျှင် မှားမယ် မထင်ပါ။ ဒါ့ကြောင့် သံဃာတော်တွေ သပိတ်မှောက်တဲ့ ပါဠိလို “ပတ္တနိက္ကုဇ္ဇန” အကြောင်းကို အကြမ်းဖျဉ်း တင်ပြလိုပါတယ်။

သပိတ်မှောက်နိုင်ခြင်း အကြောင်းရင်းများ။

တကယ်တော့ သံဃာတော်တွေ သပိတ်မှောက်ပုံဟာ အလွန်ရိုးရှင်းပါတယ်။ သပိတ်မှောက်နိုင်ခြင်း အကြောင်းရင်း (၈) ချက်ရှိပါတယ်။

(၁) ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ။ ဘုရားရှင်ကို စော်ကားခြင်း။

(၂) ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ။ တရားကို စော်ကားခြင်း။

(၃) သံဃဿ အ၀ဏ္ဏံ ဘာသတိ။ သံဃာတော်ကို စော်ကားခြင်း။

(၄) ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ။ ရဟန်းတော်တွေ လာဘ်လာဘ မရအောင် ပြုလုပ်ခြင်း။

(၅) ဘိက္ခူနံ အ၀ါသာယ ပရိသက္ကတိ။ ရဟန်းတော်တွေ နေရာထိုင်ခင်း မရအောင် ပြုလုပ်ခြင်း။

(၆) ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ။ ရဟန်းတော်တွေ အကျိုးယုတ်အောင် ပြုလုပ်ခြင်း။

(၇) ဘိက္ခူနံ အက္ကောသတိ ပရိဘာသတိ။ ရဟန်းတော်တွေကို ဆဲရေးခြင်း ကြိမ်းမောင်းခြင်း။

(၈) ဘိက္ခူနံ ဘိက္ခူဟိ ဘေဒေတိ။ ရဟန်းတော်အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ခြင်း - တို့ပါပဲ။

ဒီ (၈) ချက်အနက် တချက်ချက်နဲ့ ညိစွန်းရင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို သံဃာတော်တွေအနေနဲ့ သပိတ်မှောက်ပိုင်ခွင့် (“ပတ္တနိက္ကုဇ္ဇန” ကံဆောင်ခွင့်) ရှိပါတယ်။ ဒါတွေကတော့ သပိတ်မှောက်နိုင်ခြင်းအကြောင်းရင်းတွေပါပဲ။

သပိတ်မှောက်တာ ဘယ်ခေတ်က စခဲ့ပါသလဲ။

အမှန်မှာ အခုခေတ်မှ အဆန်းထွင်ပြီး လုပ်တဲ့ကိစ္စမဟုတ်ပါ။ ဗုဒ္ဓလက်ထက်ကတည်းက ရှိခဲ့တာပါ။ လိစ္ဆ၀ီမင်းတပါးဟာ အရှင်ဒဗ္ဗကို သူ့ဇနီးနဲ့ ဖောက်ပြန်တယ် - လို့ မဟုတ်တမ်းတရား စွတ်စွဲပါတယ်။ ထိုအကြောင်း ဗုဒ္ဓသိတော်မူတဲ့အခါ အရှင်ဒဗ္ဗကို သံဃာအလယ်မှာ စစ်ဆေးပါတယ်။ မဟုတ်ကြောင်းထင်ရှားတဲ့အခါ အဲဒီစွတ်စွဲသူကို သပိတ်မှောက်ခွင့် ဗုဒ္ဓက ခွင့်ပြုတော်မူခဲ့ပါတယ်။ ပြန်လည်တောင်းပန်တဲ့အခါ သပိတ်ပြန်လှန်ပေးခဲ့ပါတယ်။

၎င်းအပြင် ဗမာရာဇ၀င်မှာ “ခုံတော် မောင်ကျဘမ်း” ဆိုလျှင် မကြားဘူးသူ ရှားပါလိမ့်မယ်။ စကားတတ်၊ စကားကပ်တဲ့နေရာ တကယ့်ဆရာကြီးပါပဲ။ သူ့အလုပ်က ရှေ့နေ။ သူ့ခေတ်သူ့ခါက သူနဲ့ တရားခွင်မှာ ရင်ဆိုင်ရသူတွေဟာ အရှုံးနဲ့သာ ကြုံရလို့ “ခုံတော် မောင်ကျဘမ်း” ဆိုတဲ့ နာမည်ရထားသူပါ။ တနေ့ သူဟာ ရုံးတော်ကိုအလာ မထေရ်တပါးနဲ့ဆုံတော့ “ကိုယ်တော် ဘယ်က ကြွလာသလဲ” လို့ အထက်စီးလေသံနဲ့ မေးလျှောက်တော့ “ဆွမ်းခံလာတာပါ ဒကာကြီး”လို့ ဖြေတဲ့အခါ “ကိုယ်တော်လို ထင်ရှားတဲ့သူက ဆွမ်းခံကြွစရာ မလိုပါဘူး။ ဘယ်အိမ်သွားပြီး ဆွမ်းခံခံ ရပါတယ်။ အိမ်ရှင်မကို ပါးတောင်ချခဲ့လို့ ရသေးတယ်” လို့ ပြန်လျှောက်တော့ “ဒီတခါတော့ ဒီဒကာကို ဆုံးမဖို့ အချိန်တန်ပြီ” လို့တွေးပြီး ခုံတော် မောင်ကျဘမ်းရဲ့ အိမ်သို့ ကြွသွားပါတယ်။

ဘာကြောင့် မထေရ်မြတ်က အဲဒီလို တွေးရသလဲဆိုရင် တခါမှာ သံဃာတော်တွေ ရေတွက်တဲ့အခါ မောင်ကျဘမ်းက “တယောက် နှစ်ယောက်” စသည်ဖြင့် ရေတွက်တာကို “တပါး၊ နှစ်ပါး” လို့ သုံးသင့်ကြောင်း အချို့သံဃာတော်တွေက မိန့်တော့ “အရိယာတွေတောင် မဂ္ဂဌာန်ရှစ်ယောက်၊ ဖလဌာန်ရှစ်ယောက်လို့ စာပေကျမ်းဂန်တွေမှာ သုံးသေးတာ ကိုယ်တော်တို့ကို ဘာမို့လို့ တပါး၊ နှစ်ပါးစသည်ဖြင့် သုံးရမှာလဲ” လို့ မချေမငံ သံဃာ့အလယ်မှာ ပြောဖူးတဲ့အချက်ကို ပြန်ပြီးမြင်ယောင်လို့ ဖြစ်ပါတယ်။

အိမ်ရောက်တဲ့အခါ မောင်ကျဘမ်းကတော်က “အရှင်ဘုရား ကိစ္စအထူးရှိလို့လားဘုရား” လို့ လျှောက်တော့ “အေး … ဆွမ်းခံလာတာ” မိန့်တော့ မောင်ကျဘမ်းကတော်လည်း ဆွမ်းဘာညာလောင်းလှူပြီး ဦးချ၊ အရှင်မြတ်ပြန်ကြွခါနီးမှာ လက်အုပ်ချီပြီး ရပ်နေရှာတဲ့ မောင်ကျဘမ်းကတော်ရဲ့ပါးကို “ဖြန်း” ကနဲချကာ ပြန်ကြွလာခဲ့ပါတယ်။ အဲဒီအရှင်မြတ်ရဲ့ဘွဲ့ကတော့ အရှင်ဥတ္တမတဲ့။ အရှင်ဥတ္တမ-က မောင်ကျဘမ်းကတော်ကို ပါးရိုက်တဲ့သတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားပါတယ်။ မောင်ကျဘမ်းလဲ အတော်ဒေါသထွက်သွားသတဲ့။ နောက်ဆုံး ရှင်ဥတ္တမ-ကို သူ့ဇနီးအားစော်ကားတဲ့အမှုနဲ့ ရုံးတော်ကို တိုင်ပါတယ်။ အရှင်ဥတ္တမကို ရုံးတော်က ဆင့်ခေါ်ပြီး အမှုစစ်ပါတယ်။ တရားလိုရဲ့ရှေ့နေက မောင်ကျဘမ်းပါပဲ။ သူ့အမှုကို ရုံးတော်မှာ ဦးတိုက်လျှောက်တော့ အရှင်ဥတ္တမ-က မောင်ကျဘမ်းစကားကို ကိုးကားပြီး “ကိုယ်တော်လို ထင်ရှားတဲ့သူက ဆွမ်းခံကြွစရာမလိုပါဘူး။ ဘယ်အိမ်သွားပြီး ဆွမ်းခံခံရပါတယ်။ အိမ်ရှင်မကို ပါးတောင် ချခဲ့လို့ ရသေးတယ်” လို့ ပြောတဲ့အတွက် မောင်ကျဘမ်းစကားအတိုင်း ပြုလုပ်ခြင်းဖြစ်ကြောင်း” ခုခံချေပတဲ့အတွက် မောင်ကျဘမ်းခမျာ အပွဲပွဲနွှဲခဲ့သမျှ အရှုံးနဲ့ ရင်ဆိုင်သွားရပါသတဲ့။

မောင်ကျဘမ်းရဲ့စွဲချက်ဟာ သံဃာကိုစော်ကားခြင်းဖြစ်လို့ သံဃာထုက မကျေနပ်သဖြင့် မောင်ကျဘမ်း မိသားစု၊ အသိုင်းအ၀ိုင်းကို သပိတ်မှောက်ခဲ့ပါတယ်။ တောင်းပန်တော့ သပိတ်ပြန်လှန်လိုက်တာပါပဲ။ အဲဒီအချိန်ကစပြီး ကိုယ်တော်လေး အရှင်ဥတ္တမလည်း “ရှင်ဥတ္တမကျော်”ဆိုတဲ့ နာမည်နဲ့ ယနေ့တိုင် ထင်ရှားနေဆဲပါပဲ။

နောက်ထပ် အထင်ရှားဆုံး အနီးဆုံး အထောက်အထားကတော့ ၁၉၉၀၊ မတ်လ၊ ရှစ်လေးလုံး နှစ်ပတ်လည် အဖြစ် မန္တလေးမြို့မှာ သံဃာတော်တွေကို ဆွမ်းလောင်းရာမှာ နအဖ(န၀တ) က ပစ်ခတ်ဖျက်ဆီးခဲ့လို့ ရဟန်းတော်အချို့ သေနတ်ဒဏ်ရာနဲ့ ပျံလွန်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် န၀တကို ၀န်ချတောင်းပန်ဖို့ သံဃာတော်တွေက တောင်းဆိုခဲ့ပေမယ့် လက်မခံတဲ့အတွက် ၁၉၉၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်နေ့မှာ န၀တနဲ့တကွ သူ့ရဲ့လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို သံဃသာမဂ္ဂီအဖွဲ့ ဥက္ကဌဆရာတော် ဦးရေ၀တ-ဦးဆောင်ကာ သပိတ်မှောက် ကံဆောင်ခဲ့ကြပါတယ်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်က “ဘုန်းကြီးတွေက သပိတ်မှောက်တယ်ပြောတယ်။ မှောက်ပေါ့။ ဘာဖြစ်မှာလဲ..” လို့တောင် ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းကျမှ သာသနာရေးဦးစီးဌာနက ညွှန်ချုပ် ဦးအံ့မောင်-က အသေအချာရှင်းပြမှ သပိတ်မှောက်မှုရဲ့ အတိမ်အနက်ကို သဘောပေါက်ကာ သပိတ်ကို ခွဲဖို့ ကြိုးစားပါတော့တယ်။ ပထမဆုံးအနေနဲ့ ဒီသပိတ်မှောက်တာဟာ မန္တလေးမှာတင်ဖြစ်တာ ရန်ကုန်မပါဘူး-လို့ ထင်ပြီး အားစမ်းတဲ့အနေနဲ့ ကိုးထပ်ကြီးဘုရားမှာ ကိုးရက်၊ ကိုးလ၊ ကိုးဆယ့်ကိုး၊ နံက် ကိုးနာရီအချိန်၊ သံဃာအပါးကိုးရာကို သင်္ကန်းဒွိစုံ၊ ငွေကိုးရာနဲ့ ဆွမ်းကပ်ပွဲလုပ်ပါတယ်။ ရန်ကုန်မြို့က သံဃာတွေက အလှူမခံကြတဲ့အခါ ကမန်းကတမ်း ထောက်ကြံ့၊ မှော်ဘီ၊ လှည်းကူး-စတဲ့ နီးစပ်ရာက ဘုမသိဘမသိ ကိုယ်တော်လေးတွေကို အတင်းပင့်ပြီး ဆွမ်းကပ်ခဲ့ရပါတယ်။ စုစုပေါင်း ဘုစုခရု နှစ်ရာ့ငါးဆယ်၊ သုံးရာခန့်ရှိတယ်လို့ မြင်သိခဲ့ရပါတယ်။ ဒီတော့မှ တကယ်ဆိုတာ သဘောပေါက်ပြီး မဟန ဆရာတော်ကြီးတွေကို သပိတ်ခွဲမဲ့အကြောင်း၊ အာဏာသုံးမဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် အသိပေးပါတယ်။ ထိုစဉ်က မဟန ဆရာတော် ဘဒ္ဒန္တခမာဝုဓ-က တရားဟောပါတယ်။ အရေးပေါ်ကြေငြာချက် ပုဒ်မတွေထုတ်ပြီး မန္တလေးကကျောင်းတိုက်ကြီးတွေကို ကွန်မန်ဒိုတပ်သားတွေနဲ့ဝိုင်းပြီးရှာ၊ သံဃာတော်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ပါတယ်။

ထိုစဉ်က အဖမ်းဆီးခံ ထင်ရှားတဲ့ ဆရာတော်များကတော့ မစိုးရိမ်တိုက်ဟောင်းဆရာတော် အရှင်ကောဝိဒါ ဘိဝံသ (သစအ - ဓမ္မစရိယ)၊ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ရာဇဘိဝံသ (သစအ - ဓမ္မာစရိယ)၊ မရမ်းကုန်း တိပိဋ္ဋက မဟာဂန္ဓာရုံကျောင်းတိုက် အရှင်သုမင်္ဂလာလင်္ကာရ (တိပိဋ္ဋကဓရ၊ ယခုပျံလွန်)၊ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် အရှင်တိလောကာ ဘိဝံသ (သစအ - ဓမ္မစရိယ)၊ သာကေတ ပါဠိကာရီဆရာတော် အရှင်အင်္ဂိသ (ဒွိပိဋ္ဋက)၊ မဂ္ဂင်ဆရာတော် အရှင်ဝါသ၀ပဏ္ဏိ (ဘာသန္တရ ကျွမ်းကျင်၊ ယခုပျံလွန်)တို့မှစ၍ ပုစွန်တောင် ညောင်ကုန်းကျောင်းတိုက်က ကိုရင်ရှင်ဓမ္မာစာရ (၁၃)နှစ်သားလေးထိ ပိုက်စိပ်တိုက် ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အခြားသော ထင်ရှား၊ မထင်ရှားရှိကြတဲ့ သံဃာတော်များလည်း ကျန်ပါသေးတယ်။ ဘွဲ့တော်တွေ ထည့်မဖော်ပြနိုင်သည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

စစ်အာဏာပိုင်များဟာ ဘယ်တော့မှ တောင်းပန်ရိုးမရှိပဲ လက်နက်အားကိုးဖြင့်သာ ဖြေရှင်းလေ့ရှိသည်မှာ ၁၉၆၂ ခုနှစ်မှစပြီး ယနေ့တိုင်ပင် ဖြစ်ပါတယ်။

ယခုလည်း အားလုံးသိကြတဲ့အတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များက လမ်းလျှောက်မေတ္တာပို့သည်ကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်၊ ဦးပဇင်းသုံးပါးကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်၊ သေနတ်ဒင်နဲ့ထု၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို၊ လူဝတ်လဲခိုင်း၊ အချုပ်ခန်းထဲ ထည့် - စတာတွေကို ကျူးလွန်စော်ကားခဲ့တဲ့အတွက် သံဃာထုတရပ်လုံး၊ ပြည်သူတရပ်လုံးက မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ယခုလို သပိတ်မှောက် ကံဆောင်ဖို့ထိ ဖြစ်လာခြင်းဖြစ်ပါတယ်။ အမှန်မှာ အပ်နဲ့ထွင်းရမဲ့ဟာကို ပေါက်ဆိန်နဲ့ထွင်းရအောင် လုပ်ခြင်းပင် ဖြစ်ပါတယ်။ တောင်းပန်ရမယ့်အစား သံဃာတွေကို တင်းကြပ်ဖို့ ဆရာတော်တွေကကို သွေးထိုး၊ သတင်းစာထဲကနေ အမှားတွေရေးသား၊ အဖမ်းဆီးအနှိပ်စက်ခံရတဲ့ ဦးပဇင်းသုံးပါးကို တပါးငွေသုံးသိန်းစီပေးပြီး အဖြစ်မှန်တွေကို မပြောရန် ခြိမ်းခြောက်မှုတွေကို အတင့်ရဲစွာ ပြုလုပ်လာကြတဲ့အတွက် ပိုမိုတင်းမာလာရခြင်းဖြစ်ပါတယ်။

လတ်တလောမှာလဲ ပခုက္ကူမြို့ပေါ်ရှိ ကျောင်းတိုက်အားလုံးကို တိုက်ခါဖို့ဖိအားပေးသဖြင့် ၀ါတွင်းကာလ မှာပင် သံဃာတော်များ နေရပ်ဌာနေအသီးသီးသို့ ပြန်ကြွသွားကြရပါပြီ။ ဒါ့အပြင် စိုးရိမ်ဖွယ် အခြေအနေကတော့ လမ်းလျှောက်မေတ္တာပို့ရာမှာ ပါဝင်ခဲ့ကြတဲ့ .. အထူးသဖြင့် ခေါင်းဆောင်လို့ ယူဆခံကြရတဲ့ သံဃာတော်တွေရဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်။ အလွန်အန္တရာယ်ကြီးပါတယ်။ အများစုမှာ ရပ်ရွာတွေက ဖြစ်တဲ့အတွက် သက်ဆိုင်ရာ စစ်တပ်၊ ရဲနဲ့ အလိုတော်ရိတွေက အချိန်မရွေး အန္တရာယ်ပေးနိုင်လို့ အဲဒီအရှင်မြတ်များ သတိအထူးထားစေလိုပါတယ်။ ဖြစ်နိုင်ရင် ရပ်ရွာပြန်တာထက် မန္တလေးလို မြို့ကြီးတွေကို သွားကြရင် ပိုသင့်တော်ပါလိမ့်မယ်။ ဒါပေမဲ့ ၀ါတွင်းကာလဖြစ်လို့ အခက်အခဲတွေ အများကြီးကြုံပါလိမ့်မယ်။

နေရာတိုင်းမှာ ကမ္မ၀ါစာ ဖတ်စရာလိုသလား။

တကယ်တော့ နေရာတိုင်းမှာ ကမ္မ၀ါစာ ဖတ်စရာမလိုပါ။ တနေရာမှာ ကမ္မ၀ါစာဖတ်လျှင် ကံမြောက်ပါတယ်။ ကြားသိကြတဲ့ ရဟန်းသာမဏေတိုင်း၊ ပြည်တွင်း၊ ပြည်ပ အားလုံးလိုက်နာရပါတယ်။ မလိုက်နာရင် အပြစ် (အာပတ်) သင့်ပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်ပါတယ်။

သပိတ်မှောက်တယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။

သပိတ်မှောက်တယ်ဆိုတာ သပိတ်အမှောက်ခံရတဲ့ မိသားစု၊ အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းစသည်တို့နဲ့ ပတ်သက်တဲ့ သာရေး၊ နာရေးကိစ္စမှန်သမျှကို လိုက်လံပြီး တရားဟောခြင်း၊ အလှူခံခြင်း စသည်တို့ကို မပြုလုပ်ပဲ ကြဉ်ဖယ်ထားခြင်းသာ ဖြစ်ပါတယ်။ သူတို့နဲ့ပတ်သက်တဲ့ ကိစ္စဟူသမျှ လုံးဝကင်းရှင်းစွာ နေခြင်းပဲဖြစ်ပါတယ်။

ဘယ်လောက်ကြာသည်ထိ မှောက်ရမှာလဲ။

သပိတ်မှောက်ခံရသူတွေအနေနဲ့ သံဃာတော်ကို ကျေနပ်သည်အထိ မတောင်းပန်မခြင်း၊ တရားသဖြင့် တောင်းဆိုတဲ့အရာတွေ မလိုက်လျောမချင်း သပိတ်မှောက်ထားပါလိမ့်မယ်။ အကယ်၍ သူတို့အမှားကို မြင်ပြီး တောင်းပန်၊ လိုက်လျောလာတဲ့အခါမှာလည်း သိမ်ထဲမှာ အနဲဆုံး သံဃာလေးပါးနဲ့ ကမ္မ၀ါစာကို ဖတ်ရပါတယ်။ အဲဒါကို “ပတ္တဥက္ကုဇ္ဖန” သပိတ်လှန်တယ် - လို့ ခေါ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ပတ္တနိက္ကုဇ္ဖနကံ အကြောင်းအရိပ်အမြွက်မျှ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုကျင်းပမဲ့ သပိတ်မှောက်ကံဆောင်ပွဲဟာ သာသနာသမိုင်းမှာ စတုတ္ထမြောက် မော်ကွန်း ဖြစ်ပါလိမ့်မယ်။ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ သမိုင်းကတော့ သက်သေခံနေပါလိမ့်မယ်။ နောက်ပြီး အဲဒီသပိတ်မှောက် ကံဆောင်ပွဲနဲ့ ပတ်သက်တဲ့ ရဟန်းမှန်သမျှဟာ အချိန်မရွေး၊ နေရာမရွေး၊ အဖမ်းဆီးခံရပြီး စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ ထောင်ကျရုံတင်မက အသက်ပင် ဆုံးရှုံးနိုင်ကြောင်းကိုလဲ ၁၉၉၀ ပြည့်နှစ်က ဖြစ်ခဲ့တဲ့ အခြေအနေတွေက သက်သေခံနေပါကြောင်း တင်ပြရင်း …


(ဓမ္မသည် အဓမ္မကို အောင်စမြဲ)

သကျကုလ

(စက်တင်ဘာ ၁၆၊ ၂၀၀၇)


Thursday, September 6, 2007

ဆရာတော် ဦးဥတ္တမ အမှတ်တယ။

ကိုယ့်ဘလော့မှာ ဘာမှမရေးနိုင်တာ ကြာပြီ။ ဒါနဲ့ပဲ ..
လာလည်နေကြ သူငယ်ချင်းတွေအတွက် တန်ဖိုးရှိတာလေးလည်း ပေးချင် ..
ကိုယ့်ဘလော့မှာ အသစ်လေးလည်းတင်ဖြစ်ချင်တာနဲ့ ..
ဆရာဦးဇင်လင်း ရေးသားထားပြီး .. ခေတ်ပြိုင်မှာဖော်ပြထားတဲ့
အာဇာနည်ဆရာတော် ဦးဥတ္တမအကြောင်းကို ..
(၉-၉-၀၇)ရက်နေ့မှာ ကျရောက်လာတော့မယ့် ..
ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် တင်ပေးလိုက်ပါတယ်။
.... .... ...
မြန်မာ့လွတ်လပ်ရေးဗိမာန်ကို ပန္နက်ချခဲ့သူ အာဇာနည် မျိုးချစ်ပုဂ္ဂိုလ် ...။
ဇင်လင်း။

မြန်မာနိုင်ငံသူ နိုင်ငံသားတို မမေ့သင့်မမေ့အပ်သော နိုင်ငံ့အာဇာနည်များအနက် ရှေဆုံးတန်းမှပါဝင်သော ရဟန်းအာဇာနည်တပါး ရှိသည်ကို သင်သိပါရဲလားဟမေးလျှင် ယနေခေတ် အသက် (၃၀) အောက် လူငယ်အတော်များများ အဖြေပေးနိင်ကောင်းမှ ပေးနိုင်ပေလိမ့်မည်

သိုဆိုရသည်မှာ ထိုရဟန်းအာဇာနည်ကီး ပေါ်ထွန်းခဲ့သည်မှာ ဗိတိသျှကိုလိုနီခေတ်ကဖြစ်၍ ယနေခေတ် လူငယ်တိုနှင့် အတန်ပင်စိမ်းနေ ဖြစ်သည် ထိုပြင် နှစ်ကာလအားဖြင့် တွက်စစ်လျှင်လည်း ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ စက်တင်ဘာ (၉) ရက်တွင် (၆၈) နှစ် ပြည့်မြောက်ခဲ့ပေပီ ထိုရဟန်းအာဇာနည် ဆရာတော် ဟောပြောရေးသားချက်များမှာ အာာရှင်အဆက်ဆက်အား စိန်ခေါ်လျှက်ရှိသောကောင့် အာာသိမ်း စစ်အစိုးရအဆက်ဆက်က ထိုရဟန်းအာဇာနည် ဘွဲနာမကို သမိုင်းစာမျက်နှာပေါ်မှ ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားထားခြင်း ဖြစ်သည်။ ဤအချက်သည် ခေတ်လူငယ်တိုမျက်ခြေပြတ်သွားရသည့် အဓိကအချက် ဖြစ်ပေသည်

သိုသော် သမိုင်းကို စိတ်ဝင်စား စာဖတ်လေ့ရှိသော လူငယ်များအဖိုမူ ထိုဆရာတော် ဘွဲနာမကို မှတ်မိနိုင်ပါသည် အထူးသဖြင့် ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကွေးကော်သံကို အကောင်းပြု၍ ဆရာတော်ကို မှတ်မိကမည်ထင်ပါသည် ထိုအာဇာနည်အရှင်မှာ ဆရာတော် ဦးဥတဖြစ်သည် ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံပေါကွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို စားဝတ်နေရေး ခက်ခဲကျပ်တည်းကာဆင်းရဲဒုကရောက်နေကရခြင်းသည် အစိုးရ ညံဖျင်းလွန်း၍ ဖြစ်သည်ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေဒေးဒရဲမိုနယ် ဆုကလပ်ရွာ တရားပွဲ ဆရာတော် ဦးဥတ” က ဟောပြောခဲ့သဖြင့် ဗိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဆရာတော်သည် နိုင်ငံရေးအရ ဖမ်းဆီးထောင်ချခံရသော ပထမဦးဆုံး ရဟန်းအာဇာနည်ဖြစ်သည်၊ ကရက်ဒေါက် (Sir Reginlad Henry Craddock) သည် ထိုစဉ်က မြန်မာနိုင်ငံ ဒုတိယဘုရင်ခံဖြစ်သည်

ဆရာတော် ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်သည် အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူ တိုမှ ရခိုင်ပြည်နယ် စစ်တွေမိုပ ရပ်ကွက် (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) တွင်ဖွားမြင်သည် အသက် (၁၅) နှစ် အရွယ်တွင် ကာလကတားမှ တကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည် ထိုနောက် ပခုကမို ရေစကြို စာသင်တိုက်ဗုဒဘာသာ စာပေကျမ်းဂန်များသင်ယူသည် ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိနိယနိုင်ငံ သို့ကြွရောက်ကာလကတားရှိ အိနိယအမျိုးသားကောလိပ်ပါဠိ သက္ကဋ၊ ဘင်္ဂါလီ မာဂရီ ရှေးဟောင်း ဟိနူစာပေများသင်ယူခဲ့သည် ထိုကျောင်းပင် ပါဠိ ပါမောကအဖြစ်လည်းဆောင်ရွက်ခဲ့သေးသည်

၁၉၀၃ ခုနှစ်တွင် အိနိယနိုင်ငံမှ တဆင့် ပြင်သစ် အင်္ဂလန်ဂျာမနီတိုသိုခရီးလှည့်၍ နိုင်ငံတကာအရေး အရာများကို လေ့လာဆည်းပူးခဲ့သည် ဥရောပ ရှိနေစဉ် ၁၉၀၅ ခုနှစ်ုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကားသိရ၍ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကောင်းကို လေ့လာလိုစိတ် ဖြစ်လာသည် သိုဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသိုသွားရောက်ကာ တိုကျို ဗုဒဘာသာ တကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောကအဖြစ် (၄) နှစ်နီးပါး သင်ကားပြသခဲ့ပီး မြန်မာနိုင်ငံ အပြန်ခရီးတွင် ကိုရီးယား မန်ချူးရီးယာုးတ်ကမောဒီးယားနှင့် ထိုင်းနိုင်ငံများသို ၀င်ရောက်လေ့လာခဲ့သည်

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးမအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည် ၀ိုင်အမ်ဘီအေကို စတင်ထူထောင်ခဲ့ကသော ဦးဘဘေ ဦးမောင်ကီး ဦးဘရင်တိုနှင့်၎င်း သူရိယသတင်းစာ စတင် တည်ထောင်ခဲ့ကသည့် ဦးဘကလေး ဦးလှဖေ အစရှိသော ထိုခေတ် လူငယ် လူလတ်များနှင့်၎င်း အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် မည်သိုဆောင်ရွက်သင့်ကကောင်း နိုင်ငံရေးဆွေးနွေးမများ ကျယ်ကျယ်ပြန်ပြန်လုပ်ခဲ့သည်

ဆရာတော် ဦးဥတ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို ဦးတည်သည် လွတ်လပ်ရေး မရနိုင်သေးမီစပ်ကား ဟုမ္မူးခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတိုကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေးကိုးပမ်းအားထုတ်ကဖိုလည်း ရေးသားဟောပြောသည် ခေတ်ပညာတတ်လူငယ် လူလတ်များကိုလည်း ဟုမ္မူးသဘောတရားစိတ်ဓတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည် အထူး သဖြင့် အိနိယနိုင်ငံတွင်ရှိစဉ်က အိနိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစများကို ကွန်ဂရက်ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ဖူးသည် ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီ အဖွဲဝင်ဖြစ်သည်

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို ဒုတိယအကိမ် သွားရောက်ခဲ့သည် ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောကအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစများကို ဂျပန်ရောက် တုတ်ကျောင်းသားများနှင့်ဆွေးနွေးခဲ့သည်ရုတ်နိုင်ငံသိုလည်း သွားရောက်ခဲု့တ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်းတွေဆုံသိကျွမ်းခဲ့သည် ဒေါက်တာ ဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေးကိစများ ဆွေးနွေးခွင့်ရရှိခဲ့သည် ပထမ ကမာစစ်ပီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသိုပြန်ကွလာသည် ထိုအချိန်မှ စတင်မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့သော အသိပညာ ဗဟုသုတများနှင့် ယှဉ်တွဲနိုင်ငံရေး တရားများဟောပြောခဲ့သည် ဆရာတော် ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း တိုးမပေါက် အောင် စည်ကားသည်ဟု သိမှီသူများ မှတ်တမ်းတင်ခဲ့ကသည် ဆရာတော် ဟောပြောချက် တရပ်မှာ သိုဖြစ်သည်

မြန်မာတိုင်းသူပြည်သားတိုဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကရမယ် မြန်မာတိုင်းသူပြည်သားတိုဟာ စွမ်းရည်သတိရှိကောင်း ပညာရှိကောင်းနဲ မဟုတ်မခံ စိတ်ဓတ်ကို ပြရမယ် ဒီလိုပြနိုင်ရင် ကျုပ်တိုကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး ဘယ်လိုအင်အားကီးပီး ရက်စက်ကမ်းကုတ်တဲ့အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲတွန်းလှန် နိုင်ကရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။

ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာ ရှိတယ်။´

ထို့ကြောင့်လည်း ဆရာတော် ဦးဥတမအား ရှေးဟောင်းအတွေးအခေါ်အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင်လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုကလက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနု အမျိုးသားရေးလှုပ်ရှားမှုစတင်ဖေါ်ဆောင်ခဲ့သည့် ဂျီစီဘီအေအသင်းကီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။ ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်နာမည်သတင်း ပိုမိုပေါ်လွင် ထင်ရှားလာသည်။ ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျှက် ၀ံသာနု အသင်းများလည်း တိုးတက်များပြား လာသည်။

သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခန်းတနားဖေါ်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။ ဗုဒသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် သံဃသမဂ္ဂီများထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေး ရအောင်ဆောင်ရွက်ကြရမည်ဟု ဦးဥတမကမိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများပေါ်ထွန်းလာကာ၊ နိုင်ငံရေးတရားဟောပြောသည့် သံဃာတော်များတိုးပွားလာခဲ့သည်။

ဆရာတော် ဦးဥတမ၏ ဟောပြောချက်တခု၌ ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာ ဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃသမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့သည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃသမဂ္ဂီအဖွဲ့ ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်းခေါင်းဆောင်များအပါအ၀င် ရဟန်းရှင်လူ ပရိသတ်ငါးရာကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာတရားပွဲအပြီး ဆရာတော် ဦးဥတမအား နိုင်ငံရေး လုပ်မှုဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ဂျီစီဘီအေအသင်းကြီးကို လူထုကပိုမိုထောက်ခံ အားပေးလာခဲ့သည်။

ဆရာတော်သည် ပထမအကိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ တိုင်းရင်းဖြစ် ပစ္စည်းကိုဝယ်ယူအားပေးကြ တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူ အားပေးကြ ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ် ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကိုးပမ်းကြ ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) စသော ကြွေးကြော်သံများ ကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကီးလမ်း နန်းတော်ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကိမ် အဖမ်းခံရပြန် သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်စေအောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့် အခါတိုင်း ၀ိုင်အမ်ဘီအေ ခေါ် ဗုဒဘာသာကလျာဏယုဝ အသင်း၊ နောင် ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကီး၏ ကိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထု မြန်မာအသင်းချုပ်ကီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင်လည်း သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။ ထိုသို့သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာ လျှက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတမ၏ နိုင်ငံတကာ အတွေ့အကုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့ အနှစ်သာရအရ အမျိုးဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြု ကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။

ထိုစဉ်က ဆရာတော် ဦးဥတမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ်လှုံ့ဆော်ရေးသာခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှု တို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များပါဝင် ဆွေးနွေးဟောပြော လာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌့ ပါဝင်ဆောင်ရွက်လာကြသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆရာတော် ဦးဥတမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျှက် ဟုမ္မရူးတောင်းဆိုဟောပြော ခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ ရာထားသော်လည်း (၇၉)ဦးသာ ရွေးကောက် ခံ ဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။

ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတမက ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံ အုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါ မရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူကသဘောတူ၍ ဆာင်ရွက်လေဟန် ပရိယာယ် ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲမ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေး လုပ်ရန်မဖြစ်နိုင်။ ဗျူရိုကရက်တို၏ သြဇာကိုမလွန်ဆန်နိုင်စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ မှတ်သားအားတက်ဖွယ် ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။

ဟုမ္မရူးအတွက် ကိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ ဒိုင်အာခီကောင်စီ ၀င်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကီးကို မကြောက်ကြနဲ့၊ သူကီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက် ကီးတဲ့ ဘုရင်ခံ ဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ဗျူရိုကရက် တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။

ဆရာတော်ဦးဥတမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြော တောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်း ကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။ ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲ ဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ် ဟန့်တားမှု အမျိုးမျိုးအကြားမှ မိမိနိုင်ငံသူနိုင်ငံသားတို့အား နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက် လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့ပေသည်။ ဆရာတော် ဦးဥတသည် ဒုတိယကမ္ဘာစစ်ကီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့ပေသည်။

၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော နှစ်ငါးဆယ် ကမ္ဘာ့ရေးရာစာအုပ်တွင် ဆရာတော်၏ ကိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် အိပ်သောယောင်္ကျား နိုးသောလားသို့လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ်လပ်ရေးဗိမာန်ကီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကီးပေတည်း။ဟု ဖေါ်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတမ၏ သမိုင်းနှင့် အာဇာနည်ဂုဏ်ပုဒ်တို့ကို စစ်အာဏာရှင် အဆက်ဆက်က မပျက် ပျက်အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေခြင်းဖြစ်ပေသည်။

ယနေ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော လူငယ်မျိုးဆက်သစ်တို့အနေဖြင့် ဆရာတော်ဦးဥတမ၏ အာဇာနည် စိတ်ဓာတ်ကို စံနမူယှု၍ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ကိုးပမ်း အားထုတ်ကြမည်ဆိုလျှင် ဆရာတော်၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ကြောင်း ပြသရာရောက်မည်ဟု ထင်မြင်ယူဆမိပေသည်။

ဆရာတော် ဦးဥတပျံလွန်တော်မူခြင်း (၆၈) နှစ်ပြည့် အထိမ်းအမှတ်။


ကျမ်းကိုးစာရင်း။

(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန္န၀ါရီ။

(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။

(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။

(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။

Tuesday, August 14, 2007

ဆရာကြီး မင်းသုဝဏ် အမှတ်တရ။

ကျနော်တို့တွေ သူရေးသားခဲ့တဲ့ ကဗျာတွေနဲ့
လူလားမြောက်လာခဲ့တာပါ။
အရွယ်ငယ်သေးလို့ အဓိပ္ပါယ်ကို နက်နက်နဲနဲ
သဘောမပေါက်ခင်ကတည်းက
“ဘကြီးအောင် ညာတယ်” ဆိုတဲ့
ဝတ္တုတိုလေးကိုလည်း
အသည်းစွဲ ဖြစ်ခဲ့ဖူးပါတယ်။
ကျနော်တို့ လက်တကမ်းမှာ ရှိနေတဲ့
အတွေ့အကြုံ အဖြစ်အပျက်တွေနဲ့ပဲ ..
လေ့လာမှန်းမသိ လေ့လာမိသွားအောင် သင်ကြားပေးခဲ့သူတဦးပါ။

ဆရာကြီးကွယ်လွန်ခြင်း အမှတ်တရနေ့မှာ
ကျနော် ဖတ်မိလိုက်တဲ့ ကဗျာလေးတပုဒ်နဲ့ ဂါရ၀ါ ပြုလိုက်ပါရစေ။
မြန်မာပြည် လွတ်လပ်ရေးမှာ ကျောင်းသားတွေရဲ့
ဦးဆောင်ထမ်းရွက်မှုကို
ဆရာကြီးက အသိမှတ်ပြု ဖွဲ့ဆိုထားခဲ့တာပါ။

ဆရာကြီး မင်းသုဝဏ် (၁၉၀၉ - ၂၀၀၄)

သာဓုသံ ...

ဒေါင်းပျို ထိုးဆွပ်၊ ဘယ်ညာခွပ်၍

လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား .. ။
အိုးဝေ ကျေးဇူး၊ မထိမ်မြူးပဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓု ခေါ်ကြပါကုန်လော့ .. ။
သာဓုသံတွင် သောတဆင်၍
အသင်ဒေါင်းငယ်၊ မြန်မိမယ်ကို
သက်နှယ် စောင့်ရှောက်နိုင်စေသောဝ် .. ။

မင်းသုဝဏ်။

(ဤကဗျာမှာ ဗကသများ အဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီက ထုတ်ဝေတဲ့
“မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှု သမိုင်း” စာအုပ်ထဲက ဖြစ်ပါတယ်။)

Monday, August 13, 2007

ကိုငှက် အမှတ်တရ ..။

အိမ်ပြန်ချင်တဲ့ စိတ်ကလေး

တားမရတော့ လို့ ..

“ညီလေးရေ ..

လမ်းမမှားအောင် ရွေးကွာ” ဆိုပြီး ..

တဖွဖွ အမှာစကားတွေအဆုံး ..

ကောင်းကင်ထဲက မြစ်တစင်းဆီ

အားလုံးကို သူစိမ်းဆန်ဆန်ပဲ ..

နောက်ပြန် လှည့်မကြည့်တမ်း

ပျံသန်းသွားခဲ့တဲ့ ..

ကိုငှက်ကြီး ...။

ထားခဲ့ဖူးတဲ့ မျှော်လင့်ချက်တွေ ..

တမလွန်မှာ ငြိမ်းအေးပြည့်ဝနိုင်ပါစေဗျာ ..။

(ကိုထူးအိမ်သင်ဝက်ဘ်ဆိုက်မှ ဓာတ်ပုံများ ပို့ပေးခဲ့တဲ့ မင်းသားကြီးကို ကျေးဇူးတင်ပါသည်။)

Sunday, August 12, 2007

လူမှုဗေဒ။

ဒီရက်ပိုင်းထဲ .. အလုပ်အတွက် ပြေးလိုက်လွှားလိုက် ..
ဟိုစာဝင် ဒီစာထွက်ဖို့ .. အရှုပ်တွေ လုပ်လိုက် ..
ဟိုဖုန်း .. ဒီဖုန်း အကြောင်းပြန်လိုက်နဲ့ပဲ ..
တပတ်တော့ ကုန်သွားပြန်ပေါ့ ..။
ကိုယ့်ဘလော့အတွက်တောင် ဘာမှ အစီအစဉ်မရှိဖြစ်နေတာ
ရက် အတော်ကြာနေပြီ။
(အပျင်းကြီးနေတာကို .. ပင်ပန်းတယ်ဆိုပြီး ဆင်ခြေပေးရင်းပေါ့ဗျာ)
ဒါနဲ့ပဲ .. အပန်းပြေအောင်လို့
ကိုယ့်ဘလော့လေး ပြန်ဖွင့်ဖတ်တော့ ..
အသစ် လာလည်သူတွေနဲ့ .. လာနေကျ သူငယ်ချင်းတွေဆီက
ကွန်မင့်လေးတွေ တွေ့ရပါတယ်။
“ဒီအပုဒ်လေးက ဖတ်လို့ ကောင်းတယ် ..
ဒီပိုစ့်လေးကတော့ အဓိပ္ပါယ်ရှိတယ် ..
ဒါလေးကတော့ တွေးစရာလေးနဲ့ ..
ဒီလိုရေးထားတော့ ဘာလေးကို ပြန်သတိရစေတယ်..”
စသဖြင့်ပေါ့လေ ..။
လာလည်ရင်းထားသွားတဲ့ အားပေးစကားလေးတွေ ..။
သူတို့ရဲ့ စကားလက်ဆောင်တွေကို ဖတ်ရင်းနဲ့
ဘာရယ်မဟုတ်ပါဘူး ..
ရင်ထဲက အပျင်းစိတ်တွေနဲ့ ပင်ပန်းတကြီး ဖြစ်နေတာတွေကို
ရေအေးအေးနဲ့ ဆေးချလိုက်သလိုပဲ ခံစားလိုက်ရတယ်။
ငါဘာများရေးလို့ ရနိုင်မလဲဆိုပြီးလည်း
လန်းလန်းဆန်းဆန်းနဲ့ ပြန်တွေးမိလာတော့တယ်။
တွေးရင်းကနေလည်း ခွန်အားပေးတဲ့စကားဆိုတာ
တော်တော် အသုံးဝင် အရေးကြီးပါလားဆိုတာ ..
ကိုယ်တိုင် ခံစား တွေ့မြင်ပြီး .. သဘောပေါက်သွားတယ်။
ကိုယ်တိုင် ခံစားတယ်ဆိုတာကတော့ ..
ကိုယ့်ဘလော့ကို အလည်လာရင်း ထားသွားကြတဲ့
သူငယ်ချင်းတွေရဲ့ တခွန်းစ နှစ်ခွန်းစ စကားတိုလေးတွေဟာ ..
ဘလော့ဖန်တီးသူမိမိကို ကြီးမားတဲ့ တွန်းအားတွေပေးနေသလို
ခံစားလိုက်ရလို့ပါပဲ။
တွေ့မြင်တယ်ဆိုတာကတော့ .. ပြောရရင် နဲနဲလေးရှည်မယ်။
ကျနော် မြင်ခဲ့ ကြားခဲ့တာလေးတခုကို ပြန်ပြောပြမလို့ပါ။
လောကမှာ ..
ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို
ခွန်အားဖြစ်စေနိုင်တဲ့အပြင် ..
အဲဒီ စိတ်အင်အားတွေ ..
ယုတ်လျော့ ကျဆင်းသွားအောင် လုပ်နိုင်တာလည်း
“စကား” တခွန်းနဲ့တင် လုံလောက်တယ်ဆိုတာကို ..
အမှတ်မထင် ကြုံတွေ့လိုက်ရလို့ပါ။

တနေ့က ..
ကျနော် ရုံးတခုကို အလည်ရောက်သွားတယ်။
အားလုံး မြန်မာပြည်သားတွေပါ ..။
အသေအချာ ပြောရရင်တော့
ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေပေါ့ ..။
ကျနော် ရောက်ပြီး ခဏနေတော့ ..
နောက်ထပ် ဧည့်သည်တွေရောက်လာတယ်။
ဒါနဲ့ပဲ ရုံးမှာ အကြီးအကဲဆိုသူက ..
လာလည်သူတွေကို ရွှန်းရွှန်းဝေအောင်
ဧည့်ခံ ကျွေးမွေးပြီး .. စကားလက်ဆုံတွေ ကျနေပါရော။
ဒီတော့ ကျန်တဲ့သူတွေ (လက်အောက်ငယ်သားလို့ သတ်မှတ်ထားသူတွေ)
စိတ်ထဲထင်နေတာက .. လိုအပ်ရင် အကူအညီပေးရမယ်ပေါ့ ..။
အတော်လေးကြာတော့ .. ဧည့်သည်တွေက တနေရာသွားချင်ကြောင်း ..
အခုမှ ဒီနိုင်ငံကိုရောက်လာတာဆိုတော့
လိုက်ပို့ဖို့ပြောရင်း အကူအညီတောင်းပါတယ်။
ဖြစ်ချင်တော့ .. ရွှန်းရွှန်းဝေနေတဲ့ အကြီးအကဲ
ဘာမှ မပြောရသေးခင်ပဲ .. ရှားရှားပါးပါး စိတ်ကောင်းလေးနဲ့
အကူအညီပေးချင်နေတဲ့ ရုံးအကူ ဦးလေးက ..
သူလိုက်ပို့ပေးနိုင်ကြောင်း ပြာပြာသလဲ ၀င်ပြောပါတော့တယ်။
သူတို့ထင်ထားတာက ဒီလိုကူညီလိုက်ရင် ..
အကြီးအကဲကတော့ ကျေနပ်မှာပဲ ထင်လို့ပါ။
ကံဆိုးချင်တော့ .. ထင်သလိုမဟုတ်ပဲ
“မျက်နှာမရ ခြေထောက်ရ” တဲ့အဖြစ် ဆိုက်ပါလေရောလား ..။
ဧည့်သည်တွေသွားပို့ပြီး ၃ နာရီလောက်ကြာတော့ ..
သွားပို့ပေးတဲ့ ဦးလေးပြန်လာပါတယ်။
ဒီမှာတင် ပြဿနာက စပါတော့တယ်။
အကြီးအကဲက ..သူလိုက်မပို့စေချင်တာကို
ရုံးချိန်အတွင်း လိုက်ပို့ရမလားဆိုပြီး
ဆူပူ အော်ဟစ်ပါတော့တယ်။
ဟိုဦးလေးခမြာ ..
အကြီးအကဲလိုက်ပို့စေချင်တယ် ထင်လို့ လိုက်ပို့တာပါလို့
ခခယယပြောဖို့ ကြိုးစားပါတယ်။
ဒါပေမယ့် .. ၀ါကျဆုံးအောင် ပြောခွင့်မသာလိုက်ပါဘူး။
(တကယ်တော့ အကြီးအကဲဆိုသူနဲ့ သူ့တပည့်ဆိုတာ
အရွယ်တူသူတွေပါ)
ကျနော်လည်း မကောင်းတတ်တာနဲ့ ..
ခပ်မြန်မြန်ပဲ နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။
ကျနော် ထွက်လာတဲ့အထိ .. အကြီးအကဲဆိုသူ တယောက် ..
နောက်ကြောင်းပြန်ပြန်ရစ်ပြီး နင်မင်းကဆစကားတွေကို
မပြီးနိုင်မစီးနိုင် .. ရေပက်မ၀င် ပြောဆိုကျန်ရစ်ခဲ့ပါတော့တယ်။
ဒီဆူဆူပူပူ အဖြစ်အပျက်ကို သူတို့ ရုံးခန်းထဲမှာပဲ
ချန်ထားနိုင်ခဲ့ပေမယ့် ..
ကျနော်နဲ့အတူ ကပ်ပါလာတာက
စကားပြောပုံ ဆိုပုံတွေနဲ့ဆိုင်တဲ့
မဆုံးနိုင်တဲ့ ခပ်ရှည်ရှည်အတွေးတခုပါ .. ။

ကောင်းကောင်းမွန်မွန် ရှင်းပြပြောဆိုလည်း ဒီစကားပဲ ..
အော်ဟစ် ဆူပူပြီး ပြောလည်း ဒီစကားပဲ ..။
ဒါကိုပဲ .. လူတွေ ဘာလို့ ကိုယ့်စိတ်နဲ့မတည့်တိုင်း
အလွယ်တလွယ်ကူ စိတ်ထွက်ပေါက်ပေးရာရောက်တဲ့
ဒီလို နှုတ်ကြမ်းလျှာကြမ်းနဲ့ ပြောတာမျိုးကို ရွေးကြပါလိမ့်။
အခြေအနေတခုကို နားမလည်လို့ပဲဖြစ်ဖြစ် ..
ရုံးတခုရဲ့ စည်းမျဉ်းတွေကို အကျွမ်းတ၀င် မဖြစ်သေးလို့ပဲဖြစ်ဖြစ် ..
အမှားတခု ကျူးလွန်မိခဲ့ရင်တောင် ..
အခုလို အော်ဟစ်ကြိမ်းမောင်းနေတာမျိုးဟာ
မှန်ကန်တဲ့ လမ်းကို သွားချင်စိတ်ရှိအောင်
တည့်မတ်ပေးရာ ရောက်ပါ့မလား။
သေချာတာကတော့ .. ဒီလို ပုံစံမမှန်တဲ့ အော်ဟစ်ခြင်းမျိုးဟာ ..
လမ်းမှန်ကို မတွေ့စေပဲ .. နားထောင်သူကို
နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေပဲ ဖန်တီးပေးရာ ရောက်မှာပါ။
ပြောသူမှာလည်း .. မလိုလားအပ်တဲ့
အာဏာရှင်ဆန်ဆန် အလေ့အကျင့်တွေ
စွဲကပ်စေပါတယ် .. (ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ပါ)
တဖက်သားကို နိုင်လိုမင်းထက် ပြောဆိုနေတာတွေ ..
တဖက်စကားကို အချိန်ပေး နားထောင့်လေ့ မရှိတာတွေ ..
တဖက်သားက အမှား .. ငါကမှ အမြဲမှန်တယ်လို့ တွေးတတ်တာတွေ ..
တဖက်သားကို ဖြေရှင်းခွင့် မပေးတတ်တာတွေ ..
အခြေအနေတခုကို ကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်ပဲ ..
ကိုယ်လိုချင်တဲ့နေရာလေးပဲ ကွက်ပြီး အပြစ်ရှာ ထောက်ပြတတ်တာတွေ ..
ဒီလို ပြောဆို ဆက်ဆံပုံမျိုးတွေ ..
တကယ်တော့ .. သာမာန်အခြေအနေတွေမှာတောင်
မကျင့်သုံးသင့်ဘူးလို့ .. (ကျနော်) ထင်တာပဲ။
တဖက်သားကို လေးစားမှုမရှိတာ .. သိသာ ထင်ရှားနေလို့ပါ ..။
ဒါ့အပြင် .. တဖက်သားကို
စိတ်ဓာတ်ကျစေနိုင်တဲ့ စကားတွေပဲ ဖြစ်မှာမို့လို့ပါ ..။
ဒါဆို ..
“လူ့အခွင့်အရေးကို လေးစားပါတယ်” လို့
တပြောတည်း ပြောနေတဲ့နေရာမျိုးမှာ ..
“ဒီမိုကရေစီ အရေးအတွက်ပါ” လို့ ..
တသသ ကြွေးကြော်နေတဲ့ နေရာမျိုးမှာမှ ..
လူသားအဖြစ် လေးစားခံပိုင်ခွင့် ဆိုတဲ့ .. လူတယောက်ရဲ့အခွင့်အရေးကို ..
အပြောအဆိုတခုကနေ နှိမ့်ချပစ်လိုက်တဲ့အဖြစ် ..
ပြောသူရော .. အပြောခံရသူရော .. သတိမှ ပြုမိပါ့လား ..။
အပြန်အလှန်ပြောလိုက်တဲ့ စကားတွေကို ..
ပြန်ရော သုံးသပ်မိပါ့မလား။
ပြောသူက .. “ငါကောင်းကောင်း ဆူလိုက်နိုင်တယ်” ဆိုပြီး
အာဏာအသေးစားလေးမှာ ရစ်မူးကောင်း ရစ်မူးနေလိမ့်မယ် ..။
အပြောခံရသူမှာတော့ ..
“ငါ .. ဘာမှမဟုတ်ပါလား ..။
သူများ အလေးစားမခံရတဲ့ ငါ .. ပါလား ..။” လို့
တွေးပြီး .. ကိုယ့်ကိုကိုယ်တောင် မလေးစားနိုင်တော့ပဲ
ဆောက်တည်ရာမရ စိတ်ဓာတ်တွေ ပျောက်ဆုံးသွားနိုင်တဲ့အထိ ..
စိတ်အနာ ရသွားနိုင်ပါတယ် ..။
နောက်ပြီး .. ဒီဘာမှမဟုတ်တဲ့ စိတ်အခြေအနေလေးတွေကနေ ..
နောင်တချိန်မှာ ကြောက်စရာကောင်းတဲ့ စိတ်ဒဏ်ရာ ပြပွဲကြီးတွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ..။
ဒီတော့ ..
ကိုယ်ပြောလိုက်တဲ့ စကားတခွန်းတိုင်းဟာ ..
တဖက်သားအတွက် လှံသွားသဖွယ် ထိုးနှက်ထိရှခြင်း မရှိစေအောင် ..
အမှန်အမှားကို အေးအေးချမ်းချမ်းနဲ့ ခွဲခြားနားလည်စေအောင် ..
ရင်ထဲကနေ စစ်စစ်မှန်မှန်နဲ့ လုပ်ကိုင်ချင်စိတ်တွေ ပေါ်ထွန်းလာအောင် ..
ကျနော်တို့ အချင်းချင်းကြား .. သတိရှိရှိနဲ့
စေတနာအခြေခံပြီး .. ပြောဆိုဆက်ဆံကြဖို့ အရေးကြီးလှပါတယ်။
တကယ်ဆိုရင် .. ကျနော်ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးဟာ
စိတ်ဓာတ်ရေးရာ တော်လှန်ရေးတရပ် ..
ဆင်နွှဲဖို့ လိုအပ်နေတယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ ..။
ကျနော်တို့ရဲ့ အပြောအဆိုတွေ ..
ဆက်ဆံပုံ ဆက်ဆံနည်းတွေ ..
ဆွေးနွေးနည်း ဆွေးနွေးဟန်တွေဟာ ..
လူတန်းစားအလွှာ ဆိုတဲ့ ပညတ်ချက်တွေအောက်မှာ
ကန့်သတ်ခြင်း မခံရဖို့ ..
ဖြတ်သန်းခဲ့ဖူးတဲ့ ခေတ်ကာလဆိုးတခုက အလေ့အကျင့်တွေကို
ဆက်လက် မသယ်ဆောင်လာမိဖို့ ..
သတိကြီးကြီး ထားရှိသင့်ကြပါတယ် ..။

ဒီမိုကရေစီဆိုတာ ..
ကိုယ့်အတ္တတွေ ထင်ရာစိုင်းပိုင်ခွင့်လား ..။
ခေါင်းဆောင်ဆိုတာရော ..
အရပ်လေးမျက်နှာကို ထင်သလို စိတ်ထွက်ပေါက် ပေးပိုင်ခွင့်လိုင်စင် ရထားတဲ့သူလား ..။
ရယူချင်တာတခုခုရှိလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြလိုက်တာကမှ ..
တဖက်သားကို လေးစား နားလည်ခြင်းလို့ ဆိုလိုတာလား ..။
(တကယ်ဆို ..) ကိုယ့်ကိုကိုယ် ကယ်တင်ဖို့အတွက် ..
“လူအများကြီးကို ကယ်တင်နေရတာပါ” လို့ .. ဟောင်ဖွာဖွာ ပြောနိုင်တာကမှ
နိုင်ငံရေးတဲ့လား ..။
လူတွေပြောပြောနေတဲ့ .. “တန်းတူညီရေး” ဆိုတာ ..
စာမျက်နှာတွေပေါ်ကနေ လူ့လောကထဲ ရောက်လာဖို့ ..
တော်တော်များ ခက်ခဲနေသလား ..။
ဒါတွေ …
စဉ်းစားကြဖို့ ..
အပြန်ပြန် အလှန်လှန် သုံးသပ်ကြဖို့ ..
ပြီးရင်တော့ ..
တန်းတူရေးဆိုတဲ့ အခြေအနေတခု အစပျိုးပေါ်ပေါက်လာဖို့ ..
မနှောင့်မနှေး အကောင်အထည်ဖော်ကြဖို့ ..
ကျနော်တို့ အားလုံးမှာ .. တာဝန်ရှိနေပါတယ်။

နိုင်ငံရေးဆိုတာရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ..
လူမှုဗေဒ ညက်ညောအောင် ..
အချင်းချင်း နားလည်မှုတွေ .. လက်ခံနိုင်မှုတွေ မြန်မြန်ရအောင် ..
ဆရာတော် ရှင်မဟာရဌသာရရဲ့ ကဗျာလေးလို ကျင့်သုံးကြရအောင်ဗျာ။
“တယောက်စကား ..

တယောက်နားမှာ မခါးရအောင် ..
သတိဆောင်၍ .. မောင်တို့ ဆိုလေ ..
ပျားသကာသို့ ချိုလှစေ ..”
(ကဗျာ အမှားပါလျင် ပြင်ပေးပါ .. ဒီလောက်ပဲ မှတ်မိလို့ပါ)