မီးခိုးရောင်ချည့် .. ရစ်သိုင်းခံနေရတဲ့ ..
ကာလရှည်ကြာ .. ညနေခင်းနုနု ..
ပြောင်းလဲခြင်းအမှုနဲ့ .. တွေ့တော့မှာလား ..
..
.
မီးခိုးမှာ အဖြူသိုင်း ..
မြူဆိုင်းဆိုင်းတွေ .. နှောင်ဖွဲ့ ..
မြင်ကွင်းတိုင်း .. လွမ်းမောကျန်လျှက် ..
..
.
လွမ်းရတာတွေ .. မောရတာတွေ ..
တုတ်လိုက် .. နှောင်လိုက် ..
ရစ်လိုက် .. ပတ်လိုက် ..
ထက်ထက် .. ရှရှ ..
မီးခိုးမှာ .. အနီရင့်ပေါင်းပြီး ..
အသွေးတွေ .. စိုးမိုးတယ် ..
..
.
နှင်းကန့်လန့်ကာ .. နင်းဖြတ်သွားတဲ့ ခဏ ..
ညိုမှောင်မှောင်အရိပ် ..
အသွေးဆီ ဖိတ်စင်လေတယ် ..
ဆည်းဆာရေ ..
မင့်အလွန် .. ဟိုတဖက်မှာ ..
အနက်ရင့်တွေ အုပ်စိုးတဲ့ ..
နှင်း.. ညနေတွေ .. တဲ့ကွယ် ..။
... 99 ...
၂၁ နိုဝင်ဘာ ၂၀၀၉။
နှင်းကလေးကို သတိရသွားတယ်။
ReplyDeleteတို့ဆီတော့ နှင်းတွေ စကျနေလို့ အေးနေပြီး။ နှင်းညနေ
ReplyDeleteကဗျာလေး ကောင်းတယ်။
wow.. အရမ်းမိုက်တယ်ဝေ့........
ReplyDeleteသားသားကြိုက်ကြိုက်...!!!