Tuesday, November 11, 2014

"ဆန္ဒ ..။"

"စောင့်နေမယ်" လို.. မပြောလိုက်ဘူး .. 
ဒါပေမဲ့ ... 
စောင့်နေမိခဲ့တယ် ..

စစ်မှန်တဲ့ ချစ်ခြင်း ..
လွတ်လပ်ခြင်းတွေနဲ့မို့ ..
တွဲလက်တွေ မြဲပါရစေလို့ ..
မတောင်းဆိုရက်ခဲ့ဘူး ..

မြတ်နိုးတဲ့ ချစ်ခြင်း ..
နှောင်ကြိုးကင်းသမို့ ..
နေရစ်ပါလို့ ဆွဲမထားရက်ခဲ့ဘူး ..။

ဒီကမ္ဘာမှာ ..
ငါ အကာကွယ်ချင်ဆုံး အရာ ..
မင်းရဲပျော်ရွှင်မှုပေါ့ ..။

အဝေးကို ပြေးထွက်သွားခဲ့တဲ့
မင်း ပျော်ရွှင်ပါစေ ဆုခြွေတောင်းရင်း ..
ကျန်နေရစ်သူ ငါနှလုံးသားမှာ
သိပ်သည်းတဲ့ ချစ်ခြင်းတွေ
နှင်းလိုဝေ .. .. ။

ကလူကျီစယ် ..
ဖြတ်ပြေးသွားတဲ့ လေပြည်ထဲက ..
မင်း ရနံ့လေးတွေ ..
ခုန်ပေါက်မြူးထူး..
ဟောဒီ မိုးစက်တွေထဲမှာ ..
မင်း ရယ်သံလေးတွေ ..
တရိပ်ရိပ် ပြေးလွှား ..
ဟောဟို တိမ်သားထုထဲမှာ ..
မင်း ပုံရိပ်လေးတွေ ..
မင်း .. .. ..
မင်းဟာ သဘာဝတရား ..
ငါ့ဘဝကို ခြံရံထား ..

အဝေးမှာ ..
နာကျင်မှုကင်းတဲ့ နေ့ရက်တွေသာ
ပိုင်ဆိုင်ပါကွယ်။
အဝေးမှာ ..
သာယာတဲ့ မနက်ခင်းများနဲ့သာ
နိုးထပါကွယ်။
အဝေးမှာ ..
နွေးထွေးသော ညခင်းများနဲ့သာ
အိပ်စက် အနားယူပါကွယ်။

တခါတရံ ..
နက်မှောင်တဲ့ ကောင်းကင်ကြီးထဲ .. 
ကြယ်ရောင်တွေကို မြင်တဲ့အခါ ..
တခါတရံ ..
ဝင်းပနေတဲ့ လမင်းကြီးကို ..
အမှတ်တမဲ့ မော့ကြည့်မိတဲ့အခါ ..
အဲ့ဒီ .. တခါတရံလောက် ဖြစ်ဖြစ် ..
ငါ့ကို .. သတိရပေးပါလို့ ..

"စောင့်နေမယ်" လို.. မပြောလိုက်မိဘူး ..
ဒါပေမဲ့ ...
စောင့်နေမိတုန်းပဲ။

... 99 ...
11 Nov 2014