ရပ်တန်းက ရပ်ချင်ပြီ ..
လွင့်ဝဲနေကျ ရွာထိပ်က ကြက်တွန်သံနဲ့ ..
တဖန်ပြန်လင်းပါရစေ .. ငါ့မနက်တွေရယ် ..။
အမည်ခံ ကော်ဖီတခွက်နဲ့ မျှောချခဲ့တဲ့ ..
sandwich တခု .. ဒါငါ့ မနက်စာတဲ့ ..
မြင်နေကျ ပုံစံခွက်နဲ့ ဒီလို ရယ်ဒီမိတ်တွေ ..
ဘယ်လောက်တောင် နှစ်ပါးသွားရအုံးမလဲ ..။
ဆီမပါ လှော်ရုံသာ မွမ်းမံထားတဲ့ .. ထမင်းကြော်ပူပူလေး ..
ခပ်ကြမ်းကြမ်းဆိုအုံးတော့ .. မေတ္တာထုံမွှန်းထားလေတယ် ..
အင်း .. ရွာတုန်းက ငါ့ မနက်ခင်းတွေ ခွန်အားအပြည့်နဲ့ပေါ့ ..။
ဟိုနားက .. ဒီနား ..
ဒီနားက .. ဒီ့နား ..
အနှေးဆုံးနှုန်းနဲ့ ဥဒဟို ရွေ့လျားနေတဲ့ ..
ခြေမြန်တော် ယာဉ်ပေါင်း သောင်းခြောက်ထောင် ..
အခါခါ ပိတ်ဆို့ခြင်းမှာ ယဉ်ပါးလို့ ..
“မြန်ဆန်မှုဆိုတာ .. ဘာပါလိမ့်” ..
ငါ့ရဲ့ နိစ္စဓူဝ ခရီးတွေဟာ ..
သံသယ အမောတွေနဲ့ ..
ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ ..။
ဒီတော့ .. ငါ့အလွမ်းက ..
ခေတ်နောက်ကျန် မြေလမ်းလေးပေါ်မှာ ...
လိုရာခရီးကို .. ခနော်ခနဲ့ သယ်ပိုးမောင်းနှင် အရောက်ပို့ပြီး ..
ကမ္ဘာမြေကို ဒုက္ခနည်းနည်းမှ မပေးတဲ့ ..
ငါ့ .. ခြေမြန်တော် စက်ဘီးလေးဆီကို ရောက်တယ် ..
မင်းကို သယ်မလာမိတာ .. မှားတယ် အမောင်ရာ ..။
*ပရိုတွေခေတ်စားနေတဲ့ ဒီဝန်းကျင်ထဲ ..
အရာရာ နောက်မကျပဲ .. တိကျ သပ်ရပ်စွာ ..
ပရိုလောင်းလျာတယောက် ဖြစ်ဖို့အရေး ..
တိုက်စားသွားပေါ့ ... ... ...
ငါ့ကို .. .. ..
ငါ့အတွေးတွေကို .. .. ..
ငါ့မျှော်လင့်ချက်တွေကို .. .. ..
ငါ ယုံကြည်တာတွေကို .. နောက်ဆုံး ..
ငါ့ .. .. အချိန်တွေကို ..။
ခုတော့ .. .. ..
ကိုယ်ပိုင်ဆိုတာတောင် မရှိသလောက်ရှား ..။
အိပ်ယာထလည်း .. ပရိုစိတ် ..
စားလည်း .. ပရိုစိတ် ..
သွားလည်း .. ပရိုစိတ် ..
အိပ်လည်း .. ပရိုစိတ် ..
သေရင်တောင် .. ပရိုစိတ်နဲ့ပဲ ဖြစ်နေလိမ့်မယ် ..။
ဟေ့ရောင်ရေ .. .. ..
အချိန်မလွန်သေးဘူးကွာ ..။
ငါ့တို့မြေ .. ငါ့တို့ရွာမှာတုန်းကလို ..
လူ့စိတ်နှလုံးနဲ့ .. လူအဖြစ် ပြန်ရှင်သန်ရပ်တည်နိုင်ဖို့ ..
ငါကတော့ ပရို ဆိုတာကို .. ခွါချရလိမ့်မယ် ..
ပရို လမ်းစဉ်တွေကို .. ခ၀ါချရလိမ့်မယ် ..
ပရို အလေ့အကျင့်တွေကို .. ရပ်တန်းက ရပ်မှဖြစ်မယ် ..။
တကယ်တော့ ..
ပရိုတိုက်စားသွားတဲ့ .. လူသားဆန်မှုတွေကို
(ညံ့ဖျင်းတယ်ပဲ ပြောပြော)
ငါ ...
ကယ်တင်ချင်နေသေးတယ် .. .. ..။
99
*ပရို = professional
ကဗျာလေးက ကောင်းလိုက်တာ။ အဓိပ္ပာယ်လည်း ရှိတယ်။ ပြန်ဖြစ်ချင်တဲ့ `ငါ´ ပြန်ဖြစ်ပါစေနော်။
ReplyDeleteလေးစားစွာဖြင့်
မေပျို
တိုက်ဆိုင်သွားပါတယ်။
ReplyDelete့