Sunday, October 31, 2010

လမ်း ..။

လမ်းလျှောက်နေရင်း ..
လမ်းပျောက်သွားဖူးတယ် မဟုတ်လား ..
လျှောက်လက်စ လမ်းတွေက ..
စက္ကန့်တိုင်းမှာ တိုတောင်းလာလိုက်ပုံများ ..

အချိတ်အဆက် လွဲချော်နေခဲ့တဲ့ ..
လမ်းပေါင်း များစွာအတွက် ..

ကောင်းကင်ကြီး ပြိုကျလာဖို့ပဲ
ဆုတောင်းလိုက်ရမှာလား ..

တကယ်တော့ ..
မျှော်လင့် အိပ်မက်တွေက ..
ဟို့ လက်တကမ်းလေးတင်ရယ် ..
ရေတိမ်ချောင်းလေး ခြားနေခဲ့တာက လွဲလို့ပေါ့ ..။

... 99 ...
၁ နိုဝင်ဘာ ၂၀၁၀။