Wednesday, February 27, 2008

အရောင်များရဲ့ အသံ ..။

ထိုင်ပေမြို့မှာ မွေးဖွားခဲ့တဲ့ စာရေးသူ “ဂျင်မီလျောင်ဝ်” ဟာ ကင်ဆာရောဂါကနေ လွတ်မြောက်ခဲ့သူပါ။ သူ့ဘ၀ တလျှောက်လုံး ကလေး စာပေနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီး .. သူ့စာအုပ်တွေကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ကမ္ဘာအနှံ့မှာ ထုတ်ဝေခဲ့ပါ တယ် ..။ အခုဖော်ပြထားတဲ့ အရောင်များရဲ့ အသံ” စာအုပ်ကိုတော့ “ဆာရာအယ်လ်သော်မ်ဆမ်” က အင်္ဂလိပ်ဘာသာကို ပြန်ဆိုပေး ထားပါတယ် ..။ ဒီစာအုပ်ကို စင်တင်ပြဇာတ်တွေနဲ့ ကာတွန်းရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပြီးပါပြီ ..။

အရောင်များရဲ့ အသံ” စာအုပ်ထဲက မျက်စိအလင်းအာရုံ ကွယ်ပျောက်သွားခဲ့တဲ့ မိန်းခလေးဟာ ..
ဘ၀အတွက် သူ့မျှော်လင့်ချက် ...
သူမြတ်နိုး နှစ်သက်တဲ့အရာတချို့ ...
ပျောက်ဆုံးသွားခဲ့တဲ့ အလင်းရောင် .. တွေကို ရှာဖွေနိုင်ဖို့ ..
အိမ်ထဲမှာ စိတ်ဓာတ်ကျမနေပဲ ..

စိတ်ကူးအတိုင်း ခရီးထွက်ခဲ့တာကို ပုံဖော်ရေးချယ်ထားတာပါ ..။
သူနဲ့အတူ .. ကျနော်လည်း အတူခရီးထွက်ခဲ့မိပါတယ် .. ကျနော်တို့ဘ၀မှာ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွားတာတွေကို ရှာဖွေ ကြည့်ချင်လို့ပါ ..။

အရောင်များရဲ့ အသံ ..

[စိတ်ကူးနဲ့ နှင်တဲ့ခရီး]

လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး .. ကျမရဲ့အမြင်အာရုံတွေ တဖြည်းဖြည်း ပျောက်ကွယ်လာ တာကို သတိထားခဲ့မိတယ် ..အိမ်မှာ တယောက်တည်း ထိုင်နေရင်းနဲ့ အမှောင်ကမ္ဘာကြီး ကျမဘေးမှာ လွှမ်းခြုံနေရာယူလာတာ ကို ခံစားနေခဲ့တယ် ..
ဒါပေမယ့်
.. ဒီနေ့တော့ မီးခိုးရောင် ခပ်ပျော့ပျော့ မိုးရေတွေထဲကို လမ်းလျှောက်ထွက်လာ ခဲ့တယ် ..
ကျမရဲ့ ဦးတည်ရာက
.. မြေအောက်ရထားဘူတာရုံဘက်ကို ..
ကျမမှာ ရှေ့ဆက်ရမယ့် ခရီးတွေရှိနေသေးတယ်
..
ကျမ ရှာဖွေချင်နေတဲ့ ကိစ္စတချို့ ရှိသေးတယ်
..

မြေအောက်ရထားဘူတာရုံရဲ့ လမ်းဘေး ပလက်ဖောင်းရှိရာ အောက်ဖက်ကို ကျမ ဆင်းသွားတယ် .... အဲဒီမှာက လေတိုက်တာတွေ .. မိုးရွာတာတွေ ဘယ်တော့မှ မရှိ ဘူးလေ ..
ရထားစောင့်နေရင်းနဲ့ ကျမ စပြီး စဉ်းစားမိလိုက်တာက
..
တကယ်လို့များ
.. တကမ္ဘာလုံးက မြေအောက်ရထားလမ်းတွေသာ တလမ်းတည်း ဖြစ်သွားခဲ့ရင် … ကျမ ဘယ်ကို သွားရတော့မလဲ ..
ကျမ စိတ်ကူးလွင့်ဝဲကျတဲ့ .. ဘယ်နေရာမဆိုဖြစ်နိုင်တာပဲနော်
..

နောက်တော့ .. လူတွေပြည့်နှက်နေတဲ့ ရထားထဲ .. ကျမကိုယ်ကျမ အတင်းတိုးဝင်လိုက်ရတယ် ..
ခရီးအဆုံးမှာ
ဒီလူတွေအားလုံးကို .. စောင့်နေမယ့် သက်ဆိုင်ရာ တစုံတယောက် တွေများ ရှိနေမလားလို့ တွေးရင်းနဲ့လေ..

ရထားကြီးက ဘူတာရုံထဲကို တကျွီကျွီ အော်မြည်ပြီး ဆိုက်ကပ်လာတယ် ..
အဲဒီနောက် ရထားကြီးရဲ့တံခါးတွေ လျောကနဲ
ပွင့်လာတယ် ..
အခုတော့ .. ဒီဘူတာရုံလေး ဘာနဲ့တူမှန်းတောင် ကျမ မမှတ်မိတော့ဘူး
..
ကျမအပြင်ကို ထွက်လိုက်ရင်
.. ကျမပတ်ဝန်းကျင်မှာ ဘာတွေများ ရှိနေမှာလဲ ..

ကျမ ဘူတာရုံထွက်ပေါက်ရှိရာ လှေခါးတွေပေါ်ကို တက်သွားတယ် .. ခြေချော်ပြီး လဲမကျဖို့ ဂရုတစိုက်နဲ့ ပေါ့ ..
ဆင်ကြီးတကောင်သွားနေသလို ခပ်အိအိ ခပ်နှေးနှေးပေါ့
..
ဖြေးဖြေးလေးလေး ခပ်အေးအေး စိတ်ရှည်ရှည်နဲ့
.. တလှမ်းချင်းလှမ်းရင်းပေါ့ ..

နောက်ဆုံး .. ကျမလိုဏ်ခေါင်းရှည်ကြီးအပြင်ဘက်ကို လှမ်းထွက်ခဲ့ပေမယ့် .. အလင်းရောင်ကို မမြင်ခဲ့ပါဘူး။ ဒါပေမယ့် .. ကျမအနားမှာ သစ်ရွက်တွေ ကြွေကျနေတာကို ခံစားမိတယ် ..။ နေရောင်ခြည်တွေ ဖြာကျနေလို မျိုးပေါ့ ..
ဒီအနီးအနား တနေရာမှာ ရွှေရောင်သစ်ရွက်လေးတရွက် မြုပ်နှံထားတယ်ဆိုတဲ့ ပုံပြင်တပုဒ်အကြောင်း ကျမ ကြားခဲ့ဖူးတယ်
..

ကျမ ပန်းသီးတွေ ခူးချင်တယ် .. အရည်ရွှမ်းရွှမ်းအသီးကြီးဟာ ကျမလက်ထဲ .. လေးလံနေမှာပဲနော် ..
နီမြန်းပြီး ချိုအီတဲ့အနံ့တွေလည်း သင်းနေမှာ
..
နောက်ပြီး .. လုံးဝန်းပြည့်ဖြိုးနေမှာပဲ ..

ကျမမြေအောက်ရထားဆီကို ပြန်ဆင်းလာခဲ့တယ် ..
ရထားက ကျမကို တခါပြန်သယ်ဆောင်သွားခဲ့တယ်
.. အမှတ်ရစရာတွေလည်း တပါတည်း ယူဆောင်လာရင်းပေါ့ ..

ဘူတာအသစ်မှာ ..
လှေခါးတွေပေါ် နောက်တခါ တက်ရပြန်တယ် ..
ကျမသာ သမုဒ္ဒရာထဲကို ခုန်ထွက်သွားရင် ဘယ်လိုနေမလဲနော်
..
လင်းပိုင်လေးတွေရဲ့ ဘာသာစကားကို ကျမနားလည်တယ်လို့ အိပ်မက်မက်တယ်
..
သူတို့စကားက .. ကျမကို ပင်လယ်ရဲ့လျှို့ဝှက်ချက်တွေ .. သိစေ .. ကြားစေတယ်
..
အင်း .. ကောင်းကင်ကြီး ဘယ်လို အပြာရောင်သမ်းတယ်ဆိုတာတောင် .. ကျမမေ့သွားပြီ ..
ဒါပေမယ့်
.. စိတ်ထဲမှာတော့ တိမ်တွေ ပုံသဏ္ဍန်ပြောင်းနေတာကိုတော့ .. ကြည့်နေ မြင်နေတုန်းပါပဲ ..

လိုဏ်ခေါင်းထဲမှာ ရထားသွားနေတဲ့အသံဟာ .. ဟိုးးး ..ခပ်ဝေးဝေးကမ်းစပ်က လှိုင်းပုတ်သံတွေနဲ့ တူပါလားဆိုတာ ကျမ ဘယ်တုန်းကမှ သတိမထားခဲ့မိဘူး ..

နောက်ဆုံးလှေခါးထစ်ကနေ လှမ်းထွက်လိုက်တဲ့အခါ .. ကျမခြေထောက် အောက်ဖက်မှာ ဘာမှ ရှိမနေဘူးဆိုရင် .. ဘာဖြစ်သွားနိုင်လဲလို့ ကျမတွေးကြည့်မိတယ် ..
လေထုကြီးက ကျမကို ပျံသန်းတတ်အောင် သင်ပေးရင် သင်ပေးမှာပေါ့
..
ငှက်ကလေးတွေကို သင်ပေးသလိုမျိုးလေ
..
ပြီးရင်
.. ကျမကို ရထားတွေရှိတဲ့ဆီ ပြန်သယ်ဆောင်သွားပြီး .. ညင်ညင်သာသာလေး ချပေးလိမ့်မှာပေါ့ ..

တခါတလေ .. လမ်းမတွေက သူတို့ကိုယ်သူတို့ ၀င်္ကဘာတခုလိုပဲ ဟန်ဆောင် တတ်ကြတယ် ..
ဒါပေမယ့်
.. သေသေချာချာ ဂရုတစိုက်ကြိုးစားကြည့်ရင် .. “ထွက်ပေါက်တခုဆိုတာ အမြဲလို ရှိစမြဲပါ..

ဒီဘူတာရုံလေးရဲ့အခြေအနေဟာ မနေ့ကနဲ့ ဒီနေ့ .. အတူတူပဲလားဆိုတာ ကျမဘယ်တော့မှာ သိမှာမဟုတ်ပါဘူး ..
ညတွင်းချင်းပဲ ပြောင်းလဲသွားခဲ့သလား
..
အသစ်တခုအဖြစ်များ ဖွံ့ဖြိုးသွားခဲ့ပြီလား
..
အဲ .. ကမ္ဘာ့ပေါ်ကနောက်ဆုံး ဘူတာရုံကို ကျမ
.. ရောက်နေတာလည်း ဖြစ်နိုင်တာပဲ ..
ဒီလိုဆိုရင်တောင်
.. ကျမခရီးက မဆုံးနိုင်သေးပါဘူး ..
ကျမ လိုချင်တာကို ရှာမတွေ့မချင်းပေါ့ ..

ရထားတွေက ကျမနားမှာ ယိမ်းထိုးလှုပ်ခါ အော်မြည်ရင်း.. အလျင်စလိုပဲ ဖြတ်သန်းသွားလာနေကြတယ် ..
ဘယ်ရထားက ကျမသွားချင်တဲ့နေရာမှန်ကို ရောက်အောင် ပို့ဆောင်ပေးမှာလဲ
..
မြေအောက်ထဲမှာ လမ်းပျောက်ဖို့ဆိုတာ
.. တကယ့်ကို လွယ်လွယ်လေးပဲ ..
ကျမဘယ်နားမှာ ရောက်နေတာလဲ
.. ဘယ်ကို ဆက်သွားမှာလဲ ..
ပြီးတော့
.. ကျမ ရှာဖွေနေတာနဲ့ရော တဖြည်းဖြည်း နီးလာပြီလား ..

ကလေးလေးတယောက်က ကျမကို မေးတယ် …။
အိမ်အပြန်လမ်းရောက်အောင် ဘယ်လိုသွားရမလဲတဲ့ ..
ငါလည်း မင်းလို .. ရှာနေတာပါကွယ်” .. လို့ ပြန်ပြောမိတယ် ..
အိမ်ဆိုတာ ..
ကျမ ပျောက်ဆုံးခဲ့သမျှတွေ ရှိနေတဲ့
.. လုံခြုံနွေးထွေးရာ နေရာတခုပေါ့ ..
အပြန်လမ်းရှာတွေ့ပြီး .. ကျမ အိမ်ပြန်အလာကို စိတ်ရှည်ရှည်နဲ့ စောင့်နေလေမှာ
..

ကျမ နောက်ဆုံး ပျောက်ဆုံးသွားတဲ့အရာက .. “အလင်းရောင်ပေါ့ ..
တယောက်ယောက်က ကျမကို စနောက်ပြီး
.. မီးခလုပ်ကို ပိတ်လိုက်သလိုပါပဲ ..
ကျမလေ
.. ကြိုးစားလိုက်ရတာ .. အကြိမ်ကြိမ်ပါပဲ ..
ဒါပေမယ့်လည်း
..နောက်တကြိမ် ပြန်ရှာလို့ မရနိုင်ခဲ့ပါဘူး ..
ဒီတော့
..
ကျမရှေ့မှာစောင့်ကြိုနေတဲ့ အမှောင်ထုထဲကိုပဲ တလှမ်းခြင်း ဆက်သွားနေခဲ့မိတယ်
..

အခုတော့လည်း ..
ကျမ မမြင်နိုင်တဲ့အရောင်တွေရဲ့ အသံတွေကို
.. နားထောင်တတ်လာတယ် ..
ပုံသဏ္ဍန်တွေကို ကျမ ကြိုးစား
အနံ့ခံကြည့်တယ် ..။
အလင်းနဲ့ အမှောင်ကိုလည်း
.. ကျမ အရသာခံကြည့်လို့ရလာတယ် ..
အင်း
.. ပြီးတော့ ..
ပြတင်းတံခါးဝမှာ "ကျ" နေရောင်တွေ တရိပ်ရိပ်ပြည့်လာနေချိန်
.. .. ..
အဲဒီအချိန်လေးမှာပဲ ..
အနားမှာထိုင်ပြီး ကျမကို ကဗျာတွေဖတ်ပြပေးမယ့် သူငယ်ချင်းတယောက်လောက်လည်း မျှော်လင့်မိတယ်
..


ကျမနံဘေးမှာထိုင်မယ့် တစုံတယောက်တော့ ရှိကို ရှိဦးမှာပါ
..
ကျမကို လက်ဖက်ရည်ငဲ့တိုက်မယ်
..
သူ့အနာဂတ်တွေအကြောင်း ပြောပြမယ်
..
ပြီးတော့
.. ကျမ ပြောပြ ရင်ဖွင့်သမျှကိုလည်း နားထောင်မယ့်လူပေါ့ ..

ရထားပေါ်မှာ ယိမ်းထိုးလှုပ်ခါတာရော .. လှေခါးထစ် အဆင်းအတက်များသွားရော ပေါင်းပြီး .. ကျမ တော်တော်လေး ပင်ပန်းနေပြီ ..။ ဒါနဲ့တောင် .. ကျမရင်ထဲက အတွေးတခုက ကျမခြေလှမ်းတွေကို ရှေ့ဆက်စေခဲ့တယ် ..
ခရီးရဲ့အခြားတဖက်မှာ ကျမကို တစုံတယောက်များ စောင့်နေကောင်းရဲ့လို့လေ
..

သူက .. ကျမလက်ကို တွဲလို့ .. ကျမအပေါ်မှာ ထီးမိုးပေးမှာပေါ့ ..
နောက်ပြီး .. ကျမကို ကြယ်တွေအကြောင်း ပြောပြလိမ့်မယ် ..
ပြောပြရင်းနဲ့ .. တညလုံး ကျမနဲ့အတူတူ လမ်းလျှောက် ကူလိမ့်မပေါ့ ..

ဟော .. ကြားလား …!!
ဟိုးး
.. ခပ်ဝေးဝေး ရှေ့နားက လိုဏ်ဂူအဆုံးမှာ .. မင်း ကြားလိုက်သလားဟင် ..!!
လိပ်ပြာလေးတကောင်
.. သူ့အတောင်ပံတွေကို ရိုက်ခတ်နေတယ် ..
အဲဒီ့ အတောင်ပံတွေဆီကနေ တိုက်ခတ်လာတဲ့
လေပါးပါးလေး ..
ကျမမျက်နှာပြင်ပေါ် ပွတ်တိုက်သွားတာ ခံစားလို့ရနေတယ်
..
ကျမ သူ့ခေါ်ဆောင်ရာနောက်ကို
လိုက်လာခဲ့ပါတယ်
..။
လူတကာတွေ ဆန်တက်နေချိန်မှာ ..
ကျမက စုန်ဆင်းလို့
.. ..။
ကဲ
.. လူတကာတွေ စုန်ဆင်းသွားတော့ .. ကျမက အထက်ကို ဆန်တက်လို့ .. .. ..
ဆူညံပွက်လောထပြီး
.. ယောက်ယက်ခတ်နေတဲ့ မြို့ကြီးထဲမှာ .. နူးညံ့သိမ်မွေ့တဲ့ သူ့တောင်ပံခတ်သံလေး ကြားရဖို့ .. ကျမ အစွမ်းကုန် နားစွင့်ခဲ့ရတယ် ..
ဘာလို့လည်းဆိုတော့
.. ကျမရှာဖွေနေတဲ့ … အရည်ရွှမ်းရွှမ်း ပန်းသီးလေးတလုံးရှိတဲ့နေရာ
ဒါမှမဟုတ်လည်း
.. ရွှေရောင်သစ်ရွက်လေး တရွက်ဆီကို ရောက်နိုင်ဖို့ ..
သူ ကျမကို ကူညီမှာလို့ ယုံကြည်ထားလို့လေ
..
သူက ကျမလိုချင်တဲ့ သူငယ်ချင်းရှိရာကို ခေါ်သွားနိုင်မှာ
..
နောက်ပြီး .. ကျမကို
ရောင်စဉ်တွေအားလုံး တည်ရှိရာကိုလည်း လမ်းပြလိမ့်မယ် ..
ပြီးရင်တော့..
ကျမပျောက်ဆုံးသွားတဲ့
အလင်း ရှိရာကိုလည်း ပြန်ခေါ်ဆောင်ပေးလိမ့်မယ်လေ ..

ဒီ အလင်းဟာ ..
ကျမနှလုံးသားထဲမှာ .. လင်းလက်မြဲ .. လင်းလက်နေဆဲ ..
ထွန်းတောက်မြဲ
.. ထွန်းတောက်နေဆဲပါ ..

1 comment:

  1. လာဖတ်သွားတယ် ညီမလေးရေ

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...