Tuesday, September 16, 2008

သံသရာ ..။

အင်တာနေရှင်နယ်က ..
ရုရှဆိုတာကို ရှုံ့ချတယ် ..
တရုတ်ကို ဝေဖန်တယ် ..
အာဆီယမ်ကို အပြစ်တင်တယ် ..
နအဖကို စောင့်ကြည့်မြဲ စောင့်ကြည့် ..
တိုက်တွန်းမြဲ .. တိုက်တွန်းတယ် .. ။

ကမ္ဘာအ၀ှမ်းက ...
အက်တီဗစ် အဖွဲ့တွေ ..
ဟျူးမန်းရိုက် အဖွဲ့တွေက ..
ကိုဖုန်းမော်နေ့အတွက် ကြေညာစာတမ်းနဲ့ ..
နာဂစ်အတွက် ၀မ်းနည်းမှတ်တမ်းနဲ့ ..
အာဇာနည်တွေအတွက် အမှတ်ယခြင်းတွေနဲ့ ..
ရှစ်လေးလုံးအတွက် ဆုတောင်းပွဲတွေနဲ့ ..
ခု ... စက်တင်ဘာအတွက်လည်း ... ... ... ။

ပြစ်တင် ဝေဖန်တယ်ဆိုတိုင်း ..
ပြစ်တင် ဝေဖန်သူတွေကို ..
ထပ်ပြီး ပြစ်တင် ဆဲရေးဖြစ်တယ် ..။
ဝမ်းနည်း မှတ်တမ်းတွေ ..
ကြေညာ စာတမ်းတွေ လွင့်ပျံလာတိုင်း ..
ဝမ်းနည်းခြင်း မှတ်တိုင်ကနေ
ရှေ့ဆက် မသွားနိုင်တဲ့ အဖြစ်ကို ...
ပိုပြီး ၀မ်းနည်းမိတယ် .. ။

သြော် ... ... ...
ဆယ့် .. နှစ် .. လ ... ရာ .. သီ .. တွေ ..
ပြစ်တင် .. ဝေဖန် .. ရှုံချ ..
ဖိအားပေး .. တိုက်တွန်း .. တောင်းဆိုရင်းနဲ့ပဲ ..
မကျေညက်သေးတဲ့ သင်ခန်းစာတွေအတွက် ..
ပေးအပ်လာမယ့် .. နောက်ထပ် ပုံစံအသစ်တွေကို ..
ကြိုဆိုရင်း .. .. ..
အင်းးးး ...
ဆက်ပြီး ... ... ... အဓွန့်ရှည်ကြတာပေါ့ဗျာ ..။

... 99 ...
၁၇ စက်တင်ဘာ၂၀၀၈။

“သင်ခန်းစာ တစ်ခုကို .. မကျေညက်မချင်း .. အဲဒီ့ သင်ခန်းစာကိုပဲ .. ပုံစံအမျိုးမျိုးနဲ့ ထပ်ပြီး .. ကြုံတွေ့  ရလိမ့်မယ်” [Cherie Carter-Scott]
အထက်ပါ စာတမ်းကို ကောင်းကင်ကို ဘလော့မှ ကူးယူပါသည်။