ဟော .. ဟိုမှာ .. .. ..
.
..
တိမ်ဖြူဖြူတွေ ..
ပြာလွင်လွင် ကောင်းကင်ပြန့်ဆီမှာ ..
ထီမထင် .. ခြေဆန့် ပြေးလွှားနေလိုက်တာ ..
လေပြေတွေ ..
ဟင်းလင်းပြင် ကမ္ဘာမြေအနှံ့ ..
စိတ်ထင်တိုင်း .. ချယ်လှယ် တိုးဝှေ့နေလိုက်တာ ..
တိမ်တွေ ဖြစ်ချင်တယ် ..
အဆုံးအစမဲ့တဲ့ ခရီးတွေကို ..
နှောင်တွယ်ဖွဲ့ငင် ကင်းရှင်းတဲ့ ..
အကန့်အသတ် .. မခံ .. ဘ၀မျိုးနဲ့ ..
လွင့်မြောကြည့်ချင်လို့ ..။
လေပြေ ဖြစ်ချင်တယ် ..
ကမ္ဘာကုန် ကျယ်သရွေ့မှာ ..
အလွှာစုံ နေရာအနှံ့ကို ..
ကျီစယ်ကာ ပေါ့ပေါ့ပါးပါးနဲ့ ..
စိတ်သွားတိုင်း အရောက်လှမ်းကြည့်ချင်လို့ ..။
... 99 ...
၂၉ မတ် ၂၀၀၈။
ကဗျာလေးက အရေးအသားရော စကားလုံးလေးတွေေ၇ာ ရည်ရွယ်ချက်လေးေ၇ာ ကောင်းတယ်ဗျာ
ReplyDeleteစိတ်ခရီးနှင်ပြီးလိုရာရောက်နိုင်ပါစေ :D
ReplyDeleteကဗျာလေးကို ဖတ်လိုက်တာနဲ့ ပေါ့ပါးသွားတယ်ဗျာ ..
“တိမ်တွေ ဖြစ်ချင်တယ် ..
ReplyDeleteအဆုံးအစမဲ့တဲ့ ခရီးတွေကို ..
နှောင်တွယ်ဖွဲ့ငင် ကင်းရှင်းတဲ့ ..
အကန့်အသတ် .. မခံ .. ဘ၀မျိုးနဲ့ ..
လွင့်မြောကြည့်ချင်လို့ ..။” ဒီအပိုဒ်လေး တင်စားထားတာကို အရမ်းကြိုက်တယ်ဗျာ။ တခါတလေ အနှောင်အတွယ်ကင်းစွာနဲ့ လွင့်မြောကြည့်ချင်တယ်ဗျာ။ ကဗျာလေးက စိတ်ကိုထွက်ပေါက်ပေးတယ်ဗျ..
တကယ်ပဲ ကောင်းကင်ပေါ်ကိုပျံတက်သွားသလိုပဲ။ တခါတလေတော့လည်း အဲလိုလေး စိတ်အလိုအတိုင်း လျှောက်သွားလိုက်ချင်တယ်။
ReplyDeleteဟေ့ရောင်.. ပြောလို့ပြောတာမဟုတ် ကောင်းတယ်။
တိမ်တွေလို လွှင့်မျောလိုက်ချင်တယ်နော် တခါတရံမှာပေါ့...လေပြေလေးလဲကောင်းတာပဲနော်...
ReplyDeleteကဗျာလေးဖတ်ပီးပေါ့ပါးသွားတယ် အကိုနိုင်းနိုင်းရေ ဇူးဇူးပါ ရှင့်...အဆင်ပြေပါစေ...း)