Sunday, September 16, 2007

ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ။

အီးမေးလ်တခုကနေရထားတဲ့ အကြောင်းအရာလေးပါ။
ကျနော်ကိုယ်တိုင်တောင် ဒီစာဖတ်ပြီးမှ ဘုန်းကြီးတွေ သပိတ်မှောက်ရတဲ့ အဓိပ္ပါယ်ကို နားလည်သွားပါတယ်။
အလည်လာကြတဲ့ သူငယ်ချင်းတွေအတွက်လည်း ဗဟုသုတတိုးစေချင်တဲ့ စေတနာနဲ့ပါ ..။
ဖော်ပြမယ့်အကြောင်းအရာကတော့ ...
“ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ” ပဲ ဖြစ်ပါတယ်။
... ... ... ... ... ...
အကျယ်သို့ ...



“ပတ္တနိက္ကုဇ္ဇနကံ” အကြောင်းသိကောင်းစရာ။

“စက်တင်ဘာလ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး ပခုက္ကူမြို့က မတရားဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်ခံကြရတဲ့ ကိုယ်တော်လေးတွေ ကျေနပ်သည်ထိ တောင်းပန်ရမယ်။

ဒီလိုမှမဟုတ်ရင် သံဃာတော်တွေက စစ်အစိုးရနဲ့အပေါင်းပါတွေကို သပိတ်မှောက်ကြမှာတဲ့” ဆိုတဲ့ သတင်းဟာ ပြည်တွင်းရော၊ ပြည်ပမှာပါ ဟိုးလေးတကျော် ဖြစ်နေပါတယ်။ ဒီနေရာမှာ သပိတ်မှောက်တာနဲ့ စပ်လျဉ်းလို့ သိချင်သူတွေလဲ ကမ္ဘာအနှံ့-ဟုဆိုလျှင် မှားမယ် မထင်ပါ။ ဒါ့ကြောင့် သံဃာတော်တွေ သပိတ်မှောက်တဲ့ ပါဠိလို “ပတ္တနိက္ကုဇ္ဇန” အကြောင်းကို အကြမ်းဖျဉ်း တင်ပြလိုပါတယ်။

သပိတ်မှောက်နိုင်ခြင်း အကြောင်းရင်းများ။

တကယ်တော့ သံဃာတော်တွေ သပိတ်မှောက်ပုံဟာ အလွန်ရိုးရှင်းပါတယ်။ သပိတ်မှောက်နိုင်ခြင်း အကြောင်းရင်း (၈) ချက်ရှိပါတယ်။

(၁) ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ။ ဘုရားရှင်ကို စော်ကားခြင်း။

(၂) ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ။ တရားကို စော်ကားခြင်း။

(၃) သံဃဿ အ၀ဏ္ဏံ ဘာသတိ။ သံဃာတော်ကို စော်ကားခြင်း။

(၄) ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ။ ရဟန်းတော်တွေ လာဘ်လာဘ မရအောင် ပြုလုပ်ခြင်း။

(၅) ဘိက္ခူနံ အ၀ါသာယ ပရိသက္ကတိ။ ရဟန်းတော်တွေ နေရာထိုင်ခင်း မရအောင် ပြုလုပ်ခြင်း။

(၆) ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ။ ရဟန်းတော်တွေ အကျိုးယုတ်အောင် ပြုလုပ်ခြင်း။

(၇) ဘိက္ခူနံ အက္ကောသတိ ပရိဘာသတိ။ ရဟန်းတော်တွေကို ဆဲရေးခြင်း ကြိမ်းမောင်းခြင်း။

(၈) ဘိက္ခူနံ ဘိက္ခူဟိ ဘေဒေတိ။ ရဟန်းတော်အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ခြင်း - တို့ပါပဲ။

ဒီ (၈) ချက်အနက် တချက်ချက်နဲ့ ညိစွန်းရင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို သံဃာတော်တွေအနေနဲ့ သပိတ်မှောက်ပိုင်ခွင့် (“ပတ္တနိက္ကုဇ္ဇန” ကံဆောင်ခွင့်) ရှိပါတယ်။ ဒါတွေကတော့ သပိတ်မှောက်နိုင်ခြင်းအကြောင်းရင်းတွေပါပဲ။

သပိတ်မှောက်တာ ဘယ်ခေတ်က စခဲ့ပါသလဲ။

အမှန်မှာ အခုခေတ်မှ အဆန်းထွင်ပြီး လုပ်တဲ့ကိစ္စမဟုတ်ပါ။ ဗုဒ္ဓလက်ထက်ကတည်းက ရှိခဲ့တာပါ။ လိစ္ဆ၀ီမင်းတပါးဟာ အရှင်ဒဗ္ဗကို သူ့ဇနီးနဲ့ ဖောက်ပြန်တယ် - လို့ မဟုတ်တမ်းတရား စွတ်စွဲပါတယ်။ ထိုအကြောင်း ဗုဒ္ဓသိတော်မူတဲ့အခါ အရှင်ဒဗ္ဗကို သံဃာအလယ်မှာ စစ်ဆေးပါတယ်။ မဟုတ်ကြောင်းထင်ရှားတဲ့အခါ အဲဒီစွတ်စွဲသူကို သပိတ်မှောက်ခွင့် ဗုဒ္ဓက ခွင့်ပြုတော်မူခဲ့ပါတယ်။ ပြန်လည်တောင်းပန်တဲ့အခါ သပိတ်ပြန်လှန်ပေးခဲ့ပါတယ်။

၎င်းအပြင် ဗမာရာဇ၀င်မှာ “ခုံတော် မောင်ကျဘမ်း” ဆိုလျှင် မကြားဘူးသူ ရှားပါလိမ့်မယ်။ စကားတတ်၊ စကားကပ်တဲ့နေရာ တကယ့်ဆရာကြီးပါပဲ။ သူ့အလုပ်က ရှေ့နေ။ သူ့ခေတ်သူ့ခါက သူနဲ့ တရားခွင်မှာ ရင်ဆိုင်ရသူတွေဟာ အရှုံးနဲ့သာ ကြုံရလို့ “ခုံတော် မောင်ကျဘမ်း” ဆိုတဲ့ နာမည်ရထားသူပါ။ တနေ့ သူဟာ ရုံးတော်ကိုအလာ မထေရ်တပါးနဲ့ဆုံတော့ “ကိုယ်တော် ဘယ်က ကြွလာသလဲ” လို့ အထက်စီးလေသံနဲ့ မေးလျှောက်တော့ “ဆွမ်းခံလာတာပါ ဒကာကြီး”လို့ ဖြေတဲ့အခါ “ကိုယ်တော်လို ထင်ရှားတဲ့သူက ဆွမ်းခံကြွစရာ မလိုပါဘူး။ ဘယ်အိမ်သွားပြီး ဆွမ်းခံခံ ရပါတယ်။ အိမ်ရှင်မကို ပါးတောင်ချခဲ့လို့ ရသေးတယ်” လို့ ပြန်လျှောက်တော့ “ဒီတခါတော့ ဒီဒကာကို ဆုံးမဖို့ အချိန်တန်ပြီ” လို့တွေးပြီး ခုံတော် မောင်ကျဘမ်းရဲ့ အိမ်သို့ ကြွသွားပါတယ်။

ဘာကြောင့် မထေရ်မြတ်က အဲဒီလို တွေးရသလဲဆိုရင် တခါမှာ သံဃာတော်တွေ ရေတွက်တဲ့အခါ မောင်ကျဘမ်းက “တယောက် နှစ်ယောက်” စသည်ဖြင့် ရေတွက်တာကို “တပါး၊ နှစ်ပါး” လို့ သုံးသင့်ကြောင်း အချို့သံဃာတော်တွေက မိန့်တော့ “အရိယာတွေတောင် မဂ္ဂဌာန်ရှစ်ယောက်၊ ဖလဌာန်ရှစ်ယောက်လို့ စာပေကျမ်းဂန်တွေမှာ သုံးသေးတာ ကိုယ်တော်တို့ကို ဘာမို့လို့ တပါး၊ နှစ်ပါးစသည်ဖြင့် သုံးရမှာလဲ” လို့ မချေမငံ သံဃာ့အလယ်မှာ ပြောဖူးတဲ့အချက်ကို ပြန်ပြီးမြင်ယောင်လို့ ဖြစ်ပါတယ်။

အိမ်ရောက်တဲ့အခါ မောင်ကျဘမ်းကတော်က “အရှင်ဘုရား ကိစ္စအထူးရှိလို့လားဘုရား” လို့ လျှောက်တော့ “အေး … ဆွမ်းခံလာတာ” မိန့်တော့ မောင်ကျဘမ်းကတော်လည်း ဆွမ်းဘာညာလောင်းလှူပြီး ဦးချ၊ အရှင်မြတ်ပြန်ကြွခါနီးမှာ လက်အုပ်ချီပြီး ရပ်နေရှာတဲ့ မောင်ကျဘမ်းကတော်ရဲ့ပါးကို “ဖြန်း” ကနဲချကာ ပြန်ကြွလာခဲ့ပါတယ်။ အဲဒီအရှင်မြတ်ရဲ့ဘွဲ့ကတော့ အရှင်ဥတ္တမတဲ့။ အရှင်ဥတ္တမ-က မောင်ကျဘမ်းကတော်ကို ပါးရိုက်တဲ့သတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားပါတယ်။ မောင်ကျဘမ်းလဲ အတော်ဒေါသထွက်သွားသတဲ့။ နောက်ဆုံး ရှင်ဥတ္တမ-ကို သူ့ဇနီးအားစော်ကားတဲ့အမှုနဲ့ ရုံးတော်ကို တိုင်ပါတယ်။ အရှင်ဥတ္တမကို ရုံးတော်က ဆင့်ခေါ်ပြီး အမှုစစ်ပါတယ်။ တရားလိုရဲ့ရှေ့နေက မောင်ကျဘမ်းပါပဲ။ သူ့အမှုကို ရုံးတော်မှာ ဦးတိုက်လျှောက်တော့ အရှင်ဥတ္တမ-က မောင်ကျဘမ်းစကားကို ကိုးကားပြီး “ကိုယ်တော်လို ထင်ရှားတဲ့သူက ဆွမ်းခံကြွစရာမလိုပါဘူး။ ဘယ်အိမ်သွားပြီး ဆွမ်းခံခံရပါတယ်။ အိမ်ရှင်မကို ပါးတောင် ချခဲ့လို့ ရသေးတယ်” လို့ ပြောတဲ့အတွက် မောင်ကျဘမ်းစကားအတိုင်း ပြုလုပ်ခြင်းဖြစ်ကြောင်း” ခုခံချေပတဲ့အတွက် မောင်ကျဘမ်းခမျာ အပွဲပွဲနွှဲခဲ့သမျှ အရှုံးနဲ့ ရင်ဆိုင်သွားရပါသတဲ့။

မောင်ကျဘမ်းရဲ့စွဲချက်ဟာ သံဃာကိုစော်ကားခြင်းဖြစ်လို့ သံဃာထုက မကျေနပ်သဖြင့် မောင်ကျဘမ်း မိသားစု၊ အသိုင်းအ၀ိုင်းကို သပိတ်မှောက်ခဲ့ပါတယ်။ တောင်းပန်တော့ သပိတ်ပြန်လှန်လိုက်တာပါပဲ။ အဲဒီအချိန်ကစပြီး ကိုယ်တော်လေး အရှင်ဥတ္တမလည်း “ရှင်ဥတ္တမကျော်”ဆိုတဲ့ နာမည်နဲ့ ယနေ့တိုင် ထင်ရှားနေဆဲပါပဲ။

နောက်ထပ် အထင်ရှားဆုံး အနီးဆုံး အထောက်အထားကတော့ ၁၉၉၀၊ မတ်လ၊ ရှစ်လေးလုံး နှစ်ပတ်လည် အဖြစ် မန္တလေးမြို့မှာ သံဃာတော်တွေကို ဆွမ်းလောင်းရာမှာ နအဖ(န၀တ) က ပစ်ခတ်ဖျက်ဆီးခဲ့လို့ ရဟန်းတော်အချို့ သေနတ်ဒဏ်ရာနဲ့ ပျံလွန်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် န၀တကို ၀န်ချတောင်းပန်ဖို့ သံဃာတော်တွေက တောင်းဆိုခဲ့ပေမယ့် လက်မခံတဲ့အတွက် ၁၉၉၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်နေ့မှာ န၀တနဲ့တကွ သူ့ရဲ့လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို သံဃသာမဂ္ဂီအဖွဲ့ ဥက္ကဌဆရာတော် ဦးရေ၀တ-ဦးဆောင်ကာ သပိတ်မှောက် ကံဆောင်ခဲ့ကြပါတယ်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်က “ဘုန်းကြီးတွေက သပိတ်မှောက်တယ်ပြောတယ်။ မှောက်ပေါ့။ ဘာဖြစ်မှာလဲ..” လို့တောင် ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းကျမှ သာသနာရေးဦးစီးဌာနက ညွှန်ချုပ် ဦးအံ့မောင်-က အသေအချာရှင်းပြမှ သပိတ်မှောက်မှုရဲ့ အတိမ်အနက်ကို သဘောပေါက်ကာ သပိတ်ကို ခွဲဖို့ ကြိုးစားပါတော့တယ်။ ပထမဆုံးအနေနဲ့ ဒီသပိတ်မှောက်တာဟာ မန္တလေးမှာတင်ဖြစ်တာ ရန်ကုန်မပါဘူး-လို့ ထင်ပြီး အားစမ်းတဲ့အနေနဲ့ ကိုးထပ်ကြီးဘုရားမှာ ကိုးရက်၊ ကိုးလ၊ ကိုးဆယ့်ကိုး၊ နံက် ကိုးနာရီအချိန်၊ သံဃာအပါးကိုးရာကို သင်္ကန်းဒွိစုံ၊ ငွေကိုးရာနဲ့ ဆွမ်းကပ်ပွဲလုပ်ပါတယ်။ ရန်ကုန်မြို့က သံဃာတွေက အလှူမခံကြတဲ့အခါ ကမန်းကတမ်း ထောက်ကြံ့၊ မှော်ဘီ၊ လှည်းကူး-စတဲ့ နီးစပ်ရာက ဘုမသိဘမသိ ကိုယ်တော်လေးတွေကို အတင်းပင့်ပြီး ဆွမ်းကပ်ခဲ့ရပါတယ်။ စုစုပေါင်း ဘုစုခရု နှစ်ရာ့ငါးဆယ်၊ သုံးရာခန့်ရှိတယ်လို့ မြင်သိခဲ့ရပါတယ်။ ဒီတော့မှ တကယ်ဆိုတာ သဘောပေါက်ပြီး မဟန ဆရာတော်ကြီးတွေကို သပိတ်ခွဲမဲ့အကြောင်း၊ အာဏာသုံးမဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် အသိပေးပါတယ်။ ထိုစဉ်က မဟန ဆရာတော် ဘဒ္ဒန္တခမာဝုဓ-က တရားဟောပါတယ်။ အရေးပေါ်ကြေငြာချက် ပုဒ်မတွေထုတ်ပြီး မန္တလေးကကျောင်းတိုက်ကြီးတွေကို ကွန်မန်ဒိုတပ်သားတွေနဲ့ဝိုင်းပြီးရှာ၊ သံဃာတော်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ပါတယ်။

ထိုစဉ်က အဖမ်းဆီးခံ ထင်ရှားတဲ့ ဆရာတော်များကတော့ မစိုးရိမ်တိုက်ဟောင်းဆရာတော် အရှင်ကောဝိဒါ ဘိဝံသ (သစအ - ဓမ္မစရိယ)၊ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ရာဇဘိဝံသ (သစအ - ဓမ္မာစရိယ)၊ မရမ်းကုန်း တိပိဋ္ဋက မဟာဂန္ဓာရုံကျောင်းတိုက် အရှင်သုမင်္ဂလာလင်္ကာရ (တိပိဋ္ဋကဓရ၊ ယခုပျံလွန်)၊ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် အရှင်တိလောကာ ဘိဝံသ (သစအ - ဓမ္မစရိယ)၊ သာကေတ ပါဠိကာရီဆရာတော် အရှင်အင်္ဂိသ (ဒွိပိဋ္ဋက)၊ မဂ္ဂင်ဆရာတော် အရှင်ဝါသ၀ပဏ္ဏိ (ဘာသန္တရ ကျွမ်းကျင်၊ ယခုပျံလွန်)တို့မှစ၍ ပုစွန်တောင် ညောင်ကုန်းကျောင်းတိုက်က ကိုရင်ရှင်ဓမ္မာစာရ (၁၃)နှစ်သားလေးထိ ပိုက်စိပ်တိုက် ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အခြားသော ထင်ရှား၊ မထင်ရှားရှိကြတဲ့ သံဃာတော်များလည်း ကျန်ပါသေးတယ်။ ဘွဲ့တော်တွေ ထည့်မဖော်ပြနိုင်သည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

စစ်အာဏာပိုင်များဟာ ဘယ်တော့မှ တောင်းပန်ရိုးမရှိပဲ လက်နက်အားကိုးဖြင့်သာ ဖြေရှင်းလေ့ရှိသည်မှာ ၁၉၆၂ ခုနှစ်မှစပြီး ယနေ့တိုင်ပင် ဖြစ်ပါတယ်။

ယခုလည်း အားလုံးသိကြတဲ့အတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များက လမ်းလျှောက်မေတ္တာပို့သည်ကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်၊ ဦးပဇင်းသုံးပါးကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်၊ သေနတ်ဒင်နဲ့ထု၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို၊ လူဝတ်လဲခိုင်း၊ အချုပ်ခန်းထဲ ထည့် - စတာတွေကို ကျူးလွန်စော်ကားခဲ့တဲ့အတွက် သံဃာထုတရပ်လုံး၊ ပြည်သူတရပ်လုံးက မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ယခုလို သပိတ်မှောက် ကံဆောင်ဖို့ထိ ဖြစ်လာခြင်းဖြစ်ပါတယ်။ အမှန်မှာ အပ်နဲ့ထွင်းရမဲ့ဟာကို ပေါက်ဆိန်နဲ့ထွင်းရအောင် လုပ်ခြင်းပင် ဖြစ်ပါတယ်။ တောင်းပန်ရမယ့်အစား သံဃာတွေကို တင်းကြပ်ဖို့ ဆရာတော်တွေကကို သွေးထိုး၊ သတင်းစာထဲကနေ အမှားတွေရေးသား၊ အဖမ်းဆီးအနှိပ်စက်ခံရတဲ့ ဦးပဇင်းသုံးပါးကို တပါးငွေသုံးသိန်းစီပေးပြီး အဖြစ်မှန်တွေကို မပြောရန် ခြိမ်းခြောက်မှုတွေကို အတင့်ရဲစွာ ပြုလုပ်လာကြတဲ့အတွက် ပိုမိုတင်းမာလာရခြင်းဖြစ်ပါတယ်။

လတ်တလောမှာလဲ ပခုက္ကူမြို့ပေါ်ရှိ ကျောင်းတိုက်အားလုံးကို တိုက်ခါဖို့ဖိအားပေးသဖြင့် ၀ါတွင်းကာလ မှာပင် သံဃာတော်များ နေရပ်ဌာနေအသီးသီးသို့ ပြန်ကြွသွားကြရပါပြီ။ ဒါ့အပြင် စိုးရိမ်ဖွယ် အခြေအနေကတော့ လမ်းလျှောက်မေတ္တာပို့ရာမှာ ပါဝင်ခဲ့ကြတဲ့ .. အထူးသဖြင့် ခေါင်းဆောင်လို့ ယူဆခံကြရတဲ့ သံဃာတော်တွေရဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်။ အလွန်အန္တရာယ်ကြီးပါတယ်။ အများစုမှာ ရပ်ရွာတွေက ဖြစ်တဲ့အတွက် သက်ဆိုင်ရာ စစ်တပ်၊ ရဲနဲ့ အလိုတော်ရိတွေက အချိန်မရွေး အန္တရာယ်ပေးနိုင်လို့ အဲဒီအရှင်မြတ်များ သတိအထူးထားစေလိုပါတယ်။ ဖြစ်နိုင်ရင် ရပ်ရွာပြန်တာထက် မန္တလေးလို မြို့ကြီးတွေကို သွားကြရင် ပိုသင့်တော်ပါလိမ့်မယ်။ ဒါပေမဲ့ ၀ါတွင်းကာလဖြစ်လို့ အခက်အခဲတွေ အများကြီးကြုံပါလိမ့်မယ်။

နေရာတိုင်းမှာ ကမ္မ၀ါစာ ဖတ်စရာလိုသလား။

တကယ်တော့ နေရာတိုင်းမှာ ကမ္မ၀ါစာ ဖတ်စရာမလိုပါ။ တနေရာမှာ ကမ္မ၀ါစာဖတ်လျှင် ကံမြောက်ပါတယ်။ ကြားသိကြတဲ့ ရဟန်းသာမဏေတိုင်း၊ ပြည်တွင်း၊ ပြည်ပ အားလုံးလိုက်နာရပါတယ်။ မလိုက်နာရင် အပြစ် (အာပတ်) သင့်ပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်ပါတယ်။

သပိတ်မှောက်တယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။

သပိတ်မှောက်တယ်ဆိုတာ သပိတ်အမှောက်ခံရတဲ့ မိသားစု၊ အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းစသည်တို့နဲ့ ပတ်သက်တဲ့ သာရေး၊ နာရေးကိစ္စမှန်သမျှကို လိုက်လံပြီး တရားဟောခြင်း၊ အလှူခံခြင်း စသည်တို့ကို မပြုလုပ်ပဲ ကြဉ်ဖယ်ထားခြင်းသာ ဖြစ်ပါတယ်။ သူတို့နဲ့ပတ်သက်တဲ့ ကိစ္စဟူသမျှ လုံးဝကင်းရှင်းစွာ နေခြင်းပဲဖြစ်ပါတယ်။

ဘယ်လောက်ကြာသည်ထိ မှောက်ရမှာလဲ။

သပိတ်မှောက်ခံရသူတွေအနေနဲ့ သံဃာတော်ကို ကျေနပ်သည်အထိ မတောင်းပန်မခြင်း၊ တရားသဖြင့် တောင်းဆိုတဲ့အရာတွေ မလိုက်လျောမချင်း သပိတ်မှောက်ထားပါလိမ့်မယ်။ အကယ်၍ သူတို့အမှားကို မြင်ပြီး တောင်းပန်၊ လိုက်လျောလာတဲ့အခါမှာလည်း သိမ်ထဲမှာ အနဲဆုံး သံဃာလေးပါးနဲ့ ကမ္မ၀ါစာကို ဖတ်ရပါတယ်။ အဲဒါကို “ပတ္တဥက္ကုဇ္ဖန” သပိတ်လှန်တယ် - လို့ ခေါ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ပတ္တနိက္ကုဇ္ဖနကံ အကြောင်းအရိပ်အမြွက်မျှ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုကျင်းပမဲ့ သပိတ်မှောက်ကံဆောင်ပွဲဟာ သာသနာသမိုင်းမှာ စတုတ္ထမြောက် မော်ကွန်း ဖြစ်ပါလိမ့်မယ်။ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ သမိုင်းကတော့ သက်သေခံနေပါလိမ့်မယ်။ နောက်ပြီး အဲဒီသပိတ်မှောက် ကံဆောင်ပွဲနဲ့ ပတ်သက်တဲ့ ရဟန်းမှန်သမျှဟာ အချိန်မရွေး၊ နေရာမရွေး၊ အဖမ်းဆီးခံရပြီး စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ ထောင်ကျရုံတင်မက အသက်ပင် ဆုံးရှုံးနိုင်ကြောင်းကိုလဲ ၁၉၉၀ ပြည့်နှစ်က ဖြစ်ခဲ့တဲ့ အခြေအနေတွေက သက်သေခံနေပါကြောင်း တင်ပြရင်း …


(ဓမ္မသည် အဓမ္မကို အောင်စမြဲ)

သကျကုလ

(စက်တင်ဘာ ၁၆၊ ၂၀၀၇)


Thursday, September 6, 2007

ဆရာတော် ဦးဥတ္တမ အမှတ်တယ။

ကိုယ့်ဘလော့မှာ ဘာမှမရေးနိုင်တာ ကြာပြီ။ ဒါနဲ့ပဲ ..
လာလည်နေကြ သူငယ်ချင်းတွေအတွက် တန်ဖိုးရှိတာလေးလည်း ပေးချင် ..
ကိုယ့်ဘလော့မှာ အသစ်လေးလည်းတင်ဖြစ်ချင်တာနဲ့ ..
ဆရာဦးဇင်လင်း ရေးသားထားပြီး .. ခေတ်ပြိုင်မှာဖော်ပြထားတဲ့
အာဇာနည်ဆရာတော် ဦးဥတ္တမအကြောင်းကို ..
(၉-၉-၀၇)ရက်နေ့မှာ ကျရောက်လာတော့မယ့် ..
ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် တင်ပေးလိုက်ပါတယ်။
.... .... ...
မြန်မာ့လွတ်လပ်ရေးဗိမာန်ကို ပန္နက်ချခဲ့သူ အာဇာနည် မျိုးချစ်ပုဂ္ဂိုလ် ...။
ဇင်လင်း။

မြန်မာနိုင်ငံသူ နိုင်ငံသားတို မမေ့သင့်မမေ့အပ်သော နိုင်ငံ့အာဇာနည်များအနက် ရှေဆုံးတန်းမှပါဝင်သော ရဟန်းအာဇာနည်တပါး ရှိသည်ကို သင်သိပါရဲလားဟမေးလျှင် ယနေခေတ် အသက် (၃၀) အောက် လူငယ်အတော်များများ အဖြေပေးနိင်ကောင်းမှ ပေးနိုင်ပေလိမ့်မည်

သိုဆိုရသည်မှာ ထိုရဟန်းအာဇာနည်ကီး ပေါ်ထွန်းခဲ့သည်မှာ ဗိတိသျှကိုလိုနီခေတ်ကဖြစ်၍ ယနေခေတ် လူငယ်တိုနှင့် အတန်ပင်စိမ်းနေ ဖြစ်သည် ထိုပြင် နှစ်ကာလအားဖြင့် တွက်စစ်လျှင်လည်း ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ စက်တင်ဘာ (၉) ရက်တွင် (၆၈) နှစ် ပြည့်မြောက်ခဲ့ပေပီ ထိုရဟန်းအာဇာနည် ဆရာတော် ဟောပြောရေးသားချက်များမှာ အာာရှင်အဆက်ဆက်အား စိန်ခေါ်လျှက်ရှိသောကောင့် အာာသိမ်း စစ်အစိုးရအဆက်ဆက်က ထိုရဟန်းအာဇာနည် ဘွဲနာမကို သမိုင်းစာမျက်နှာပေါ်မှ ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားထားခြင်း ဖြစ်သည်။ ဤအချက်သည် ခေတ်လူငယ်တိုမျက်ခြေပြတ်သွားရသည့် အဓိကအချက် ဖြစ်ပေသည်

သိုသော် သမိုင်းကို စိတ်ဝင်စား စာဖတ်လေ့ရှိသော လူငယ်များအဖိုမူ ထိုဆရာတော် ဘွဲနာမကို မှတ်မိနိုင်ပါသည် အထူးသဖြင့် ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကွေးကော်သံကို အကောင်းပြု၍ ဆရာတော်ကို မှတ်မိကမည်ထင်ပါသည် ထိုအာဇာနည်အရှင်မှာ ဆရာတော် ဦးဥတဖြစ်သည် ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံပေါကွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို စားဝတ်နေရေး ခက်ခဲကျပ်တည်းကာဆင်းရဲဒုကရောက်နေကရခြင်းသည် အစိုးရ ညံဖျင်းလွန်း၍ ဖြစ်သည်ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေဒေးဒရဲမိုနယ် ဆုကလပ်ရွာ တရားပွဲ ဆရာတော် ဦးဥတ” က ဟောပြောခဲ့သဖြင့် ဗိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဆရာတော်သည် နိုင်ငံရေးအရ ဖမ်းဆီးထောင်ချခံရသော ပထမဦးဆုံး ရဟန်းအာဇာနည်ဖြစ်သည်၊ ကရက်ဒေါက် (Sir Reginlad Henry Craddock) သည် ထိုစဉ်က မြန်မာနိုင်ငံ ဒုတိယဘုရင်ခံဖြစ်သည်

ဆရာတော် ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်သည် အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူ တိုမှ ရခိုင်ပြည်နယ် စစ်တွေမိုပ ရပ်ကွက် (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) တွင်ဖွားမြင်သည် အသက် (၁၅) နှစ် အရွယ်တွင် ကာလကတားမှ တကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည် ထိုနောက် ပခုကမို ရေစကြို စာသင်တိုက်ဗုဒဘာသာ စာပေကျမ်းဂန်များသင်ယူသည် ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိနိယနိုင်ငံ သို့ကြွရောက်ကာလကတားရှိ အိနိယအမျိုးသားကောလိပ်ပါဠိ သက္ကဋ၊ ဘင်္ဂါလီ မာဂရီ ရှေးဟောင်း ဟိနူစာပေများသင်ယူခဲ့သည် ထိုကျောင်းပင် ပါဠိ ပါမောကအဖြစ်လည်းဆောင်ရွက်ခဲ့သေးသည်

၁၉၀၃ ခုနှစ်တွင် အိနိယနိုင်ငံမှ တဆင့် ပြင်သစ် အင်္ဂလန်ဂျာမနီတိုသိုခရီးလှည့်၍ နိုင်ငံတကာအရေး အရာများကို လေ့လာဆည်းပူးခဲ့သည် ဥရောပ ရှိနေစဉ် ၁၉၀၅ ခုနှစ်ုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကားသိရ၍ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကောင်းကို လေ့လာလိုစိတ် ဖြစ်လာသည် သိုဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသိုသွားရောက်ကာ တိုကျို ဗုဒဘာသာ တကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောကအဖြစ် (၄) နှစ်နီးပါး သင်ကားပြသခဲ့ပီး မြန်မာနိုင်ငံ အပြန်ခရီးတွင် ကိုရီးယား မန်ချူးရီးယာုးတ်ကမောဒီးယားနှင့် ထိုင်းနိုင်ငံများသို ၀င်ရောက်လေ့လာခဲ့သည်

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးမအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည် ၀ိုင်အမ်ဘီအေကို စတင်ထူထောင်ခဲ့ကသော ဦးဘဘေ ဦးမောင်ကီး ဦးဘရင်တိုနှင့်၎င်း သူရိယသတင်းစာ စတင် တည်ထောင်ခဲ့ကသည့် ဦးဘကလေး ဦးလှဖေ အစရှိသော ထိုခေတ် လူငယ် လူလတ်များနှင့်၎င်း အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် မည်သိုဆောင်ရွက်သင့်ကကောင်း နိုင်ငံရေးဆွေးနွေးမများ ကျယ်ကျယ်ပြန်ပြန်လုပ်ခဲ့သည်

ဆရာတော် ဦးဥတ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို ဦးတည်သည် လွတ်လပ်ရေး မရနိုင်သေးမီစပ်ကား ဟုမ္မူးခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတိုကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေးကိုးပမ်းအားထုတ်ကဖိုလည်း ရေးသားဟောပြောသည် ခေတ်ပညာတတ်လူငယ် လူလတ်များကိုလည်း ဟုမ္မူးသဘောတရားစိတ်ဓတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည် အထူး သဖြင့် အိနိယနိုင်ငံတွင်ရှိစဉ်က အိနိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစများကို ကွန်ဂရက်ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ဖူးသည် ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီ အဖွဲဝင်ဖြစ်သည်

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို ဒုတိယအကိမ် သွားရောက်ခဲ့သည် ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောကအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစများကို ဂျပန်ရောက် တုတ်ကျောင်းသားများနှင့်ဆွေးနွေးခဲ့သည်ရုတ်နိုင်ငံသိုလည်း သွားရောက်ခဲု့တ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်းတွေဆုံသိကျွမ်းခဲ့သည် ဒေါက်တာ ဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေးကိစများ ဆွေးနွေးခွင့်ရရှိခဲ့သည် ပထမ ကမာစစ်ပီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသိုပြန်ကွလာသည် ထိုအချိန်မှ စတင်မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့သော အသိပညာ ဗဟုသုတများနှင့် ယှဉ်တွဲနိုင်ငံရေး တရားများဟောပြောခဲ့သည် ဆရာတော် ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း တိုးမပေါက် အောင် စည်ကားသည်ဟု သိမှီသူများ မှတ်တမ်းတင်ခဲ့ကသည် ဆရာတော် ဟောပြောချက် တရပ်မှာ သိုဖြစ်သည်

မြန်မာတိုင်းသူပြည်သားတိုဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကရမယ် မြန်မာတိုင်းသူပြည်သားတိုဟာ စွမ်းရည်သတိရှိကောင်း ပညာရှိကောင်းနဲ မဟုတ်မခံ စိတ်ဓတ်ကို ပြရမယ် ဒီလိုပြနိုင်ရင် ကျုပ်တိုကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး ဘယ်လိုအင်အားကီးပီး ရက်စက်ကမ်းကုတ်တဲ့အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲတွန်းလှန် နိုင်ကရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။

ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာ ရှိတယ်။´

ထို့ကြောင့်လည်း ဆရာတော် ဦးဥတမအား ရှေးဟောင်းအတွေးအခေါ်အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင်လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုကလက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနု အမျိုးသားရေးလှုပ်ရှားမှုစတင်ဖေါ်ဆောင်ခဲ့သည့် ဂျီစီဘီအေအသင်းကီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။ ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်နာမည်သတင်း ပိုမိုပေါ်လွင် ထင်ရှားလာသည်။ ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျှက် ၀ံသာနု အသင်းများလည်း တိုးတက်များပြား လာသည်။

သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခန်းတနားဖေါ်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။ ဗုဒသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် သံဃသမဂ္ဂီများထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေး ရအောင်ဆောင်ရွက်ကြရမည်ဟု ဦးဥတမကမိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများပေါ်ထွန်းလာကာ၊ နိုင်ငံရေးတရားဟောပြောသည့် သံဃာတော်များတိုးပွားလာခဲ့သည်။

ဆရာတော် ဦးဥတမ၏ ဟောပြောချက်တခု၌ ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာ ဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃသမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့သည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃသမဂ္ဂီအဖွဲ့ ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်းခေါင်းဆောင်များအပါအ၀င် ရဟန်းရှင်လူ ပရိသတ်ငါးရာကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာတရားပွဲအပြီး ဆရာတော် ဦးဥတမအား နိုင်ငံရေး လုပ်မှုဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ဂျီစီဘီအေအသင်းကြီးကို လူထုကပိုမိုထောက်ခံ အားပေးလာခဲ့သည်။

ဆရာတော်သည် ပထမအကိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ တိုင်းရင်းဖြစ် ပစ္စည်းကိုဝယ်ယူအားပေးကြ တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူ အားပေးကြ ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ် ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကိုးပမ်းကြ ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) စသော ကြွေးကြော်သံများ ကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကီးလမ်း နန်းတော်ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကိမ် အဖမ်းခံရပြန် သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်စေအောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့် အခါတိုင်း ၀ိုင်အမ်ဘီအေ ခေါ် ဗုဒဘာသာကလျာဏယုဝ အသင်း၊ နောင် ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကီး၏ ကိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထု မြန်မာအသင်းချုပ်ကီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင်လည်း သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။ ထိုသို့သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာ လျှက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတမ၏ နိုင်ငံတကာ အတွေ့အကုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့ အနှစ်သာရအရ အမျိုးဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြု ကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။

ထိုစဉ်က ဆရာတော် ဦးဥတမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ်လှုံ့ဆော်ရေးသာခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှု တို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များပါဝင် ဆွေးနွေးဟောပြော လာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌့ ပါဝင်ဆောင်ရွက်လာကြသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆရာတော် ဦးဥတမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျှက် ဟုမ္မရူးတောင်းဆိုဟောပြော ခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ ရာထားသော်လည်း (၇၉)ဦးသာ ရွေးကောက် ခံ ဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။

ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတမက ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံ အုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါ မရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူကသဘောတူ၍ ဆာင်ရွက်လေဟန် ပရိယာယ် ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲမ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေး လုပ်ရန်မဖြစ်နိုင်။ ဗျူရိုကရက်တို၏ သြဇာကိုမလွန်ဆန်နိုင်စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ မှတ်သားအားတက်ဖွယ် ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။

ဟုမ္မရူးအတွက် ကိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ ဒိုင်အာခီကောင်စီ ၀င်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကီးကို မကြောက်ကြနဲ့၊ သူကီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက် ကီးတဲ့ ဘုရင်ခံ ဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ဗျူရိုကရက် တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။

ဆရာတော်ဦးဥတမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြော တောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်း ကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။ ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲ ဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ် ဟန့်တားမှု အမျိုးမျိုးအကြားမှ မိမိနိုင်ငံသူနိုင်ငံသားတို့အား နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက် လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့ပေသည်။ ဆရာတော် ဦးဥတသည် ဒုတိယကမ္ဘာစစ်ကီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့ပေသည်။

၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော နှစ်ငါးဆယ် ကမ္ဘာ့ရေးရာစာအုပ်တွင် ဆရာတော်၏ ကိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် အိပ်သောယောင်္ကျား နိုးသောလားသို့လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ်လပ်ရေးဗိမာန်ကီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကီးပေတည်း။ဟု ဖေါ်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတမ၏ သမိုင်းနှင့် အာဇာနည်ဂုဏ်ပုဒ်တို့ကို စစ်အာဏာရှင် အဆက်ဆက်က မပျက် ပျက်အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေခြင်းဖြစ်ပေသည်။

ယနေ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော လူငယ်မျိုးဆက်သစ်တို့အနေဖြင့် ဆရာတော်ဦးဥတမ၏ အာဇာနည် စိတ်ဓာတ်ကို စံနမူယှု၍ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ကိုးပမ်း အားထုတ်ကြမည်ဆိုလျှင် ဆရာတော်၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ကြောင်း ပြသရာရောက်မည်ဟု ထင်မြင်ယူဆမိပေသည်။

ဆရာတော် ဦးဥတပျံလွန်တော်မူခြင်း (၆၈) နှစ်ပြည့် အထိမ်းအမှတ်။


ကျမ်းကိုးစာရင်း။

(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန္န၀ါရီ။

(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။

(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။

(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။