Wednesday, July 22, 2009

ခေါင်းစဉ်မရှိ ..။

ဒီလမ်းလေးကတော့ ..
အခုအတိုင်းနဲ့ အရင်ကလိုပါပဲ ..

အမှတ်တယ တချို့သာ ..

ပြေးဝင် ပြေးထွက်ရင်း ..

ရာသီတွေ ပုံမှန်လည်ပတ် ..

တခါတုန်းက ဒီလမ်းလေးမှာပေါ့ .. ..။


မွှေးမြမြ ခရေပင်တန်းတွေ ခြံရံထားတဲ့ ..

ဒီမြေသားနီနီ လမ်းကလေးပေါ်မှာပဲ ..

ကိုယ့်ရင်နဲ့ အနီးဆုံးအရာတခု ..

ကောက်ရဖူးခဲ့တယ် ..

ကြွေခနေတဲ့ ခရေမွမွလေးတွေနဲ့ ..

လမ်းလေးရဲ့ နေ့ရက်တချို့တွေလေ ..

အေးမြလွန်းတယ်ကွယ် .. ..။


လေကြမ်းကြမ်းတွေ လှုပ်နှိုးတဲ့တနေ့ ..

ဖြစ်သင့်တာတွေနဲ့ လန့်နိုး ..

မက်မောဆဲ ခရေအိပ်မက်လေးရေ ..

ကိုယ်မြတ်နိုးနေလည်း ..

ဖြစ်နိုင်ခွင့်တွေက မြေခနေပြီမို့ ..

ခရေတွေ မသင်းပျံ့သေးတဲ့ ..

မှုန်မှိုင်းမှိုင်း ကာလတခုမှာပဲ ..

အငွေ့ပျံ .. စေခိုင်းလိုက်မိ
တယ် ..
ခရေနံ့သင်းဆဲ ..
ကိုယ့်
ရင်ရဲ့ အမှတ်တယ .. ရက်စွဲတွေကိုပေါ့ .. ..။

အခုလည်း ဒီလမ်းကလေးမှာ ..

ခေရေတြ .. ေ
ၾကြဆဲ ေ၀ဆဲ ..
ကိုယ့်ရင်ရဲ့ အနီးဆုံး ခရေတပွင့် ..

ပျောက်ဆုံးနေခဲ့တာက လွဲလို့ ..

ရာသီတွေ ပုံမှန်လည်ပတ် ..

အရာရာဟာ .. အရင်ကလိုပါလား .. ..။

… 99 …
၂၃ ဇူလိုင် ၂၀၀၉။

Monday, July 6, 2009

ရွာရိုးကိုးပေါက် ..။

ဒီလိုပါ ကျနော် ရွာရိုးကိုးပေါက် လျှောက်သွားတယ် ..
ရွာရိုးကိုးပေါက် ကျနော်ဘာကြောင့် လျှောက်သွားရသလဲဆိုတာ ..
ရွာရိုးကိုးပေါက် ကျနော်ကိုယ်တိုင်က လျှောက်သွားလိုခြင်းဖြစ်တယ် ..
ရွာရိုးကိုးပေါက်လမ်းတွေပေါ်မှာ ရွာရိုးကိုးပေါက်လူတွေ အများကြီးပဲ ..
ရွာရိုးကိုးပေါက်လမ်းတွေပေါ်မှာ အကောင်းဆုံးကားတွေ ဖြတ်သွားကြတာရှိတယ် ..

ရွာရိုးကိုးပေါက်စကားတွေ အရည်မရ အဖတ်မရ ဆိုပြောကြတယ် ..

မေ့တတ်ကြတဲ့ ရွာရိုးကိုးပေါက်လူတွေ မေ့ကြပါစေတော့ ..

ရွာရိုးကိုးပေါက် လမ်းတွေပေါ်မှာ ဈေးအပေါဆုံး စားသောက်ဆိုင်တွေ ဖွင့်ထားကြတယ် ..

သောက်တလွဲ လွဲပြီးရင်းလွဲနေတဲ့ ရွာရိုးက တိုးမပေါက်တော့ဘူးလား ..

ရွာရိုးကိုးပေါက် အကောင်းဆုံးကားစီးသူတွေက ဈေးအပေါဆုံးဆိုင်ထဲ ၀င်စားကြတယ် ..

ရွာရိုးကိုးပေါက် ဖြစ်တာများ လာပြောနေရသေး ..

ရွာရိုးကိုးပေါက် လမ်းလျှောက်သူတွေလည်း ဈေးအပေါဆုံးဆိုင်ထဲ ထိုင်စားကြတယ် ..

ရွာရိုးကိုးပေါက် တိုးပေါက်တယ်ဆိုတာ သိဖို့ကောင်းတယ် ..။

ခင်ဗျားဘယ်က ပြန်လာသလဲ ရွာရိုးကိုးပေါက်ကပါ ..

ခင်ဗျားဘယ်ကိုသွားမှာလဲ ရွာရိုးကိုးပေါက်ဆီပါပဲ .

ရွာရိုးမှာ ကိုးပေါက်ရှိတာ လောင်းကစားသမားမဟုတ်လည်း သိတယ် ..

ကိုးပေါက်စလုံး ရွာရိုးကြီးပဲဆိုရင်တော့ ရွာသူနှောက်တာပဲ ..

ဒီလိုပါခင်ဗျာ .. ယပ်တောင်လေးခပ်လို့ ရွာရိုးပေါက်များ ပွင့်မလား ..

ဒီလူ့နှယ် ရွာရိုးကိုးပေါက် အကုန်ဖွင့်ထားသားပဲ .. တော်တော်ပြောရခက်တဲ့လူ ..

ရွာရိုးသဘော ရွာရိုးဆောင်တာ ကိုးခေါက်တောင် မကတော့ဘူး ..

လာမပြောနဲ့၊ လာမပြောနဲ့တော့၊ လာမပြောနဲ့တော့ ..

ရွာရိုးကိုးပေါက် ရောက်သလောက်ပဲ လျှောက်ပြစမ်းချင်တယ် ..။

ဒီလိုပါ ကျနော် ရွာရိုးကိုးပေါက် လျှောက်သွားတယ် ..

ရွာရိုးကိုးပေါက် ကျနော်ဘာကြောင့် လျှောက်သွားရသလဲဆိုတာ ..

ရွာရိုးကိုးပေါက် ကျနော်ကိုယ်တိုင်က လျှောက်သွားလိုခြင်းဖြစ်တယ် ..

ရွာရိုးကိုးပေါက် လျှောက်ရခြင်းရဲ့ အကြောင်းကလည်း ..

ရွာရိုးကိုးပေါက်ပဲ ဖြစ်တယ် .. .. ..။

နေထွန်းနိုင်

ပိတောက်ပွင့်သစ်

အမှတ် (၂၄)၊ မေလ၊ ၂၀၀၉။

Sunday, July 5, 2009

ပုံပြင် မဟုတ်တဲ့ ပုံပြင် .။

မျက်ဝါးထင်ထင်
ကိုယ့်အသက်ကို ကိုယ်မွေးနိုင်မှ ..။

ဒီတောင်တက်ပြီးရင် ဟိုမြစ်ကို ကူးရဦးမယ် ..
တကောင်လာလည်း အိုဗာစတေး (over stay) ဆိုတာချည်းပဲ ..။

ရွာက နွားတရှဉ်းနဲ့ လယ်ကွက်ဖိုးလေး မရသေးဘူးဆိုလား ..
အိမ်ကို လွမ်းတယ်ဆိုလား ..
မောင်ကြီး မပြန်နိုင်ဆိုလား ..
အဲ့ဒီကောင် .. အမြဲတမ်း တငူတငိုင်ငိုင် ..
မီးတွေလင်းနေတဲ့ .. ဟိုဘက်ကမ်းမှာ ..
မှောင်နေတဲ့ ဘ၀တွေရှိသလို ..
မှောင်နေတဲ့ မင်းအိပ်မက်မှာ ..
“တနေ့နေ့တော့” ဆိုတဲ့ .. အလင်းလည်း ရှိရမှာပေါ့ ..။

“ပြည့်စုံချိန် ပြန်ခဲ့မယ်တဲ့ ..
ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ ..”
မျက်ရည်စို့နေတဲ့ .. အဲ့ဒီ သီချင်းကို .. ပိတ်လိုက်ပါတော့ကွာ ..။

သူဌေးဆိုတဲ့ အသားဝါကောင်တွေက ..
ခြေထောက်နဲ့တို့ပြီး ခိုင်းတာကို .. ခံနေရတဲ့အချိန် ..
သားလေးက နိုင်ငံခြားမှာဆိုပြီး ..
ဂုဏ်မယူလိုက်ပါနဲ့ ..
မစားရက် .. မသောက်ရက် ..
ချစ်ခြုပ်စုထားတဲ့ .. ကျနော့် အသက်ကလေး ..
အမေ့ထံ လိုက်ပါတယ် .. .. .. ။

ချောဘသစ်
ပိတောက်ပွင့်သစ်
အမှတ် (၂၄)၊ မေလ၊ ၂၀၀၉။


ရက်ရောမယ်ဆိုရင် ..။

တခုဝယ် ..
တခု အဆစ်ပေးနေတဲ့ ..
ရက်ရက် ရောရော ခေတ်ကြီးထဲ .. .. ..

အချစ်တခု ၀ယ်ချင်တယ် ..
အဆစ်တခု ပေးမယ်ဆိုရင် ..
ရိုးသားသန့်စင်ခြင်းလောက်တော့ ..
ရက်ရောစေချင်ပါရဲ့ကွယ် .. .. .. ။

... 99 ...
ဓမ္မစကြာနေ့။
၆ ဇူလိုင် ၂၀၀၉။

Thursday, June 18, 2009

၆၄ မွေးနေ့ ..။


လွတ်လွတ်လပ်လပ် ..
သန်သန်စွမ်းစွမ်း ..
ကြံ့ကြံ့ခိုင်ခိုင် ..
ပျော်ပျော်ရွှင်ရွှင် ..
ကြည်ကြည်လင်လင် ..
ရှင်သန်ပါစေ ..
အားလုံးရဲ့ အမေ ..။

... 99 ...
၁၉ ဇွန် ၂၀၀၉။

Saturday, June 6, 2009

အိုဗာမား မိန့်ခွန်း ..။

”၂၁ ရာစုရဲ့ ငွေကြေးဟာ ..
ပညာရေးနဲ့ တီထွင်ဖန်တီးမှုပါပဲ ..”


Friday, April 3, 2009

နှောင်ထုံး ..။

ဘ၀က ..
အထိအရှတွေ .. ပရပွနဲ့ဆိုပေမယ့် ..
တောင့်တမိခဲ့ဖူးတဲ့ ..
နူးညံ့ခြင်းလေးတခု ..
မနေ့တနေ့ကအထိ .. ရှိနေခဲ့တယ် ..
ရစ်ပတ် .. ချည်နှောင်ဖို့ ..
တွန့်ဆုတ် .. တွေဝေခြင်းတွေနဲ့ ..။

အချစ်က ..
သိမ်မွေ့ .. နက်ရှိုင်းလွန်းတဲ့ ..
အိပ်မက်ရာသီတခု ..
တမ်းတမ်းမက်မက် .. ပွေ့ဖက်လိုက်ရင် ..
လှိုက်မောပြိုကွဲ .. အလွမ်းရာသီတွေကြားမှာ
အဆုံးသတ် မဲ့နေတော့မယ် ..
အိပ်မက်လေးရေ ..
သူ့အတိုင်းတိုင်းသာ .. ဖြစ်တည်နေပါစေရော့ ..။
..
.
နောက်ဆုံးတော့လည်း ..
ဘ၀က ..
အချစ်ကို ..
နှောင်ထုံး .. ဖြေလျော့လိုက်ပါတယ် ..။

... 99 ...
၃ ဧပရယ်လ် ၂၀၀၉။

Monday, March 16, 2009

ဗြောက်သောက် ..။

လွင့် .. မြော .. မိတယ် ..
မရေမရာတွေ .. ကြီးစိုးလွန်းလို့ .. ။

ညတုန်းကတောင် ..
အလင်းကွဲသံ .. သဲ့သဲ့ ..
ခပ်ယဲ့ယဲ့ .. ထွက်လာသေးတယ် .. ။

“ငါ တယောက်ယောက်နဲ့ ..
စကား ပြောချင်တယ် ..
သတိရနေလို့ ..”
မျိုးကြီး .. ဘာတွေ သတိရနေပါလိမ့် ..
ငါကတော့ .. အန်ထုတ်ပစ်ချင်နေတယ် ..
နားလည် .. နှစ်သိမ့်ပေးမယ့် ..
နားတစုံ .. ပျံသန်းလာခဲ့ပါကွယ် .. ။

မကြေကွဲချင်ဘူး .. ရေရွတ်ရင်းနဲ့ပဲ ..

..
.
ဟိုမှာ .. ပုစဉ်းရင်ကွဲတွေ ..
(အချိန်မဟုတ် .. အခါမဟုတ်ကွာ ..)
.
..
လွင့်မြောခြင်းတွေ .. ရစ်သိမ်း
နေရာမှန်ကို .. ပြန်အရောက် ..
ငါကိုယ်တိုင် .. ပုစဉ်းတဖြစ်လဲနဲ့ ..
ရင်ကွဲသံသဲ့သဲ့ ..
ငါ့ .. အလင်းမဲ့ညထဲ ..
ဟိန်းထနေခဲ့တယ် .. ။

.. 99 ..
၁၆ မတ် ၂၀၀၉။

Wednesday, January 28, 2009

ရေတိမ် ..။

တိမ်ကောက်ကြောင်းတွေနောက် ..
အပြေးအလွှား လိုက်လို့ ..
ငွေမှင်ရောင်တွေ .. အမွှန်းကောင်းနေတုန်း ..

အဲ့ဒီ .. တိမ်အုပ်တွေလေ ..
ရေသောက် ဆင်းကုန်ကြတယ် .. ။

... 99 ...
၂၈ ဇန်န၀ါရီ ၂၀၀၉။

Tuesday, December 30, 2008

အသစ်အတွက် အသင့် ..။

ဒီခေတ်ကြီးမှာ အဖြစ်အပျက်တွေက .. သိပ်ကို မြန်ဆန်လွန်းနေတယ် ..
ဒီတော့ .. ကျနော်တို့ နေ့စဉ်နေ့တိုင်း .. မလွဲမသွေ ရင်ဆိုင်နေရမှာက ..
"အပြောင်းအလဲ" .. ဆိုတာပါပဲ ..

ကောင်းတဲ့ အပြောင်းအလဲ .. ဒါမှမဟုတ် .. ဆိုးတဲ့ အပြောင်းအလဲ ..
ဘယ်လိုပဲဖြစ်ဖြစ် .. ပြောင်းတော့ ပြောင်းလဲနေမှာ အသေအချာပဲ ..
အဲ့ဒီအကွေ့အပြောင်းတွေက .. ကျနော်တို့နဲ့လည်း အမြဲတမ်း ပတ်သက်နေတတ်တယ် ..
တိုက်ရိုက်ပဲ ဖြစ်ဖြစ် .. သွယ်ဝိုက်ပြီးတော့ပဲ ဖြစ်ဖြစ်ပေါ့ ..
ဒီတော့ .. "အပြောင်းအလဲ" ဆိုတာကို .. ကျနော်တို့ဘ၀ရဲ့ အစိတ်အပိုင်းတခုအဖြစ် ..
လက်ခံကျင့်သုံးတတ်ရမယ့် ကာလမျိုးမှာ ရောက်နေတယ်ဆိုတာ ..
သတိထားကို ထားရတော့မယ့်
.. အချိန်အခါမျိုး ဖြစ်နေပြီ ..
သတိထားရမယ်ဆိုတာ .. "အပြောင်းအလဲ" ကြောင့် ဖြစ်ပေါ်လာမယ့် ..
အခြေအနေ အသစ်တွေ ..
အသိုင်းအ၀ိုင်း အသစ်တွေ ..
နည်းစနစ် အသစ်တွေ ..
အခက်အခဲ အသစ်တွေ ..
ထိုးနှက်ချက် အသစ်တွေ ..
အသစ်တွေပေါ့ဗျာ ... ကိုယ် မျှော်လင့်မထားခဲ့ဖူးပေမယ့် ..
လက်မခံလို့မရမယ့် အမှန်တရားတွေအတွက်ပေါ့ .. .. ..
ကျနော်တို့ သတိရှိရပါမယ် ..
ပြင်ဆင်တတ်ရပါမယ် ..
ဆင်ခြင်မိရပါမယ် ..
သင်ခန်းစာယူကြည့်ရပါမယ် ..

အဲ့ဒီလိုမှ မဟုတ်ရင် .. အရာရာက ပြောင်းလဲ လည်ပတ်နေတယ် ..
အဲ့ဒီအထဲမှာ .. မပြောင်းလဲချင်တဲ့ ကိုယ်ကပဲ ကျောက်ဖြစ်ပြီး ကျန်ရစ်ခဲ့မှာပါ ..
ကျောက်ဖြစ်တယ် ဆိုကတည်းက .. အကောင်းတော့ ဖြစ်မှာမဟုတ်ဘူး ..
အချိန်အတိုင်းအတာ တခုမှာ .. သဘာဝပတ်ဝန်းကျင်ရဲ့ တွန်းဖဲ့တိုက်စားမှုကို ခံရပြီး ..
ကမ္ဘာလောကကြီးကနေ .. ရှုံးထွက် ပျောက်ကွယ်သွားကြရတာပါပဲ ..
ဒီတော့ ..
အရှုံးသမား မဖြစ်ရအောင် ..
ကျန်ရစ်တဲ့သူ မဖြစ်ရအောင် ..
ပျောက်ကွယ်သွားသူ မဖြစ်ရအောင် ..
ကမ္ဘာလောကကြီးရဲ့ မောင်းနှင်အားတွေနဲ့ ..
အမြဲတမ်း လိုက်လျောညီထွေ လည်ပတ်နေနိုင်သူဖြစ်ရအောင် ..
ကျနော်တို့ကိုယ် ကျနော်တို့ အကောင်းဆုံး .. ပြင်ဆင် .. ဆင်ခြင်ထားရမယ်လို့ ထင်မိပါတယ် ..
စိတ်ဓာတ်တွေကို ဆန်းစစ်ပါ .. ပြင်ဆင်ပါ .. ခံနိုင်ရည်တွေ မွေးမြူပါ ..
"အပြောင်းအလဲ" ဆိုတာကသာ အမြဲတမ်းအတွက် .. အမှန်တရားဖြစ်တာမို့ ..
ကျနော် ယုံကြည်တာကတော့ ..
"စက္ကန့်တိုင်းဟာ .. နေ့သစ် .. လသစ် .. နှစ်သစ်တွေပါပဲ .."
မတည်ငြိမ်တဲ့ စိတ်ဓာတ်တွေကို ..
စက္ကန့်အသစ်တွေတိုင်းမှာ တည်ငြိမ်အောင် ပြန်တည်ဆောက်ယူပါ ..
မရင့်ကျက်တဲ့ စိတ်ဓာတ်တွေကိုလည်း ..
စက္ကန့်တိုင်းမှာ ရင့်ကျက်မှုတွေ အားကောင်းလာအောင် မွေးမြူထိန်းကြောင်းပါ ..
(နောက်နှစ် တနှစ်ကူးပြောင်းအောင် စောင့်နေစရာ မလိုပါဘူး ..)
ပြီးရင် .. တည်ငြိမ် ရင့်ကျက်တဲ့ စိတ်ဓာတ် အသစ်တွေနဲ့ ..
လက်တွေ့သိပ်ကျတဲ့ .. စက္ကန့်အသစ်တွေကို .. အင်အားအသစ်တွေနဲ့ ရင်ဆိုင်လိုက်ကြပါ ..
ဘ၀တွေ သိပ်ကို နေပျော်စရာ ကောင်းလာမယ် ဆိုတာ ..
အတွေးနဲ့တင် .. ပုံဖော်ကြည့်လို့ ရနေပါတယ် ..
အားလုံးပဲ .. ပျော်ရွှင် အောင်မြင်တဲ့ နံနက်ခင်းအသစ်တွေ ပိုင်ဆိုင် ရင်ဆိုင်နိုင်ပါစေ ..။

... 99 ...
၃၁ ဒီဇင်ဘာ ၂၀၀၈။

Thursday, December 25, 2008

အသစ် ..။

နှစ်ဟောင်းရေ .. နေခဲ့တော့တဲ့ ..
အဖြစ်ဟောင်းတွေရော ..
ငါတို့နဲ့.. လိုက်ခဲ့မှာလား ..

နှစ်သစ်တော့ ..
အဖြစ်တွေ .. သစ်လာမယ်ထင်လို့လား ..
ကိုယ်ကိုယ်တိုင် .. မသစ်ချင်သရွေ့တော့ ..
နှစ်သစ်လည်း .. အဖြစ်ညစ်ထဲမှာပဲ ..
ဟောင်းနွမ်း .. ကျန်ရစ်နေအုံးမှာ ..

ကြားလား .. !!
မြက်ရိုင်းအုပ်တွေက ..
လူယဉ်ကျေးတွေ အကြောင်း ..
စောင်းမြောင်း .. ရယ်မောနေလေရဲ့ .. ။

... 99 ...
၂၉ ဒီဇင်ဘာ ၂၀၀၈။


Wednesday, December 17, 2008

ရိုးနာ ..။

အပြုံးတွေက အတု ..
နှလုံးသားတွေက အတု ..
ရပ်ဝန်းတွေက အတု ..
ရည်ရွယ်ချက်တွေက အတု ..
ယုံကြည်ချက်တွေက အတု ..
မျှော်လင့်ချက်တွေက အတု ..
ကမ်းလက်တွေက အတု ..
ကျား .. အတု ..
မ .. အတု ..
ရင်ခုန်သံတွေလည်း အတု ..
ရိုင်းပင်းမှုတွေက အတု ..
ပေးဆပ်တယ်ဆိုတာ အတု ..
မေတ္တာတရားတွေက အတု ..
သစ္စာတွေလည်း အတု ..
အရောင်တွေက အတု ..
ဘောင်တွေလည်း အတု ..
..
.
ရိုးသားရင် .. ပျော်ရွှင်ရသတဲ့ ..
(သူငယ်ချင်းက ပြောတာတော့ ..)
ရိုးသားမှု .. အတုတွေကြားမှာ ..
သူရိုးသားတိုင်း ..
ရင်နာရသတဲ့ .. ။

... 99 ...
၁၇ ဒီဇင်ဘာ ၂၀၀၈။

Wednesday, December 10, 2008

အရေး ..။

ဘာတဲ့ ..
လူ့ .. အခွင့် .. အရေး ..
..
.
နားထဲကိုလား ..
မ၀င်ပါဘူးဗျာ ..
နားဝမှာတင် .. ကန့်လန့်ကြီး .. ။

ရင်ထဲနက်နက် .. ၀င်ဖို့လား ..
ပိုခက်နေသပေါ့ ..
နှလုံးသားက .. လက်ခံဖို့ဆိုတာ ..
လက်တွေ့ကျကျ .. လိုသကိုးဗျ .. ။

ခုတော့ ..
ကြားမိတိုင်း ..
နှလုံးသားတွေ .. ဒဏ်သင့် ..
ကမ်းမိသမျှ ..
အဆိပ်တွေပဲ .. ဖြစ်ခဲ့သမို့ ..
နေပါတော့ဗျာ .. (ခပ်ဝေးဝေးမှာ) .. ။

တချို့ရဲ့ .. အခွင့်တွေ ..
အားလုံးရဲ့ .. အရေးအတွက် ..
ရည်ရွယ်မယ့် .. တနေ့တော့ ..
ဒဏ်တွေ ကွယ် .. အဆိပ်တွေ ပြယ်
လူစင်စစ် အဖြစ် .. ရပ်တည်နိုင်လိမ့်မယ် .. ။

... 99 ...
၁၀ ဒီဇင်ဘာ ၂၀၀၈။