ကမ္ဘာမှာ ..
လောက အကြည်ဓာတ် အတွက် ..
ပန်းတွေ .. ပွင့်ကြတယ် ..။
ကျေကျေနပ်နပ် ..
သေသေသပ်သပ် ..
အငြိုးအတေး မရှိ ..
အတွက်အကပ် မရှိ ..
အသွား အပြန် မလို ..
မေတ္တာချိုချိုနဲ့ ..
ပန်းတွေ .. ပွင့်ကြတယ် ..။
ပန်းတွေ နှလုံးသားက ..
ဆန့်ထုတ်လိုက်တဲ့ .. ရက်ရောမှု
မြင်သူရင်ကို ဗဟိုပြု ..
ကြည်နူးမှု အစုစု ဖြစ်စေတဲ့ လှိုင်း ..။
တစ်ယောက်ကနေ တစ်ရာ ..
ကြည်နူးခြင်း လှိုင်းများ ..
ကူးလူး .. ပျံ့နှံ့ ..
အားကောင်း ဝေဖြာပါ ..
[အကြည်ဓာတ်အတွက် ..
အကြည်ဓာတ်လေး သယ်ဆောင်ခဲ့ရန်သာ ..။]
-- 99 --
၂၂ ဖေဖော်ဝါရီ ၂၀၁၇။
No comments:
Post a Comment
အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...