Thursday, October 30, 2008

ကြယ်စင် ည ..။

.. ည ..
အရာရာ အတွက်
ဆိတ်ငြိမ်လွန်းတဲ့ .. ကာလ
အနက်ရောင် .. အနုအရင့်တွေ
ခင်းကျင်းထားတဲ့
ဒီ ညလွှာရုံထဲ ..
င့ါ .. နှလုံးသားတခုလုံး
အသုံး မပြုနိုင်အောင်ကို ..
.. ပြုတ် ..
..
.
ကျ
..
.

တကယ့်ကို ..
သာသာ မွမွလေးပါပဲ ..
အပြစ် မဆိုသာပေမယ့်..
ဒီရင်ထဲ ကျန်ရစ်သမျှက ..
ဟာတာတာ .. ဖြေစရာမရှိတဲ့ ..
နေလောင်လိုက် .. မိုးမှောင်မိုက် ..
အူကြောင်ကြောင်
ကမ္ဘာကြီး လိုပေါ့ ..
.
..
.
.. ဟိုမှာ ..
ကြယ်စင်တွေ .. ခင်းထားတဲ့လမ်း
[ကမ္ဘာပတ် လမ်းထဲတော့ ရောက်နေပြီ ..]
အေးချမ်းမှုတွေနဲ့ ..
စောင့်ကြိုနေလိမ့်မယ် (ထင်ရဲ့ ..)
ငါ့ .. ကြယ်တံခွန်လေးရေ
အစောဆုံး .. ပြန်ဆုံခွင့်
ရပါရစေ .. ။

... 99 ...
၃၁ အောက်တိုဘာ ၂၀၀၈။

Saturday, October 25, 2008

လောက အလိုကျ ..။

ဒီဝရန်တာလေးရဲ့ ..
ဟိုတဖက် လွင်ပြင်လျှိုထဲ
..
မြက်ရိုင်းပင် .. ရှည်မြောမြောတွေ ..
အုံ့အုံဆိုင်းဆိုင်းနဲ့ .. စုဖွဲ့နေကြပေါ့ ..
မြင်ကွင်းလေးရေ ..
တကယ့်ကို .. မယဉ်မရိုင်းပါပဲ ..
လေရူးတွေ .. ကျီစယ် ကလူကြတော့ ..
မြက်ရိုင်းပင် .. အလိုတူတိုင်း ..
[
ရှင်သန်ခြင်း အခြေခံအတွက် ..]
ယိမ်းပါး ကခုန်နေကြ .. .. ..

ဒီဝရန်တာလေးရဲ့ ..
ဟိုတဖက် လွင်ပြင်လျှိုထဲ
..
ထီးတည်းသော အရိပ်အိုတွေ ..
အုံ့မှိုင်း
နှစ်ချို့ပေမယ့် ..
ငှက်တသောင်းမက .. နားစေခဲ့ဖူးသတဲ့ ..
မြင်ကွင်းလေးရေ ..
တကယ့်ကို .. သောမနသပါပဲ ..
လေရိုင်းတွေ .. အဆင်ခြင်မဲ့လေတော့ ..
[ရှင်သန်ခြင်း အခြေခံကို မငဲ့ကွက် ..
ဒီတော့လည်း .. .. .. .. ]
အတုံးအရုန်းနဲ့ .. လဲပြိုရှာကြ .. .. ..

လောကရဲ့ သဘော
အလိုအရ ..
မြက်ရိုင်းပင်ထုံးပဲ .. နှလုံးမူသင့်ရော့သလား ..

ဒီဝရန်တာလေးရဲ့ .. ဟိုတဖက် လွင်ပြင်လျှိုထဲ ..
ဟိုဒီ ပျံဝဲ .. ပျံလွှားငှက်လေးတွေ ..
ခရီး ဘယ်များ .. ဆက်ကြမလဲကွယ် ..
အော်စကာဝိုင်းလ်ရဲ့ မင်းသားလေးဆီ ..
တခါတခေါက် ဖြစ်ဖြစ် .. ၀င်ပေးခဲ့ကြပါ ..
အပြန်ခရီးမှာ .. မင်းသားလေးရဲ့ နှလုံးသား ..
ကောင်းကင် တမန်တော်ထံပါးက ..
မဖြစ်မနေ .. လက်ဆင့်ကမ်းခဲ့ပါ ..
ဒီကမ္ဘာမြေ .. နေရာအနှံ့ ..
သူ့နှလုံးသားရဲ့ အနှစ်သာရတွေ
..
ရက်ရက်ရောရော .. ဖြန့်ဖြူးလိုက်ချင်လို့ပါ .. .. ..

ဟိုးး
တဖက် .. လွင်ပြင်လျှိုအဆုံးရဲ့ ..
စည်းလွတ်ဝါးလွတ် ..

ကောင်းကင်မိုးထက်မှာတော့
..
တိမ်ရောင်စုံတွေ ..
မင်းရေး .. မင်းသွေး .. ကြွယ်နေကြ
..
အလို ..!
ကြည့်
မြင်ရာမှာ ..
နဂါးစက်တွေချည်းပါလား ကွယ်ရို့
.. .. ..

… 99 …
၂၅ အောက်တိုဘာ ၂၀၀၈။

Monday, October 13, 2008

လရောင် ..။

ပြည့်သွားပြန်တဲ့ .. လ ..
ဒီနေ့ည .. တွေ့ကို တွေ့ရအုံးမယ် ..

အင်းး .. မှုန်ဝေရီဝါးနဲ့ ..
အရင်လို မပီပြင်တုန်းပဲနေမှာပါ ..

ညတုန်းကတော့ ..
ပြူလက်စ လရေးရေး ..
တိမ်ထွေးထွေးတွေကြား ..
ခပ်မှေးမှေး အိပ်မောကျနေပုံများ ..
တကယ့်ကို .. အကျအနပါလား ..
...
..
.
တလောကလုံး ..
ငံ့လင့်လို့ .. ကောင်းနေကြတုန်း ..
မပီပြင်တဲ့ .. စုတ်ချက်တွေနဲ့တော့ ..
ကမ္ဘာမြေရဲ့ အနာတရတွေကို .. မနိုးကြွစေနဲ့ပေါ့ ..
ကြည်လင်တဲ့ .. ရောင်ခြည်မျှင်တွေနဲ့ပဲ ..
သာယာစေမယ့် .. ယုံကြည်ခြင်းတွေ ..
ခင်းဖြန့် .. ရုန်းထပါစေကွယ် ..။

... 99 ...
သီတင်းကျွတ် လပြည့်နေ့။