Sunday, October 21, 2018

ညီမလေးနဲ့ ညီလေး ..
သစ်ပင်တွေများလာတဲံအခါ ..
လေထုကြီး သန့်စင်တယ် ..

လူတွေများလာတဲ့အခါ ..
သန့်နေတဲ့ လေထုကြီး ညစ်ညမ်းခွင့်ရတယ် ..

သစ်ပင်တွေများလာတဲ့အခါ ..
ဆူညံသံတွေကို စုပ်ယူ မြိုချပြီး ..
သူတော်စင်တွေ နှစ်သက်တဲ့
ငြိမ်သက်မှုကို ဖြစ်တည်စေတယ် ..

လူတွေများလာတဲ့အခါ ..
သူတို့နှစ်သက်တဲ့ ..
ဆူညံမှုတွေကို
တကူးတက ဖန်တီးကြပြန်တယ် ..

သစ်ပင်တွေ များလာတဲ့အခါ ..
လောကကို အအေးဓာတ်နဲ့
ဆင်မြန်းလို့ ..
ငြိမ်းချမ်းစေတယ်..

လူတွေ များလာတဲ့အခါ ..
အပူတကာ့ အပူဓာတ်တွေ ထုတ်လွှတ်လို့ ..
မြင်သမျှကို လောင်ကျွမ်းစေပြန်တယ် ..

အဆုံးမှာတော့ ..
အခိုင်းနှိုင်းခံရတဲ့ လူတစုဟာ ..
သစ်ပင်တွေကို ရန်သူအဖြစ် သတ်မှတ်လို့ ..
ရန်သတ်တရု ပြုကြပါလေတယ် ..

အဲ့လူစုထဲ မင်းပါနေလား ..
ဆန်းစစ်ဖို့တောင် အတော်နောက်ကျနေပြီလို့ ..
ပြောလည်းပြောချင်ပါရဲ့ .. 
😉

--99--
10/ Oct/ 2018
"Trees vs Human" - Sketch by 99


No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...