Tuesday, July 17, 2018

ခွင့် ..။

အိပ်မက် အဟောင်းကို စွန့် ခွာ ..
အိပ်မက် အသစ်တွေဆီကို ..
သွားကြရတဲ့ အခါ ..
အိပ်မက် အသစ်မှာ
နှစ်နှစ်ကာကာ ပျော်ဝင်ပါ ..။
အိပ်မက် အဟောင်းတွေကို
ပေါ့ပေါ့ပါးပါး လက်လွှတ်ရင်း
(ကိုယ့်ကို) စွန့် ခွာခွင့် ပြုလိုက်ပါ ..။
အိပ်မက် အသစ်တွေ
ပါးလျ .. ကြည်လင်ပါစေ ..။
အိပ်မက် အဟောင်းတွေ
အငွေ့ ပျံ ..
ပြေလျော့ ..
ကျေအေးပါစေ ..။
--99--
07/ June/ 2018

By 99: Beauty in confinement (10 July 2018)

No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...