အလွမ်း သီချင်းတွေချည်း ..
ဆိုငြီးပြ မနေပါနဲ့တော့ ..
ပန်းခင်းတဲ့ .. လမ်းကလေးအကြောင်းလည်း ..
(တခေါက်လောက် ဖြစ်ဖြစ်တော့ ..)
လိုလိုချင်ချင် .. နားဆင်ချင်သေးတယ် ..
...
..
.
ပျံလွှားလေး တကောင်နဲ့တော့ ..
နွေဦးတွေကို ဖန်တီးနိုင်စွမ်း မရှိသေးပါဘူးလေ ..
တနေ့နေ့ပေါ့ ..
ပျံလွှားတွေ အုပ်စုလိုက် ..
ဖွဲ့တည်ပျံသန်းခွင့် ကြုံခဲ့ရင်တော့ ..
ဒီနွေဦးကို ..
ဖီးနစ်တွေအဖြစ်နဲ့ ကြိုဆိုလိုက်ကြမယ် ..။
... 99 ...
၁၉ နိုဝင်ဘာ ၂၀၀၈။
ဂျိုးလေးတွေလည်း မပါဘူးလား
ReplyDeleteအေးဗျာ ဖီးနစ်တွေအဖြစ်စောင့်ကြိုရမယ့် နေ့ရက်တွေကို လက်ရေချိုးပြီး စောင့်နေရအောင်နော်
ReplyDelete